သီးသန့် အသုံးပြုနိုင်မယ့် AR Headset တွေကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ပေးနိုင်ဖို့ ပြင်ဆင်နေတဲ့ Apple

date_range 11 November 2017

သီးသန့် အသုံးပြုနိုင်မယ့် AR Headset တွေကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ပေးနိုင်ဖို့ ပြင်ဆင်နေတဲ့ Apple

visibility 840 Views

                Bloomberg က Report တစ်ခုအရ Apple အနေနဲ့ သီးသန့် အသုံးပြုနိုင်မယ့် AR Headset တွေကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခုလက်ရှိ နည်းပညာလောကမှာ အရှိန်အဟုန်ပြင်းပြင်း ချီတက်နေကြတဲ့ နည်းပညာတွေထဲကမှ Augmented Reality နည်းပညာကိုပဲ ဦးစားပေးပြီး စိတ်ဝင်စားနေတဲ့ Apple CEO Tim Cook ဟာ iOS 11 မှာ AR နည်းပညာအတွက် ARKit ကို ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

                ဒါ့အပြင် ကြားထဲကာလမှာလည်း AR Headset တွေ တီထွင်၊ ဖန်တီးနိုင်ဖို့ အတွက် SensoMotoric Instruments, Real Face စတဲ့ နည်းပညာကုမ္ပဏီတွေကို ဝယ်ယူခဲ့တဲ့အပြင်၊ Oculus နဲ့ Hololens မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ခေါ်ယူခဲ့ ပါသေးတယ်။ ဒီတော့ Apple က AR Team ကတော့ တော်တော်လေး အဖွဲ့တောင့်နေပြီလို့ ဆိုနိုင်ပါတယ်။

                Bloomberg ရဲ့ Report ထဲမှာ ရေးသားထားပုံအရ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာမယ့် Apple AR Headset မှာ Display, Chip စတာတွေအပြင် “rOS” ဒါမှမဟုတ် အရှည်ကောက်ဆိုရင် “Reality Operating System” လို့ ခေါ်ဆိုသွားမယ့် သီးသန့် Operating System လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း Apple AR Team ဟာ AR Headset ကို ထိန်းချုပ်နိုင်မယ့် Gestures တွေ၊ Touch Panels တွေ၊ Voice Commands တွေကိုလည်း ခေါင်းချင်းဆိုင် တိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။

                အခုလောလောဆယ်မှာတော့ Apple AR Team က Designer တွေ၊ Engineer တွေဟာ Prototype Headset တွေ ထွက်ရှိလာနိုင်ဖို့အတွက် HTC Vive VR Headsets တွေကို အသုံးပြုပြီး စမ်းသပ်နေကြတယ်လို့ သိရပါတယ်။ Prototype ထုတ်နေတယ်ဆိုတဲ့ နေရာမှာ Software ပိုင်းလည်း ကျန်ပါသေးတယ်။ Software ပိုင်းမှာတော့  သီးသန့် “rOS” အပြင်၊ Mapping လုပ်နိုင်မယ့် App၊ Messaging App၊ Virtual Meeting တွေ လုပ်နိုင်မယ့် App တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

                ဒီသတင်းဟာ ကောလဟာလလို့ မဆိုနိုင်မယ့် နောက်တစ်ချက်လည်း ရှိပါသေးတယ်။ ဒီနှစ်အစပိုင်းလောက်က Apple အနေနဲ့ AR Headset နဲ့ ပက်သက်တဲ့ မူပိုင်ခွင့်တွေကို လျှောက်ထားခဲ့ပါသေးတယ်။ မူပိုင်ခွင့်တင်ထားတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ AR Headset လို့ ထင်ရတဲ့ ဓာတ်ပုံကိုလည်း တွေ့ခဲ့ရပါသေးတယ်။


                Apple CEO Tim Cook ကတော့ AR နည်းပညာ အပေါ်မှာ မျှော်လင့်ချက် အကြီးကြီး ထားနေပေမယ့် အခုလက်ရှိ အချိန်ထိကတော့ iOS 11 မှာ ARKit ပါဝင်လာလို့ AR Apps တစ်ချို့လည်း ထွက်ရှိလာပြီ ဆိုပေမယ့် လူသုံးလည်း နည်းသေးသလို Perfect လည်း မဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်ရောက်ရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

References
The Verge PatentlyApple
About Author
Assinged Tags
Augmented Reality Tim Cook VR Headset HTC Vive AR Glasses Apple AR Apps Standalone VR Headset Standalone AR Headset Apple AR Headset
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed