Apple က သူတို့ရဲ့ ဒုတိယမြောက် Campus ကို “Apple Park” ဟု အမည်ပေး

date_range 22 February 2017

Apple က သူတို့ရဲ့ ဒုတိယမြောက် Campus ကို “Apple Park” ဟု အမည်ပေး

visibility 220 Views

                Apple က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ရဲ့ ဒုတိယမြောက် Campus အဆောက်အဦးကို “Apple Park” ဟုအမည်ပေးလိုက်တဲ့အပြင်၊ လာမယ့် ဧပြီ လထဲမှာ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်သွားမှာဖြစ်တဲ့အပြင် အလုပ်သမားတွေကိုလည်း ရွှေ့ပြောင်းသွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

                ဒီ့အပြင် “အလုပ်သမား ၁၂,၀၀၀ ကျော်ကျော်လောက်ကို ရွှေ့ပြောင်းရမှာ ဖြစ်တဲ့အတွက် ၆ လလောက် အချိန်ယူရမယ်” လို့လည်း ပြောပါသေးတယ်။

                ကွယ်လွန်သွားပြီဖြစ်တဲ့အပြင် လာမယ့် ၂၄ ရက်နေ့မှာ ၆၂ ပြည့်မှာဖြစ်တဲ့ “Steve Jobs” အား ဂုဏ်ပြုသောအနေဖြင့် “Apple Park” မှာ ရှိတဲ့ ခန်းမကိုလည်း “Steve Jobs” ဆိုပြီး နာမည်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ယခုလက်ရှိ Apple ရဲ့  CEO “Tim Cook” ကတော့

“Steve ရဲ့အမျှော်အမြင်တွေဟာ အခုလက်ရှိအချိန်ထိအောင်ကို ဆက်လက်ထွန်းလင်းနေဆဲပါပဲ။ သူဟာ အခု “Apple Park” ကို နောက်လာနောက်သား လူငယ်လေးများအတွက် အသစ်အဆန်းတွေအားလုံး ဖြစ်ထွန်းရာနေရာတစ်ခု အနေနဲ့ ဖြစ်စေချင်ခဲ့တာပါ။ အလုပ်လုပ်ရမယ့်နေရာတွေအားလုံးကလည်း ကျွန်တော်တို့ အလုပ်သမားတွေအားလုံးအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အားလုံးကောင်းမွန်ပါတယ်။ ဒီ့အပြင် “Apple Park” က အဆာက်အဦးတွေအားလုံးဟာ Renewable Energy (ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်) ကိုပဲ အသုံးချသွားမှာ ဖြစ်ပါတယ်” 

လို့ ပြောကြားသွားပါတယ်။

                “Apple Park” ဟာ အလုပ်လုပ်ဖို့ နေရာတစ်ခုပဲ မဟုတ်ပါဘူး။ သူ့ထဲမှာ Vistor’s Center (လာရောက်လည်ပါတ်သူများအတွက် စင်တာ) တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။ စင်တာထဲမှာတော့ Apple Store များနှင့် ကော်ဖီဆိုင်များလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

                “Apple Park” ကို ၂၀၁၃ ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၂၀၁၆ မှာ အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားပေမယ့် တည်ဆောက်နေစဥ်မှာ အခက်အခဲများ ရှိခဲ့တာကြောင့် ယခုအချိန်ထိအောင် နောက်ကျခဲ့ရတာပဲဖြစ်ပါတယ်။

References
Mac Rumors
About Author
Assinged Tags
Tim Cook Apple Park Apple Store Renewable Energy Steve Jobs
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed