Chrome ရဲ့  macOS အတွက် နောက်ဆုံးထွက် Update မှာ Touch Bar Customization Tools ပါ၀င်လာ

date_range 26 July 2017

Chrome ရဲ့ macOS အတွက် နောက်ဆုံးထွက် Update မှာ Touch Bar Customization Tools ပါ၀င်လာ

visibility 320 Views

                Chrome အတွက် နောက်ဆုံး Version 60 မှာ နောက်ဆုံးထွက် MacBook Pro တွေအတွက် Touch Bar Customization Tools ပါ၀င်လာခဲ့ပါတယ်။ ဒီ Touch Bar Customization Tools ကို Apple မှ နောက်ဆုံးထွက်ရှိထားတဲ့ Touch Bar ပါတဲ့ MacBook Pro Model တွေမှာပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ 

                Chrome 60 ရဲ့ Touch Bar Customization Tools မှာ Buttons တွေထည့်တာ၊ ဖြုတ်ပစ်တာ နဲ့ စိတ်ကြိုက်လည်း စီရီထားလို့ရလာမှာဖြစ်ပါတယ်။ ဒီ Settings ကို Chrome ထဲက Menu Bar > View > Customize Touch Bar ကနေတစ်ဆင့်၀င်ပြီး ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် System Settings တွေဖြစ်တဲ့ Brightness နဲ့ Volume  စတဲ့ အရာတွေကိုလည်း Chrome ရဲ့ Touch Bar Customization Tools နဲ့အတူ တွဲဖက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။


Chrome အတွက် Touch Bar ရဲ့ Standard ပုံစံ


Customization Mode


Laptop Control Button တွေနဲ့အတူတူ Customized ပြုလုပ်ထားပုံ


                တခြားပြုပြင်ပြောင်းလဲမှုတွေအနေနဲ့ Typing Suggestions ပိတ်ပစ်ဖို့ Option ပါ၀င်လာပါတယ်။ Payment Request နဲ့ Credential Management API တွေလည်း ပါ၀င်လာပြီး Developers တွေဖန်တီးထားတဲ့ App တွေအတွက် Payment Checkout နဲ့ Log In Process တွေအဆင်ပြေအောင်ပြုလုပ်ပေးထားတယ်လို့ဆိုပါတယ်။ 

References
The Verge
About Author
Assinged Tags
Google MacBook Pro Latest Software Update Touch Bar Touch Bar Customization Touch Bar Customization Tools Google Chrome Chrome Browser
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed