Page Redirect ပြုလုပ်လွန်းတဲ့ Website တွေကို ပိတ်ပင်ဖို့ကြိုးစားတော့မယ့် Chrome

date_range 09 November 2017

Page Redirect ပြုလုပ်လွန်းတဲ့ Website တွေကို ပိတ်ပင်ဖို့ကြိုးစားတော့မယ့် Chrome

visibility 940 Views

                Chrome ဟာ လက်ရှိ Web Browsers တွေထဲမှာတော့ အသုံးပြုရတာ အမြန်ဆုံးနဲ့ Development အကောင်းမွန်ဆုံး Web Browser တစ်ခုလို့ပြောလို့ရပါတယ်။ Chrome အနေနဲ့ Mac OS မှာ Touch Bar Customizations Tools ထည့်သွင်းပေး တာ၊ Websites တွေကိုအသံပိတ်ထားလို့ရအောင်ပြုလုပ်တာ၊ Websites တွေပေါ်က Auto-Play Videos တွေကို အဆုံးသတ်ဖို့ ကြိုးစားတာ၊ ကောင်းကျိုးမပေးတဲ့ Software တွေကိုဖယ်ရှားပေးဖို့ Chrome Cleanup Tools ပါဝင်လာတာ နဲ့ Saved ထားတဲ့ Password တွေကို ပြန်ကြည့်လို့ရအောင်ပြုလုပ်ပေးတာ စ တဲ့ တိုးတက်ပြောင်းလဲမှုတွေလည်း အများကြီးပြုလုပ်ပေးခဲ့ပါတယ်။

                လက်ရှိအချိန်မှာတော့ Google Chrome အနေနဲ့ Websites တွေဝင်တဲ့အခါမှာ ကြုံတွေ့ရလေ့ရှိတဲ့ Redirect ပေါင်းများစွာပြုလုပ်ခံရတဲ့ ပြဿနာကို ပိတ်ပင်ပေးဖို့ကြိုးစားတော့မှာဖြစ်ပြီး၊ Chrome 64 Version မှာ ဒီ Feature ပါဝင်လာမယ်လို့သိရှိထားရပါတယ်။ Redirect တွေအများကြီးလုပ်ခံရတဲ့အပြင်၊ မသက်ဆိုင်တဲ့ “သင့်ဖုန်းမှာ Virus ဝင်နေပါပြီ” ဆိုတဲ့စာသားတွေနဲ့ Download ချခိုင်းတာတွေ၊ မိမိလိုချင်တဲ့ File နဲ့မဆိုင်တဲ့ အခြား File တွေမှားယွင်း Download ပြုလုပ်မိတာတွေ စ တဲ့ ပြဿနာတွေ အမြဲကြုံတွေ့နေရတာကို အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမှာဖြစ်တာကြောင့် အထူးကောင်းမွန်တဲ့ Feature တစ်ခုလို့လည်းဆိုရမှာပါ။

                တစ်ခါတလေကျရင် Website အချို့ဟာ Tab အသစ်တွေဖွင့်ပြီး၊ Main Window မှာတော့ အခြား Website တွေကို Redirect လုပ်သွားတာတွေလည်း ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပြုလုပ်တာတွေကိုလည်း Chrome 65 မှာ ဒီလိုမျိုးမဖြစ်အောင်လည်း Info Bar တစ်ခုနဲ့အတူ Main Window ကို Redirect မပြုလုပ်အောင် ပိတ်ပင်တားဆီးပေးဖို့ ကြိုးစားမယ်လို့လည်း သိရှိထားရပါတယ်။ ဒါ့အပြင် “Download” “Play” စတဲ့ Buttons အတုအယောင်တွေနဲ့ Third-Party Websites တွေကို Redirect ပြုလုပ်တတ်တာတွေကိုလည်း အလိုအလျောက်သိရှိပြီး ပိတ်ပင်နိုင်အောင်လည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ Chrome 64 က Pre-Beta Testing အဆင့်မှာပဲ ရှိသေးပြီး၊ နောက်နှစ်အစပိုင်းလောက်မှ တရားဝင်ထွက်မှာဆိုတော့ Chrome 65 ထွက်ဖို့ကတော့ တော်တော်ကြာလိုဦးမှာပါ။

Websites တွေအနေနဲ့ နည်းမျိုးစုံ Scamming ပြုလုပ်တာတွေကို တစ်ခုချင်းလိုက်ပိတ်ပင်ဖို့ဆိုတာ မလွယ်ကူတာကြောင့် Chrome အနေနဲ့ ဘယ်လိုမျိုး တားဆီးပေးနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
XDA Developers
About Author
Assinged Tags
Chrome Google Chrome Chrome Browser Web Browser Websites Page Redirects Redirects
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed