Android အတွက် Chrome 62 မှာ Saved ထားတဲ့ Passwords တွေကို ပြန်ကြည့်နိုင်တဲ့ Feature ပါဝင်လာ

date_range 01 November 2017

Android အတွက် Chrome 62 မှာ Saved ထားတဲ့ Passwords တွေကို ပြန်ကြည့်နိုင်တဲ့ Feature ပါဝင်လာ

visibility 320 Views

                Google Chrome Browser ကို အသုံးပြုဖူးတယ်ဆိုရင် Chrome Browser နဲ့ Social Website တစ်ခုခု၊ Password ရိုက်ပြီး ဝင်ရောက်ရတဲ့ Website တွေဆိုရင် Browser ကနေ Username နဲ့ Password ကို မှတ်ထားပေးရမလားဆိုတဲ့ စာတန်းတက်လာတာကို ကြုံဖူးမှာပါ။ အဆိုပါ Log-in Information ( Username နဲ့ Passwords ) တွေကို Browser Advanced Settings ထဲကနေ ပြန်ကြည့်လို့ရတဲ့ Feature ပါဝင်က Desktop Version မှာပါနေတာ တော်တော်ကြာပြီဖြစ်ပေမယ့်၊ Android အတွက် Chrome မှာတော့ Site နာမည်နဲ့ Username (Email Address) ကိုပဲပြန်လည် ကြည့်ရှုနိုင်ခဲ့ပါတယ်။ Password ကိုတော့ Browser Settings ထဲမှာ တန်းကြည့်လို့မရဘဲ passwords.google.com ကို တခါထပ်သွား၊ ပြီးရင် Google Account ထပ်ဝင်ပေးပြီးမှ ကြည့်လို့ရခဲ့ပါတယ်။

                ဒါပေမယ့် Google ကနေ လွန်ခဲ့တဲ့ရက်ပိုင်းကထုတ်ပေးခဲ့တဲ့ Chrome Browser Android Version နောက်ဆုံး Update မှာ Browser ကနေ မှတ်ထားတဲ့ Password တွေကို App Settings ထဲမှာတင် အလွယ်တကူ ပြန်လည်ကြည့်ရှုလို့ရပြီပဲဖြစ်ပါတယ်။ Chrome 62 ကို သွင်းထားတဲ့ Android ဖုန်းကနေ Setting - Saved Password ကနေ ဝင်ရောက်ပြီးတော့ ကိုယ်သိချင်တဲ့ Website ရဲ့ Login Password ကို Tap ထောက်လိုက်ရုံနဲ့ ကြည့်လို့ရမှာဖြစ်ပါတယ်။ ဖုန်း Lock Screen ကိုတော့ Unlock ထပ်လုပ်ပေးရမှာပေါ့။


                Google ကတော့ ဒီလိုမျိုး Sensitive ဖြစ်တဲ့ Feature ကို ဘာကြောင့်ထည့်သွင်းထားသလဲဆိုတာမသိပေမယ့် Website Login Password မေ့သွားတဲ့သူတွေအတွက်ကတော့ Password ကဘာလဲဆိုတာ ပြန်ကြည့်နိုင်တာကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ 

                နောက်တစ်ခုက Security Feature အနေနဲ့ Password တစ်ခုချင်းစီကို ကြည့်ချင်တိုင်း ကိုယ့် Google Account Password ကို ပြန်လည်ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီတစ်ချက်ကတော့ တခြားသူတွေက ကိုယ့်ဖုန်း Browser ကနေ Facebook Password အပြင်အခြား Password တွေကို သိချင်တိုင်း ကြည့်လို့မရတဲ့အတွက် သူများကို ဖုန်းခဏဲဌားလိုက်ရလို့ စိတ်မချဖြစ်နေစရာ မလိုဘူးလို့ ပြောလို့ရပါတယ်။ 

                ဒါပေမယ့်လည်း ကိုယ့်ရဲ့ Sensitive ဖြစ်တဲ့ Data တွေဖြစ်တဲ့ Website Login Password တွေကို Google Account Password သိတာနဲ့ Browser ကနေ အကုန်လုံးကို သိရှိနိုင်တဲ့အတွက် တဖက်ကကြည့်ရင် မကောင်းဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် အတတ်နိုင်ဆုံး ကိုယ့် Personal Information တွေကို တခြားသူတွေမသိရှိအောင် 2 Steps Verification စနစ်ပါ ပြုလုပ်ထားကြပါလို့ အကြံပြုလိုက်ပါတယ်။

                Chrome 62 ကို Google Play Store ကနေ သွားရောက် Update ပြုလုပ်နိုင်ပြီဖြစ်ပြီး၊ တချို့ User တွေအနေနဲ့ Version 62 မရသေးဘဲ၊ 61 ပဲ ရသေးတယ်ဆိုရင် ရက်အနည်းငယ်လောက် စောင့်ပေးဖို့ လိုပါတယ်။

References
Android Authority
About Author
Assinged Tags
Google Android Chrome Browser Password
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed