Oculus နဲ့ HoloLens မှာတာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေနဲ့ 3D Animation ကျွမ်းကျင်သူများကို ခေါ်ယူလိုက်တဲ့ Apple

date_range 21 March 2017

Oculus နဲ့ HoloLens မှာတာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေနဲ့ 3D Animation ကျွမ်းကျင်သူများကို ခေါ်ယူလိုက်တဲ့ Apple

visibility 240 Views

                AR နည်းပညာနောက်ကို တကောက်ကောက်လိုက်နေတဲ့ Tim Cook (ဒီဆောင်းပါးလေးကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်) ဟာ Apple ရဲ့ AR Team အတွက် အဖွဲ့အဝင်အသစ်တွေကို ထပ်မံခေါ်ယူလိုက်ပြန်ပါတယ်။ ထပ်မံခေါ်ယူလိုက်တဲ့ အဖွဲ့ထဲမှာ Facebook ပိုင် Oculus နဲ့ Microsoft ပိုင် HoloLens မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ ပြင်ပက 3D Animation ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။

                Apple ရဲ့ ဝန်ထမ်းများလည်း ပါဝင်တဲ့ AR Team ဟာ အခုဆိုရင်တော့ ထပ်မံခေါ်ယူလိုက်တဲ့ ဝန်ထမ်းတွေပါ၊ ပါဝင်မှာဖြစ်ပါတယ်။ အခု AR Team ရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ Dolby Laboratories တွေရဲ့ အမှုဆောင်အရာရှိချုပ် Mike Rockwell ဖြစ်ပါတယ်။ 

                အခုလက်ရှိမှာတော့ Apple က AR နည်းပညာအတွက် နည်းပညာရှင်ပေါင်း ၁,၀၀၀ ကျော်လောက်ကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ လူတွေတင်ခေါ်ယူတာလည်း မဟုတ်ပြန်ပါဘူး။ AR နည်းပညာနဲ့ပက်သက်တဲ့ ကုမ္ပဏီလေးတွေဖြစ်တဲ့ PrimeSense, Metaio နဲ့ RealFace တို့ကိုလည်း ဝယ်ယူထားပါသေးတယ်။

                AR Team ကို Apple Watch ဒီဇိုင်းအား ကူညီရေးဆွဲပေးခဲ့တဲ့ Fletcher Rothkopf၊ THX ကို တီထွင်ခဲ့တဲ့ Tomlinson Holman၊ Amazon ရဲ့ Lumberyard VR Platform မှာ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Cody White၊ Meta (AR Glasses တွေထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခု) မှာ Software Development ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Ducan McRoberts၊ Oculus မှာ လေ့လာသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Yury Petrov၊ HoloLens နဲ့ Google Earth မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Avi Bar-Zeev တို့နဲ့လည်း ထပ်မံအားဖြည့်ထားပါသေးတယ်။

                Apple က ဒီလိုလူတော်တွေခေါ်ယူပြီးတာတောင် မရပ်သေးပါဘူး။ Camera နဲ့ Optical Lens ပိုင်းမှာကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ Weta Digital က 3D Animation ကျွမ်းကျင်သူတွေကိုလည်း ထပ်မံခေါ်ယူခဲ့ပါသေးတယ်။

References
Cnet
About Author
Assinged Tags
Google Microsoft Facebook Augmented Reality Tim Cook Oculus HoloLens
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed