Chrome 64 မှာ Website တွေပေါ်က Auto-Play Vidoes တွေကို အဆုံးသတ်ဖို့ ထိုးစစ်စတင်မည်

date_range 17 September 2017

Chrome 64 မှာ Website တွေပေါ်က Auto-Play Vidoes တွေကို အဆုံးသတ်ဖို့ ထိုးစစ်စတင်မည်

visibility 260 Views

                Internet Browsing လုပ်တဲ့အခါ စိတ်ရှုပ်စရာအကောင်းဆုံးတစ်ခုဖြစ်တဲ့ Websites တွေက Auto-Play Videos တွေကို Apple ရဲ့ Safari Browser အပါအဝင် Browser တော်တော်များများက အဆုံးသတ်ဖို့ ပြင်ဆင်နေပါပြီ။

                macOS High Sierra နဲ့အတူ တွေ့ရမယ့် Safari Browser အသစ်မှာ Auto-Play Videos တွေကို ပိတ်ထားနိုင်မယ့် Feature တစ်ခုပါဝင်လာဖို့ရှိပါတယ်။ ဒီ့အပြင် လာမယ့် ၀၁၈ ခုနှစ်၊ ဇန်နဝါရီလလောက်မှာထွက်မယ့် Chrome 64 မှာလည်း Auto-play Video တွေကို အလိုအလျောက်ပိတ်ပေးမယ့် Feature တစ်ခု ပါဝင်လာမှာဖြစ်တယ်လို့ Google က တရားဝင်ကြေငြာလိုက်ပါတယ်။

                Chrome 64 ကနေစပြီးတော့ Websites တွေက Auto-Play Videos တွေကို အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီမှသာ ဖွင့်ပေးတော့မှာဖြစ်ပါတယ်။ ဒါတွေကတော့ Default အနေနဲ့ အသံ Mute လုပ်ထားတဲ့ Auto-Play Videos တွေ၊ ဒါမှမဟုတ် User က စိတ်ဝင်စားမှုရှိတဲ့ Videos တွေမှ Auto-Play ပေးမှာဖြစ်ပါတယ်။

                User က စိတ်ဝင်စားမှုကို ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ Auto-Play Videos ထည့်သွင်းထားတဲ့ အဆိုပါ Website ကို User က ဖုန်း Home Screen မှာ Shortcut ထည့်ထားရင် ဒါမှမဟုတ် Desktop မှာဆို User တစ်ယောက်က အဲဒီ့ Website မှာ ဗီဒီယိုတွေကြည့်နေကျဆိုရင်တော့၊ User စိတ်ဝင်စားမှုရှိကြောင်း မှတ်ယူကာ Auto-Play ဖွင့်ပေးမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရ User တစ်ယောက်ဟာ Website တစ်ခုမှာ လျှောက်ကြည့်နေတုန်း Website တစ်နေရာရာကို Click လုပ်လိုက်ရင်လည်း Auto-Play Video ဖွင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

                အပေါ်က အချက်တွေကို ကြည့်မယ်ဆိုရင် Auto-Play Vidoes တွေကို ထိထိရောက်ရောက်တိုက်ဖျက်တာမျိုး မဟုတ်သေးပေမယ့်လည်း၊ ကိုယ်က ဘာမှမလုပ်ရဘဲနဲ့ ပွင့်လာတဲ့ Auto-Play Videos တွေရဲ့ ဒုက္ခကနေ တော်တော်တော့ သက်သာသွားမှာပါ။

                Chrome 64 ရဲ့ Auto-Play Blocking Feature ဟာ မိုဘိုင်းမှာကော Desktop မှာပါ တစ်ပုံစံတည်း အလုပ်လုပ်မှာဖြစ်တယ်လို့လည်း Google က ပြောကြားခဲ့ပါတယ်။

                Google ဟာ Chrome 63 မှာလည်း ကိုယ်မကြိုက်တဲ့ Website တွေက အသံကို ထာဝရပိတ်ထားနိုင်မယ့် Feature တစ်ခုကို ထည့်သွင်းပေးဖို့ ရှိပါတယ်။

                Apple ရဲ့ Safari 11 Browser မှာတော့ Auto-Play Videos တွေက အသံကို Mute လုပ်ထားနိုင်တာ၊ ကိုယ်ရွေးပေးထားတဲ့ Website တွေမှာ လုံးဝ Auto-Play ပိတ်ပစ်နိုင်တာ၊ ဒါမှမဟုတ် ဒီထက်ပိုအာရုံမနောက်ချင်ရင် Internet ပေါ်က ရှိသမျှ Websites အကုန်လုံးကို Auto-Play ပိတ်ပစ်တာမျိုး အထိ လုပ်လာနိုင်ဖွယ်ရှိပါတယ်။

                Browsers တွေရဲ့ ဒီလိုလုပ်ရပ်ဟာ ကြော်ငြာရှင်တွေ၊ Website ပိုင်ရှင်တွေအတွက်တော့ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပေမယ့်၊ User တွေအတွက်တော့ စိတ်ချမ်းချမ်းသာသာနဲ့ Browsing လုပ်လာနိုင်မှာပါ။

References
Ars Technica Gadgets NDTV
About Author
Assinged Tags
Google Chrome Browser Autoplay Autoplay Videos Chrome 64 Chrome 63
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed