iOS 11 ကို Upgrade လုပ်ပြီးပြီးခြင်း စမ်းသုံးကြည့်သင့်တဲ့ AR Apps များ

date_range 20 September 2017

iOS 11 ကို Upgrade လုပ်ပြီးပြီးခြင်း စမ်းသုံးကြည့်သင့်တဲ့ AR Apps များ

visibility 3580 Views

                Apple အနေနဲ့ iOS 11 ကို ဒီကနေ့ပဲ Release လုပ်ပေးလိုက်ပါပြီ။ ဒီတော့ iOS 11 ကို Upgrade လုပ်ပြီးတဲ့သူတွေအနေနဲ့ အသစ်ပါဝင်လာတဲ့ Features တွေအပြင်၊ AR Apps တစ်ချို့ကိုပါ Down ပြီး စမ်းသုံးကြည့်သင့်ပါတယ်။ တစ်ချို့ AR Apps တွေကတော့ Free Version သက်သက်ရှိပေမယ့် တစ်ချို့ AR Apps တွေကိုတော့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ 

                နောက်ပြီး ARKit ဟာ A9, A10, A11 Chip ကို အသုံးပြုထားတဲ့ iDevice တွေမှာပဲ အလုပ်လုပ်မှာဆိုတော့ တစ်ချို့ iDevice တွေမှာတော့ AR Apps တွေ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ အခုလောလောဆယ်ကတော့ AR Apps တွေက နည်းသေးတယ်ဆိုပေမယ့် နောက်နှစ်လ၊ သုံးလလောက်နေရင်တော့ တော်တော်လေးကိုကောင်းတဲ့ AR Apps တွေ၊ Game တွေထွက်လာတော့မှာပါ။ 

Paint Space AR

                ဒီ Painting App လေးကတော့ တော်တော်လေးမိုက်ပါတယ်။ မိမိအိမ်မှာပဲဖြစ်ဖြစ်၊ အပြင်သွားလို့ ရှုခင်းလှလှလေးတွေ တွေ့လို့ပဲဖြစ်ဖြစ် 3D ပန်းချီတွေ ဆွဲလို့ရမှာပါ။ ပန်းချီတင်မဟုတ်ပါဘူး၊ မိမိ iDevice ထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ထည့်သွင်းလို့ ရဦးမှာပါ။

                အကြိုက်ဆုံးဟာကတော့ မိမိဆွဲထားတဲ့ဟာက မိမိမဖျက်မခြင်း အဲ့နေရာမှာပဲ ရှိနေတာပါ။ ဥပမာ အင်လျားကန်ဘောင် တစ်နေရာရာမှာ စိတ်ကူးပေါက်ပြီး တစ်ခုခုဆွဲထားလိုက်တယ်ပေါ့။ နောက်တစ်ပါတ်လောက်နေတော့ မိမိဆွဲထားတဲ့ဟာကို ပြန်ကြည့်မယ်ဆိုရင် အစောနက ဆွဲထားတဲ့နေရာကို ပြန်သွားပြီး ကြည့်လို့ရမှာ ဖြစ်ပါတယ်။

                ပြန်ကြည့်လိုက်လို့ သိပ်ပြီးစိတ်တိုင်းမကျဘူး ဆိုရင်လည်း ပြန်ပြင်လို့ရဦးမှာပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ရည်းစားနဲ့ပဲဖြစ်ဖြစ် တစ်နေရာရာရောက်လို့ အမှတ်တရ ဓာတ်ပုံရိုက်၊ ပြီးရင် အဲ့နေရာမှာ ဓာတ်ပုံလေးတွေ ထည့်ထားပြီး အမှတ်တရလေးတွေ ဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ ဒေါင်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ် မှာ အခမဲ့ သွားဒေါင်းနိုင်ပါတယ်။


World Brush

                ဒါကလည်း AR Painting App လေးပဲ ဖြစ်ပါတယ်။ Paint Space လိုမျိုး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတော့ ထည့်လို့ရမှာ မဟုတ်ပေမယ့် မိမိဆွဲထားတာတွေကို သူများတွေကလည်း ကြည့်လို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွဲတဲ့သူက ဘယ်သူလည်း ဆိုတာကိုတော့ ထုတ်ဖော်ပြမှာ မဟုတ်ပါဘူး။


                မိမိဆွဲလိုက်တဲ့ ပန်းချီကားကိုလည်း ဆွဲခဲ့တဲ့နေရာနဲ့တကွ မှတ်သားထားမှာဖြစ်ပြီး နောက်လူတွေကလည်း မိမိဆွဲခဲ့တဲ့နေရာရောက်ရင် မိမိပန်းချီကားကို ကြည့်ရှုနိုင်မှာပါ။ ကြည့်ရှုနိုင်တာအပြင် Report, Like, Dislike စတာတွေလည်း ပြုလုပ်နိုင်မှာပါ။


                နေရာတစ်ခုမှာ ဆွဲထားတာတွေ တစ်ခုမက ရှိလာခဲ့ရင်လည်း အကုန်လုံးကို ကြည့်ရှုနိုင်မှာပါ။ အရမ်းဆိုးတဲ့ဟာတွေကိုတော့ Hide လုပ်ထားမှာ ဖြစ်ပါတယ်။ Popularity အရလည်း ပန်းချီကားတွေကို Showcase လုပ်ပေးဦးမှာလည်း ဖြစ်ပါတယ်။ Free App ဖြစ်ပြီး ဒေါင်းချင်တယ်ဆိုရင် ဒီလင့်ခ် မှာ ဒေါင်းနိုင်ပါတယ်။ 

AR MeasureKit


                နာမည်အတိုင်းပါပဲ။ ဘာကိုပဲဖြစ်ဖြစ် ပေတံတွေ၊ ပေကြိုးတွေမလိုပဲ တိုင်းထွာလို့ ရမှာပါ။ ဒီ App လေးမှာ Ruler, Trajectory, Marker Pin, Angles, Person Height, Cube, Level ဆိုပြီး တိုင်းထွာနိုင်တဲ့ Tools ၇ မျိုးပါဝင်ပါတယ်။ Ruler မှာပါဝင်တဲ့ Chaining Mode ကိုသုံးပြီး တိုင်းထွာမယ်ဆိုရင် Area ကိုပါ တိုင်းထွာနိုင်မှာပါ။


                ဒီ App က Free ရတယ်ဆိုပေမယ့် Free Version မှာ Ruler တစ်မျိုးပဲ သုံးလို့ရမှာပါ။ ကျန်တဲ့ Tools တွေပါ သုံးချင်တယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂.၉၉ ပေးရမှာ ဖြစ်ပါတယ်။ ဒေါင်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ် မှာ သွားဒေါင်းနိုင်ပါတယ်။

Hoop Stars


                ဒါကတော့ Basketball Game လေးပဲ ဖြစ်ပါတယ်။ App ထဲကို ဝင်ပြီးပြီဆိုတာနဲ့ နေရာတစ်နေရာမှာ Hoop ကို အရင်ချထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အပေါ်ကို Swipe လုပ်ပြီး ဘောလုံးကို Hoop ထဲ သွင်းပြီး အမှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီ Game လေးကိုတော့ ဒီမှာ အခမဲ့ သွားဒေါင်းလို့ ရပါတယ်။

Stack AR


                အတုံးလေးတွေကို မြင့်နိုင်သမျှမြင့်အောင် ထပ်ပေးရမယ့် Game လေးပဲ ဖြစ်ပါတယ်။ AR နဲ့လည်း ဆော့လို့ရသလို AR ပိတ်ပြီးတော့လည်း ဆော့လို့ရပါတယ်။ Free Game လေးဖြစ်ပြီး ဆော့ချင်ရင် ဒီမှာ သွားဒေါင်းနိုင်ပါတယ်။

References
TechX Features
About Author
Assinged Tags
Augmented Reality iPhone iOS iPad iOS Games iOS App Related iOS 11 AR Games AR Apps
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed