Real Time Translation လုပ်နိုင်မယ့် Google Pixel Buds လို့ခေါ်တဲ့ Wireless Earphones တွေကို Google မိတ်ဆက်

date_range 05 October 2017

Real Time Translation လုပ်နိုင်မယ့် Google Pixel Buds လို့ခေါ်တဲ့ Wireless Earphones တွေကို Google မိတ်ဆက်

visibility 1620 Views

                ကျွန်တော်တို့အနေနဲ့ အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Google ရဲ့ Event မှာ Pixel 2/Pixel XL 2, Pixelbook Laptop နဲ့ Daydream View VR Headset, Google Home Mini စတဲ့ Device အသစ်တွေကို တရား၀င်မိတ်ဆက်ပေးခဲ့ပါတယ်။ 


                မိတ်ဆက်ပေးခဲ့တဲ့အထဲက Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတို့မှာ Headphone Jack မပါ၀င်တော့တာကိုလည်း သတိထားမိကြမှာပါ။ ဒါကြောင့်မို့လို့ Google အနေနဲ့ Pixel 2 နဲ့ Pixel 2 XL တို့နဲ့တွဲဖက်အသုံးပြုနိုင်မယ့် Wireless Earphones တစ်ခုဖြစ်တဲ့ “Google Pixel Buds” ကိုလည်း ထပ်မံမိတ်ဆက်ပေးခဲ့ပါသေးတယ်။

                ဒီ Google Pixel Buds ဟာ Apple AirPods ကိုအဓိကထားပြိုင်ဆိုင်နိုင်မယ့် ပြိုင်ဘက်ကောင်းတစ်ခုဆိုရင်လည်းမှားမယ်မထင်ပါဘူး။ Google Pixel Buds မှာ Google ရဲ့ကိုယ်ပိုင် AI Digital Assistant ဖြစ်တဲ့ “Google Assistant” ပါ၀င်မှာဖြစ်ပြီး၊ သိလိုသမျှကို မိမိစမတ်ဖုန်းကိုဖွင့်နေစရာမလိုဘဲ Voice Command ကတစ်ဆင့် မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် AirPods တွေလိုပဲ Pixel Buds ဟာလည်း မိမိနှစ်သက်တဲ့ သီချင်းကိုဖွင့်ပေးဖို့ ခိုင်းစေနိုင်ဦးမှာဖြစ်ပါတယ်။

                Google Pixel Buds မှာ Physical Buttons တစ်ခုမှ ပါ၀င်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Pixel Buds မှာ Gestures Control ပါ၀င်လာမှာဖြစ်ပြီး၊ ညာဘက် Earbudကို လက်နဲ့ ဘယ်/ညာကို ပွတ်ဆွဲလိုက်ရုံနဲ့ အသံ အတိုး/အကျယ် ချိန်ညှိပေးနိုင်မှာဖြစ်ပြီး၊ တစ်ချက်တည်းထိလိုက်တာအတွက် သီချင်းကို Play/Pause ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

                ဒီ Pixel Buds ရဲ့အထူးခြားဆုံး Feature ကတော့ Real-Time Multilingual Translation ပဲဖြစ်ပါတယ်။ Google ရဲ့ပြောကြားချက်အရ

တကယ်လို့သင်ဟာ အီတလီနိုင်ငံကိုရောက်နေတဲ့အခါ Pasta ကိုအီတလီစကားနဲ့ Pro ကျကျမှာလို့ရပါတယ်။ သင်လုပ်ရမှာက ညာဘက် Earbud ကိုဖိပြီး “Help Me Speak Italian” လို့ပြောလိုက်ရုံပါပဲ။ သင်ပြောသမျှကို သင့်ရဲ့ Pixel စမတ်ဖုန်းရဲ့ Speaker ကနေ အီတလီဘာသာစကားနဲ့ ဘာသာပြန်ပေးမှာဖြစ်ပြီး၊ တစ်ဘက်လူကနေ အီတလီဘာသာစကားနဲ့ပြောတဲ့အခါ သင့်ရဲ့ Earbud ထဲကနေ အလိုအလျောက်ဘာသာပြန်ထားတဲ့စကားကို ကြားနေရမှာဖြစ်ပါတယ်။

                လို့သိရှိရပါတယ်။ ဒီ Feature ကိုဘာသာစကားအမျိုး ၄၀ အထိအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။


                Google Pixel Buds အတွက် Case တစ်ခုသက်သက်ပါ၀င်လာမှာဖြစ်ပြီး၊ Charging ပြုလုပ်တာအပြင် ဒီ Case အတွင်းဘက်မှာ ဘက်ထရီလည်းပါ၀င်လာဦးမှာဖြစ်ပါတယ်။ ဒီ Case ထဲက ဘက်ထရီဟာ Pixel Buds တွေအတွက် ၂၄ နာရီကြာ သီချင်းနားဆင်နိုင်ဖို့အတွက် ဘက်ထရီအားကိုထုတ်လွှတ်ပေးနိုင်မယ်လို့လည်း သိရှိထားပါတယ်။ 

                AirPods တွေလိုမျိုးပဲ Pixel Buds တွေဟာ ချိတ်ဆက်ရအလွန်လွယ်ကူမှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ Case ကိုဖွင့်ပြီး၊ Pixel စမတ်ဖုန်း (ဒါမှမဟုတ်) အခြား Android Nougat အသုံးပြုထားတဲ့စမတ်ဖုန်းတွေကနေ Google Assistant ကတစ်ဆင့် ချက်ချင်းချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                Google Pixel Buds တွေကို USD $159 နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး၊ United States အတွက် Pre-Orders တွေကို ယနေ့မှစပြီး လက်ခံနေပြီဖြစ်ပါတယ်။ Google Pixel Buds တွေကို အရောင်အနေနဲ့ Just Black, Clearly White နဲ့ Kinda Blue ဆိုပြီး အရောင်သုံးမျိုးရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

References
Gadgets 360 Engadget
About Author
Assinged Tags
Google Google Pixel Google Pixel Buds Pixel Buds Wireless Earphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed