Windows အပြင် macOS အထိပါ ကူးစက်နိုင်ဖွယ်ရှိတဲ့ “Font isn’t found” Chrome malware တစ်ခုတွေ့ရှိ

date_range 25 February 2017

Windows အပြင် macOS အထိပါ ကူးစက်နိုင်ဖွယ်ရှိတဲ့ “Font isn’t found” Chrome malware တစ်ခုတွေ့ရှိ

visibility 50 Views

                Internet ဆိုတာ အယုံလွယ်တတ်တဲ့ User တွေအတွက်တော့ တကယ့်ကိုကြောက်စရာကောင်းတဲ့နေရာတစ်ခုလို့ ဆိုရမှာပါ။ “မင်းကွန်ပြူတာမှာဗိုင်းရပ်စ်တွေဝင်နေပြီ၊ ငါတို့ဆော့ဖ်ဝဲလေးနဲ့ သတ်လိုက်ပါဦး” ဆိုပြီး သူ့ဆော့ဖ်ဝဲကိုယ်တိုင်က “ဂျင်း” ဖြစ်နေတတ်ပါတယ်။

                အခုအသစ်ပေါ်လာတဲ့ Malware တစ်ခုကလည်း ဒီလိုအယုံလွယ်တတ်တဲ့သူတွေကို အဓိကပစ်မှတ်ထားပြီး၊ Windows အပြင် macOS က User တွေကိုပါ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

                NeoSmart Technologies ဆော့ဖ်ဝဲကုမ္ပဏီကနေ စတင်တွေ့ရှိခဲ့တဲ့ အဆိုပါ Malware ကို “Font wasn’t found” လို့ အမည်ပေးထားပြီး၊ သူတိုက်ခိုက်တဲ့ပုံစံက Chrome pop-up တစ်ခုအသွင်နဲ့ဖြစ်ပါတယ်။ ဒီ Malware ရှိနေတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ကြည့်တဲ့သူတွေကို ပေါက်ကရစာလုံးပုံစံတွေ အရင်ပြမှာဖြစ်ပြီး၊ ထို့နောက် Chrome ကပဲ လိုနေတဲ့ Font တွေကို Install လုပ်မလားလို့ Pop-up တက်လာသယောင် ဟန်ဆောင်ကာ တိုက်ခိုက်ပါတယ်။

                အောက်မှာမြင်တွေ့ရတဲ့ပုံစံကတော့ ယခု Malware တိုက်ခိုက်တဲ့ပုံစံဖြစ်ပြီး၊ “Chrome Font Pack” ဗားရှင်းအတုတစ်ခုကို ဖော်ပြကာ၊ Update လုပ်ခိုင်းနေတာဖြစ်ပါတယ်။ Update လုပ်လိုက်ပြီဆိုရင် Application Installer တစ်ခုကို ဒေါင်းလုဒ်ဆွဲတော့မှာပါ။


                အကယ်လို့ Install လုပ်လိုက်ပြီဆိုရင် ဒီ Malware က သင့်ကွန်ပြူတာကို ဘယ်လိုအန္တရာယ်ပေးနိုင်သလဲဆိုတာ အခုအချိန်ထိ အတိအကျမသိရသေးပါဘူး။ လက်ရှိရရှိထားတဲ့သတင်းအချက်အလက်တွေအရ Chrome ကော Windows Defender ကောကပါ ဒီ Malware ကို အန္တရာယ်ရှိပရိုဂရမ်တစ်ခုလို့ မသိသေးဘဲ၊ တစ်ချို့ Anti-Virus ဆော့ဖ်ဝဲတွေပဲ သတိပေး၊ ဖယ်ထုတ်ပစ်နိုင်ခဲ့တယ်လို့ 9to5Google ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

References
9to5Google
About Author
Assinged Tags
macOS Windows Malwares Security Chrome Anti-Virus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed