Chrome for Windows မှာ ကောင်းကျိုးမပေးတဲ့ Software တွေကို ဖယ်ရှားပေးနိုင်တဲ့ Chrome Cleanup Tool တပါတည်း ပါဝင်လာ

date_range 19 October 2017

Chrome for Windows မှာ ကောင်းကျိုးမပေးတဲ့ Software တွေကို ဖယ်ရှားပေးနိုင်တဲ့ Chrome Cleanup Tool တပါတည်း ပါဝင်လာ

visibility 480 Views

                Windows အတွက် Chrome Browser မှာ အန္တရာယ်ရှိတဲ့ Software တွေကို ဖယ်ရှားပေးနိုင်တဲ့ Chrome Cleanup Tool ကို တခါတည်း Browser မှာ Integrate လုပ်ပေးလိုက်ပြီဖြစ်ကြောင်း Google က တနင်္လာနေ့မှာ ကြေငြာလိုက်ပါတယ်။ Chrome Cleanup Tool ကို အရင်က သက်သက် Download ဆွဲပေးရခဲ့ပေမယ့်၊ အခုတော့ Browser မှာတင် တပါတည်းပါလာတာက Chrome အသုံးပြုသူတွေအတွက် တော်တော်အဆင်ပြေသွားပြီလို့ ပြောရမှာပါ။ ဒါပေမယ့် လောလောဆည်တော့ Windows အတွက်ပဲ ရရှိပါသေးတယ်။ Mac နဲ့ Linux အတွက်တော့ မကြာခင်ထွက်ရှိဖို့ ရှိပါတယ်။

                Google ရဲ့ အဆိုအရ Chrome Cleanup Tool အသစ်ဟာ Antivirus Software တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ၊ User တိုင်း လုံခြုံစိတ်ချတဲ့ Browser အသုံးပြုမှုအတွေ့အကြုံ ရရှိစေဖို့အတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့ ဆို ပါတယ်။

                Chrome for Windows မှာ Built-in ပါလာတဲ့ Chrome Cleanup Tool မှာ IT လုံခြုံရေးကုမ္ပဏီ ESET ရဲ့ Detection Engine ကို ပေါင်းစပ်အသုံးပြုထားတာကြောင့်၊ အရင်ကထက် စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့Google က ဆိုပါတယ်။ Cleanup Tool ဟာ အသုံးပြုသူရဲ့ ကွန်ပျူတာထဲမှာ အန္တရာယ်ရှိ Software တစ်ခုခုကို တွေ့ရှိတာနဲ့ Remove လုပ်ဖို့ Pop-up တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ Remove တန်းလုပ်နိုင်မှာပါ။ ဘယ် Software ကို Remove လုပ်မလဲဆိုတာသိချင်ရင်လည်း Details ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


                ဒီ့အပြင် အရင်ကတည်းက ပါပြီးသားဖြစ်တဲ့ Hijacked Settings Detection ကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ပေးထားတယ်လို့ Google က ပြောပါတယ်။ ဒီ Feature ကတော့ Extensions တစ်ခုခုက Chrome Browser Settings တစ်ခုခု ( ဥပမာ - Default Search Engine ) ကို ပြောင်းလိုက်ပြီဆိုတာနဲ့ ဒီ Feature က အရင် Settings ကို ပြန် Restore လုပ်ဖို့ Pop-up ပေါ်လာမှာဖြစ်ပါတယ်။ Hijacked Settings Detection Feature ဟာ အသုံးပြုသူပေါင်း သန်းပေါင်းများစွာကို မလိုလားအပ်တဲ့ Settings ပြောင်းလဲမှုတွေကနေ ကာကွယ်ပေးနိုင်ပြီးဖြစ်တယ်လို့ Gooogle က သူ့ရဲ့ Blog Post မှာ ရေးသားထားပါတယ်။

                ဒါပေမယ့် တစ်ခုသတိပြုရမှာက Chrome Browser ရဲ့ Cleanup Tool ကို Antivirus Software တစ်ခုလိုမျိုး အားထားအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကို Google ကလည်း သေချာပြောထားပါတယ်။ ဒီ Tool ဟာ ကိုယ့်ကွန်ပျူတာကို အမြဲစောင့်ကြည့်ပေးနေမှာမဟုတ်ဘဲ၊ Chrome Browser ဖွင့်ထားမှ အလုပ်လုပ်မှာ ဖြစ်တာကြောင့် ကိုယ်သုံးနေကျ Antivirus Program တစ်ခုခုကို ဆက်လက်အားကိုးသင့်ပါတယ်။

                Feature အသစ်တွေကို လစဉ်လိုလိုအမြဲထည့်ပေးနေတဲ့ Chrome Browser ဟာ လက်ရှိကမ္ဘာမှာ လူသုံးအများဆုံး Browser တစ်ခုဖြစ်ပြီး၊ Statcounter ရဲ့ စက်တင်ဘာအစီရင်ခံစာအရဆိုရင် Browser Market Share ၅၅.၆၈ ရာခိုင်နှုန်းတောင် ရယူထားနိုင်တာ တွေ့ရပါတယ်။

References
Gadgets NDTV Google
About Author
Assinged Tags
Google Windows Chrome Anti-Virus Browser Desktop Chrome Cleanup Tool Malicious Softwares Chrome for Windows
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed