Chrome အတွက် Ad-Blocking Tool တစ်ခု ပြုလုပ်သွားမယ့် Google

date_range 20 April 2017

Chrome အတွက် Ad-Blocking Tool တစ်ခု ပြုလုပ်သွားမယ့် Google

visibility 450 Views

                The Wall Street ဂျာနယ်က ထွက်ရှိလာတဲ့ Report တစ်ခုအရ Google က Chrome အတွက် Ad-Blocking Tool တစ်ခုကို ပြုလုပ်နေပြီး လာမယ့် Chrome Version အသစ်မှာ ထည့်သွင်းသွားဖို့ရှိတယ်လို့ သိရှိရပါတယ်။ Repot အရ ဒီ Feature အသစ်ဟာ လာမယ့်ရက်သတ္တပါတ်တွေမှာ ထွက်ရှိလာမယ့် Chrome Version အသစ်နဲ့အတူ ပါဝင်လာမယ်လို့လည်း သိရှိရပါတယ်။ 

                ကျွမ်းကျင်သူတွေအနေနဲ့ ဒီသတင်းကြားကြားခြင်း ပထမဆုံးတွေးမိကြတာက Google က သူတို့စီးပွားရေး သူတို့ကိုယ်တိုင်ဖျက်တော့မှာလားလို့ တွေးကြပါတယ်။ ရှင်းရှင်းပြောရရင် Google ဂေါက်သွားပြီလားပေါ့။ Google အနေနဲ့ Google Adsense ကနေ ရတဲ့ဝင်ငွေက တစ်နှစ်၊ တစ်နှစ်မနည်းပါဘူး။ 

                Internet အသုံးပြုသူ User အကုန်လုံး Ad-Blocking Tool နဲ့ Ad အကုန်လုံးကို ပိတ်ထားကြမယ်ဆိုရင် Google တင်မကပါဘူး၊ ကမ္ဘာပေါ်က Website ကြော်ငြာနဲ့ ရပ်တည်နေရတဲ့ လုပ်ငန်းအကုန်လုံး ရပ်ဆိုင်းပစ်လိုက်ရမှာ ဖြစ်ပါတယ်။

                ဒါပေမယ့် Report ထဲမှာ ပြောထားတာကတော့ Google က အခုလုပ်မယ့် Ad-Blocking Tool က Ad အကုန်လုံးကို ပိတ်မှာမဟုတ်ပဲ၊ User အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် Ad တွေကိုသာ ရွေးပိတ်သွားမယ်လို့ သိရပါတယ်။

                ဒီ Feature အသစ်ဟာ Chrome ကို ဖွင့်လိုက်တာနဲ့ Default ပွင့်မယ့် Feature ဖြစ်ပြီး၊ အသုံးပြုသူ User အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် Ad တွေကို ရွေးချယ်ပြီး ပိတ်ပေးသွားမှာ ဖြစ်ပါတယ်။

                Google အနေနဲ့ အခုလိုမျိုး Feature ကို ရုတ်တရက်ကြီး ပြုလုပ်လိုက်ရတယ်ဆိုတာကလည်း Ad တွေအကုန်လုံးကို ပိတ်လို့ရတဲ့ Third-Party Ad-Blockers တွေ အသုံးပြုမှုကို လျှော့ချချင်လို့ ဖြစ်ပါတယ်။ Website ကြော်ငြာနဲ့ ရပ်တည်နေရတဲ့ လုပ်ငန်းတွေကိုလည်း Third-Party Ad-Blockers တွေက ဖျက်စီးသလိုဖြစ်နေလို့ ဖြစ်ပါတယ်။ 

                Google ရဲ့ Ad-Blocking Tool က Block သွားမယ့် Ad အမျိုးအစားတွေကတော့ Website ဝင်ဝင်ခြင်း တမ်းတက်လာတဲ့ ကြော်ငြာတွေ၊ Auto-Playing ဗီဒီယိုကြော်ငြာတွေ နဲ့ Countdown စောင့်ပြီးမှ ပိတ်လို့ရတဲ့ကြော်ငြာတွေဖြစ်ပြီး၊ ဒီကြော်ငြာအမျိုးအစားတွေကို အဓိကထားပြီး ပိတ်သွားမှာဖြစ်ပါတယ်။ 

                Website ပိုင်ရှင်တွေ၊ ကြော်ငြာလုပ်ငန်းတွေ အတွက်လည်း ဒီအချက်ကသတိပြုစရာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ Google အနေနဲ့ Ad Standard နဲ့မကိုက်ညီတဲ့ ကြော်ငြာတွေကို Chrome မှာပြသသွားဖို့ ရည်ရွယ်ချက်လုံးဝ မရှိတော့လို့ဖြစ်ပါတယ်။

References
9to5Google
About Author
Assinged Tags
Google Chrome Ad-Blocking Tool
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed