Galaxy S9 မှာ အသုံးပြုနိုင်ဖွယ်ရှိတဲ့ Exynos 9 Series Processor အသစ် 9810 ကို Samsung မိတ်ဆက်

date_range 11 November 2017

Galaxy S9 မှာ အသုံးပြုနိုင်ဖွယ်ရှိတဲ့ Exynos 9 Series Processor အသစ် 9810 ကို Samsung မိတ်ဆက်

visibility 8560 Views

                Samsung ရဲ့ Flagship Mobile Processor စီးရီးတစ်ခုဖြစ်တဲ့ Exynos 9 Series အတွက် Processor အသစ်တစ်ခု ထွက်ပေါ်လာပြီဖြစ်ပါတယ်။ Exynos 9810 လို့ မော်ဒယ်နံပတ်ပေးထားတဲ့ ယခု SoC (System on a Chip) အသစ်ဟာ ထုံးစံအတိုင်း နောက်ထွက်မယ့် Galaxy S9 ဖုန်းမှာ အသုံးပြုမယ့် Processor တစ်ခု ဖြစ်နိုင်ပါတယ်။

                Samsung ဟာ အခုလက်ရှိ Galaxy S8, S8+ နဲ့ Note 8 တို့မှာလည်း 10nm Exynos 9 Series SoC ကိုပဲ အသုံးပြုထားတာဖြစ်ပြီး၊ 9 Series ဆိုပေမယ့် မော်ဒယ်နံပါတ်က 8895 ဖြစ်နေတာကြောင့် တချို့က 9 Series မှန်း သတိမထားမိတာပါ။ အခုအသစ်မိတ်ဆက်လိုက်တဲ့ Exynos 9810 ကတော့ Exynos 9 Series ရဲ့ ဒုတိယမြောက် SoC ဖြစ်ပြီး၊ ထုတ်လုပ်ရာမှာလည်း Second-generation 10nm Process နည်းပညာအသစ်နဲ့ ထုတ်လုပ်ထားတာဖြစ်တယ်လို့ Samsung က သူတို့ Newsroom မှာ ရေးသားထားပါတယ်။

                Samsung ရဲ့ ပြောကြားချက်အရ Exynos 9810 မှာ ကုမ္ပဏီရဲ့ တတိယမျိုးဆက် CPU Cores တွေကို အသုံးပြုထားပြီး၊ GPU ကိုလည်း Upgrade လုပ်ထားတယ်လို့ သိရပါတယ်။ Samsung အနေနဲ့ ဒီ Exynos 9810 အကြောင်းကို သေသေချာချာရှင်းပြထားတာမျိုး မရှိသေးတာကြောင့်၊ GPU ကို ဘယ်လို Upgrade လုပ်ထားလဲဆိုတာ မသိရသေးပါဘူး။ အရင် Exynos 8895 မှာတုန်းကတော့ ARM ရဲ့ Mali-G71 MP20 ကို အသုံးပြုထားတာဖြစ်ပြီး၊ Samsung နဲ့ ARM တို့ကလည်း နှစ်ရှည်ပူးပေါင်းဖို့ စာချုပ်ချုပ်ထားတာကြောင့် Exynos 9810 မှာလည်း Mali GPU ကိုပဲ ဆက်မြင်တွေ့ရမှာပါ။ ဒါပေမယ့် Mali GPU အသစ် ဖြစ်လောက်ပါတယ်။ လက်ရှိမှာ ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Apple တို့ Huawei တို့က သူတို့ရဲ့ Mobile Chipsets တွေမှာ Neural Networking (သို့) AI Processor တွေကို သီးသန့်ထည့်သွင်းလာကြပေမယ့် Exynos 9810 မှာတော့ ပါဝင်လာဖွယ်မရှိသေးဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုယ်တိုင်က နည်းပါးလွန်းတာကြောင့် သေချာပေါက်မဆိုနိုင်သေးသလို၊ ခန့်မှန်းမှုတွေကလည်း မှားနိုင်ပါသေးတယ်။

                Samsung ကနေ လက်ရှိတရားဝင်ထုတ်ပြန်ထားချက်အရ Exynos 9810 SoC အသစ်ရဲ့ အဓိက Feature တစ်ခုကတော့ ဒီနှစ်အစောပိုင်းတုန်းကမှ ကြေငြာခဲ့တဲ့ Category 18 LTE Modem အသစ်တစ်ခု ပါဝင်လာမှာပါ။ 6 Band LTE Carrier Aggregation နည်းပညာ၊ 4x4 MIMO နဲ့ 256 QAM တို့ အသုံးပြုထားတဲ့ ဒီ Modem ဟာ (အကောင်းဆုံးအခြေအနေမှာ) အမြင့်ဆုံး Download Spped 1.2 Gbps အထိ ရရှိနိုင်မယ်လို့တော့ Samsung က ကတိပေးထားပါတယ်။

                လက်ရှိမှာ Qualcomm ကလည်း Snapdragon 845 SoC အသစ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ရှိနေပြီဖြစ်တာကြောင့်၊ တကယ်သာမှန်မယ်ဆိုရင် Snapdragon 845 နဲ့ Exynos 9810 တို့ဟာ ထုံးစံအတိုင်း ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာမှာပါ။

                Samsung ကတော့ ရဲ့ Flagship Series တွေဖြစ်တဲ့ Galaxy S Series နဲ့ Note Series တွေကို သူတို့ကိုယ်ပိုင် Exynos SoC ရယ်၊ Qualcomm ရဲ့ Snapdragon Flagship SoC ရယ်ဆိုပြီး၊ Processor နှစ်မျိုးနဲ့ ထုတ်လုပ်လေ့ရှိတာကြောင့် Samsung ပရိတ်သတ်တွေအနေနဲ့ ကိုယ်ကြိုက်တဲ့ Processor နဲ့ S9 မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် နိုင်ငံနဲ့စျေးကွက်အလိုက် မော်ဒယ်တစ်ခုသီးသန့်ပဲ တင်သွင်းတာ များတာကြောင့် Exynos or Snapdragon ရွေးချယ်ချင်ရင်တော့ တခြားနိုင်ငံကနေ လှမ်းမှာဖို့ပဲ ရှိပါတယ်။

                အတည်မပြုရသေးတဲ့ Rumors တွေအရ Samsung ဟာ Under Display Fingerprint နည်းပညာမှာ တိုင်ပတ်နေတာကြောင့်၊ Galaxy S9 မှာလည်း Fingerprint Sensor က ဖုန်းရဲ့ ကျောဘက်မှာပဲ ရှိနေဦးမယ်လို့ လတ်တလောသိရှိထားပါတယ်။

References
Android Authority Samsung Newsroom
About Author
Assinged Tags
Samsung Smartphones Galaxy S9 ARM SoC Processors Mobile Processors Exynos 9 Series Exynos 9810 Exynos 8895
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed