Google ကနေ အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သွားတဲ့ Event မှာ Google Pixel 2/ Pixel XL 2 နဲ့ Pixelbook Laptop, Google Home Mini စတဲ့ Device တွေအပြင်၊ Daydream VR Platform အတွက်လည်း Daydream VR Headset အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Google ဟာ ဒီ Daydream View VR Headset အတွက်
Original Headset ရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေကို ပြန်လည်ထည့်သွင်းပေးထားပြီး၊ ဒီထက်ပိုကောင်းအောင်လည်းပြုလုပ်ပေးထားတယ်
လို့ ပြောကြားထားပါတယ်။
အခုအသစ်ထွက်ရှိလာတဲ့ Daydream View VR Headsetအသစ်မှာ စွမ်းဆောင်ရည်မြင့်တဲ့ Lens တွေထည့်သွင်းပေးထားပြီး၊ View အကျယ်ဆုံးမြင်ရအောင်ပြုလုပ်ပေးထားတယ်လို့ သိရှိထားပါတယ်။ ဒါ့အပြင် ဒီ Headset ကို “Premium Two-Tone Fabric” နဲ့ပြုလုပ်ထားတာမို့ ပျော့ပြောင်းပြီး ပေါ့ပါးနေမှာဖြစ်ပါတယ်။ အရွယ်အစားက 6.6 x 4.6 x 3.9 လက်မပတ်လည်ရှိပြီး၊ အလေးချိန်အနေနဲ့ကတော့ 0.5 ပေါင် ရှိပါတယ်။
Headset ကို Fog, Charcoal နဲ့ Coral ဆိုပြီး အရောင်သုံးရောင်နဲ့ ရွေးချယ်၀ယ်ယူနိုင်မယ်လို့ သိရှိထားပါတယ်။ အရင်ကထုတ်ခဲ့တဲ့ Headset အတိုင်း Controller တစ်ခုတွဲလျက် ပါ၀င်လာမှာပါ။ ဒီ Daydream VR View Headset အသစ်ကို Google Pixel 2, Pixel 2 XL နဲ့ အခြား Daydream-Ready စမတ်ဖုန်း တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ Google ဟာ Daydream Mobile VR Platform အတွက် ရွေးချယ်စရာအမျိုးပေါင်း ၂၅၀ ကျော် (Apps နဲ့ Games စုစုပေါင်း) ရှိနေပြီလို့ ကြေညာသွားခဲ့ပါတယ်။ Ed Sheeran ရဲ့ “Austin City Limits Backstage” Concert ကိုလည်း VR နဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ Discovery Series ဖြစ်တဲ့ “TRVLVR” နဲ့ IMAX 3D တို့ကိုလည်း ဒီ Daydream VR နဲ့ ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။
အခုအသစ်ထွက်ရှိလာမယ့် Daydream VR View Headset အသစ်ကို USD $99 နဲ့ ယခုနှစ်ကုန်ပိုင်းလောက်မှာ ရောင်းချပေးသွားမယ်လို့လည်း သိရှိရပါတယ်။
Join Us On