၄၉ ဒေါ်လာသာ ကျသင့်မယ့် Google Home Mini စမတ်စပီကာအသစ်

date_range 05 October 2017

၄၉ ဒေါ်လာသာ ကျသင့်မယ့် Google Home Mini စမတ်စပီကာအသစ်

visibility 520 Views

                မနေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ Google ရဲ့ October 4th Event မှာ Pixel 2 ဖုန်းအသစ်Pixelbook တို့ အပြင် နောက်ထပ်မိတ်ဆက်သွားတဲ့ Product အသစ်တစ်ခုကတော့ Google Home Mini ဖြစ်ပါတယ်။

                Google Home Mini ဟာ ကောလာဟလတွေ ထွက်ရှိထားတဲ့အတိုင်း Google Home စမတ်စပီကာရဲ့ အသေးစားမော်ဒယ်တစ်ခုဖြစ်ပြီး၊ စျေးနှုန်းအနေနဲ့ ၄၉ ဒေါ်လာပဲ ရှိပါတယ်။

                Amazon ရဲ့  ဒေါ်လာ ၅၀ တန် Echo Dot စမတ်စပီကာလေးနဲ့ စျေးတူတူလောက်ပဲ ဖြစ်ပြီး၊ Echo Dot ထက် ဒီဇိုင်း ပိုဆွဲဆောင်မှုရှိတယ်လို့ ဆိုရမှာပါ။


                Home Mini ဟာ အကောင်းဆုံးအသံအရည်အသွေးထက် စမတ်စပီကာတစ်လုံးရဲ့ အသုံးဝင်မှုတွေကို လူတိုင်းနီးပါး အသုံးပြုနိုင်အောင်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်စပီကာတစ်လုံးဖြစ်ပြီး၊ Google Home စမတ်စပီကာအကြီးအတိုင်း Google Assistant နဲ့ သတင်းနားထောင်တာ၊  မိုးလေဝသနဲ့ တခြားသတင်းအချက်အလက်တွေ ရှာဖွေတာ၊ လုပ်စရာရှိတာတွေ သတိပေးခိုင်းတာ၊ တခြား အိမ်သုံးစမတ်ပစ္စည်းတွေကို ထိန်းချုပ်တာ စတဲ့ လုပ်ဆောင်ချက်တွေ အကုန်နီးပါး အသုံးပြုနိုင်မှာပါ။ 

                Google Home Mini ဟာ အရွယ်အစားက သာမန် Donut တစ်ခု အရွယ်အစားလောက်သာ ရှိပြီး၊ အလွယ်တကူ ဘောင်းဘီအိတ်ထဲထည့် သယ်ယူသွားနိုင်မယ့် စမတ်စပီကာတစ်လုံး ဖြစ်ပါတယ်။ ဖွင့်လိုက်ရင် အပေါ်က စပီကာ Fabric ဇကာကွက်အောက်မှာ မီးလေး လင်းနေမှာဖြစ်ကာ၊ Play/Pause လုပ်ချင်ရင် စပီကာပေါ်ကို လက်နဲ့ တစ်ချက်ပုတ်တာ၊ ဖိထားပြီး Assistant ခေါ်တာ၊ ဘေးဘယ်ဘက်ကို လက်နဲ့ပုတ်ပြီး အသံတိုးတာ၊ ညာဘက်ဆို အသံကျယ်တာ စတဲ့ Tap နည်းလမ်းတွေနဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ OK Google Commands တွေနဲ့လည်း ထိန်းချုပ်နိုင်မှာပါ။ အားသွင်းဖို့အတွက်ကတော့ micro-USB Port တစ်ခု ပါရှိပါတယ်။


                အားနည်းချက်ကတော့ Echo Dot လိုမျိုး 3.5mm နားကြပ်ပေါက် မပါဝင်တဲ့အတွက်ကြောင့်၊ တခြား Audio System တစ်ခုနဲ့တော့ ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။  Wi-Fi ကွန်ရက်ကနေ ဒါမှမဟုတ် Chromecast နဲ့ ချိတ်ပြီး သီချင်းနားထောင်ရမှာဖြစ်ကာ၊ တီဗီရှိုးတွေ၊ ရုပ်ရှင်ကားတွေကိုလည်း Chromecast ကနေ တဆင့် TV မှာ လှမ်းဖွင့်ခိုင်းတာတွေ လုပ်နိုင်ပါတယ်။ 

                Google Home Mini ကို “Chalk”, “Charcoal” နဲ့ “Coral” ဆိုပြီး အရောင်သုံးမျိုး ရရှိနိုင်မှာဖြစ်ကာ၊ ယနေ့ကစ ပြီး Australia, Canada, France, Germany, Japan, UK နဲ့ US တို့ကနေ Pre-Order မှာယူနိုင်ပြီဖြစ်ကာ၊ အောက်တိုဘာ (၁၉) ရက်နေ့ကျရင် စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ 

Google Home Max


                Google ဟာ Home Mini အပြင် Home Max ဆိုတဲ့ ၃၉၉ ဒေါ်လာတန် စမတ်စပီကာအကြီးစားတစ်လုံးကိုလည်း ဒီပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ Max ကတော့ စမတ်စပီကာရဲ့ လုပ်ဆောင်ချက်တွေအပြင်၊ အကောင်းဆုံးအသံထွက်အရည်အသွေးကို လိုချင်တဲ့ ဂီတပညာရှင်၊ ဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၄.၅ လက်မ Woofer နှစ်လုံးနဲ့ ၀.၇ လက်မ Tweeters လေးတွေ ပါဝင်တဲ့ Stereo Speaker တစ်လုံးဖြစ်ပါတယ်။ Max မှာတော့ 3.5mm Audio Jack ပါဝင်ပြီး၊ USB-C Port တစ်ခုလည်း ပါဝင်ပါတယ်။ Google Home Max နောက်ထပ်တစ်လုံးရှိရင်လည်း နှစ်လုံးတပြိုင်တည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။


                Google Home Max မှာ အခန်းအနေအထားအလိုက် အကောင်းဆုံးအသံနှုန်းထားကို အလိုအလျောက်ချိန်ညှိပေးမယ့် Smart Sound ဆိုတဲ့ Feature လည်း ပါဝင်လာတာ တွေ့ရပါတယ်။ Google Home Max ကိုတော့ Chalk နဲ့ Charcoal အရောင်နှစ်မျိုးပဲ ရရှိမှာဖြစ်ကာ၊ ဒီဇင်ဘာလလောက်ကျမှ US မှာ ရောင်းချသွားဖို့ ရှိပါတယ်။ Max ဝယ်ယူသူတိုင်း YouTube Red ကို တစ်နှစ်တာ Subscription အခမဲ့ ရရှိမှာပါ။

                Google Home စမတ်စပီကာတွေက Google Assistant မှာလည်း မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ အသံကို မှတ်သားထားနိုင်မယ့် Voice Match ၊ အိမ်ထဲက တခြား Google Home Devices တွေကို မက်ဆေ့ လှမ်းပို့နိုင်တဲ့ broadcast စနစ်၊ မီးပိတ်တာ၊ အပူချိန်တိုးတာ စတဲ့ လုပ်ဆောင်ချက်အများအပြားကို Command တစ်ခုတည်းမှာ ( ဥပမာ - OK Google, Good Night ) ပေါင်းထည့်ထားနိုင်တဲ့ “Routines” ၊ ဖုန်းရှာမတွေ့ရင် လှမ်း ဖုန်းမြည်ခိုင်းနိုင်တဲ့ Find My Phone Feature အသစ် စတဲ့ Feature အသစ်တွေလည်း ပါဝင်လာပါတယ်။

References
9to5Google The Verge
About Author
Assinged Tags
Google Smart Home Smart Speaker Google Home Google Home Mini Google Home Max Chromecast
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed