ဒီနေ့ဟာ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ မွေးနေ့ဖြစ်ပါတယ်။

date_range 25 February 2017

ဒီနေ့ဟာ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ မွေးနေ့ဖြစ်ပါတယ်။

visibility 100 Views

                ကင်ဆာရောဂါကို အချိန်ကြာမြင့်စွာ တိုက်ခိုက်ရင်း အောက်တိုဘာလ ၅ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs သာ ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိဦးမယ်ဆိုရင် ဒီနေ့ဟာ သူ့ရဲ့ 62 နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

                Steve Jobs ဟာ ဖေဖော်ဝါရီ ၂၄ ရက်၊​ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Steve Jobs ရဲ့ ဒီနေ့မွေးနေ့အတွက် Apple က ပေးလိုက်တဲ့ လက်ဆောင်ကတော့ သူတို့ရဲ့ ဒုတိယမြောက် Campus ထဲမှာ ရှိတဲ့ ခန်းမကို “Steve Jobs” လို့နာမည်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်း အပြည်အစုံကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီလခ့် ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

                ယခုလက်ရှိ Apple ရဲ့ CEO Tim Cook ကတော့ Twitter စာမျက်နှာပေါ်မှာ “Steve ကို သတိရနေပါတယ်။ သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ စကားတွေဟာ ကျွန်တော်တို့ အပေါ်မှာ အမြဲတမ်း လွှမ်းမိုးမှုရှိနေမှာပါ။ ဥပမာ၊ မင်းရဲ့ အိမ်မက်နောက်ကိုလိုက်ဖို့ ဘာအကြောင်းပြချက်မှ မလိုဘူးဆိုတဲ့ သူရဲ့စကားတစ်ခွန်းလိုပါပဲ” လို့ရေးသားထားပါတယ်။


References
Mac Rumors
About Author
Assinged Tags
Tim Cook Apple Park Steve Jobs
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed