Samsung Galaxy Note 8 ကို Display အကောင်းဆုံးဖုန်းလို့ သတ်မှတ်လိုက်တဲ့ DisplayMate

date_range 29 August 2017

Samsung Galaxy Note 8 ကို Display အကောင်းဆုံးဖုန်းလို့ သတ်မှတ်လိုက်တဲ့ DisplayMate

visibility 13600 Views

                Mobile Devices တွေရဲ့ Screen Display တွေကို စစ်ဆေးတဲ့ Research Firm တစ်ခုဖြစ်တဲ့ DisplayMate ဟာ ပြီးခဲ့တဲ့လအနည်းက လက်ရှိ Smartphone တွေထဲမှာ Display အကောင်းဆုံးသောဖုန်းအနေနဲ့ Samsung Galaxy S8 ကိုကြေငြာခဲ့ပါတယ်။ 

                ဒါပေမယ့် Samsung S8 ဟာ အကောင်းဆုံးနေရာမှာ ကြာကြာမခံခဲ့ပဲ ယခုနောက်ဆုံးထွက်ရှိလာတဲ့ Galaxy Note 8 Smartphone ဟာ လက်ရှိ Smartphone တွေထဲမှာ Display အကောင်းဆုံးနေရာကိုရယူသွားပြီပဲဖြစ်ပါတယ်။ DisplayMate ရဲ့ အဆိုအရတော့ Galaxy Note 8 ဟာ Smartphone Display တွေထဲမှာ ပထမဆုံး A+ Rating ရရှိခဲ့တဲ့ဖုန်းဖြစ်တယ်လို့ ဆိုပါတယ်။ 

                Samsung Galaxy Note 8 ရဲ့ ကြီးမားတဲ့ 6.3" QHD+ (1440 x 2960 Pixels) Super AMOLED Display ဟာ လက်ရှိ Samsung Galaxy S8 ရဲ့ Screen Brightness ၂၂ ရာခိုင်နှုန်းပိုမိုမြင့်မားပြီးတော့ Automatic Brightness အနေနဲ့ဆိုရင် ပိုပြီးတောင် မြင့်မားသေးတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Samsung Galaxy Note 8 ရဲ့ Display ဟာ ဘယ်လိုနေရောင်အောက်မှာမဆို ကောင်းကောင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

                ဒါ့အပြင် DisplayMate ရဲ့ ပြောကြားချက်အရ Galaxy Note 8 ဟာ Galaxy S8 နဲ့ယှဉ်ရင် ပိုပြီး High Ambient Light Setting မှာ အရောင်ပိုစိုပြေတဲ့အပြင် Color Accuracy နဲ့ Viewing Angle တွေမှာလည်း Samsung Galaxy S8 ထက် ပိုပြီး သာလွန်တယ်လို့သိရပါတယ်။ 

                အခုလို DisplayMate ရဲ့ စစ်ဆေးချက်အရ Samsung ဟာ Galaxy S8+ နဲ့ Quality တူညီတဲ့ Screen ကိုပဲ Galaxy Note 8 မှာ သုံးခဲ့တာမဟုတ်ပဲ ပိုပြီးကောင်းမွန်တဲ့ Display ကို သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် ထွက်လာတော့မယ့် Apple iPhone 8 နဲ့ယှဉ်ရင်ရော ပိုပြီးကောင်းတဲ့ Display ဖြစ်နိုင်ဦးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
Android Authority
About Author
Assinged Tags
Samsung Samsung Galaxy S8 Galaxy S8 Samsung AMOLED Display Galaxy Note 8 2K Display Samsung Galaxy Note 8 DisplayMate Best Mobile Display Mobile Phone Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed