iPhone 8 နဲ့ 8 Plus တို့ရဲ့ ကျောဘက်မှန်က ပြုပြင်ရခက်မယ့်အပြင် ပြင်ခကလည်း Screen ပြင်ခထက် ပိုဈေးကြီးမည်

date_range 24 September 2017

iPhone 8 နဲ့ 8 Plus တို့ရဲ့ ကျောဘက်မှန်က ပြုပြင်ရခက်မယ့်အပြင် ပြင်ခကလည်း Screen ပြင်ခထက် ပိုဈေးကြီးမည်

visibility 1940 Views

                Teardown (Electronics ပစ္စည်းတွေကို တစ်စခြင်းစီဖြုတ်ကြည့်မယ်၊ အတွင်းမှာ ပစ္စည်းတစ်ခုခြင်းစီကို ဘယ်လိုတပ်ဆင်ထားလဲ၊ ဖြုတ်ရတာအဆင်ပြေလား၊ ပြင်ရတာရော အဆင်ပြေရဲ့လား စတာတွေကို Review လုပ်ပေးခြင်း) ဗီဒီယိုတွေကို တင်ဆက်နေတဲ့ နာမည်ကြီး Website တစ်ခုဖြစ်တဲ့ iFixit အနေနဲ့ ထုံးစံအတိုင်းပဲ iPhone 8 ကို Teardown လုပ်ခဲ့ပါတယ်။


                Teardown အပြီးမှာတော့ iPhone 8 ဟာ iFixit ရဲ့ Repairability Score ၁၀ မှတ်မှာ ၆ မှတ်ပဲ ရရှိခဲ့ပါတယ်။ ရလာဒ်တွေအရ Display, Battery နဲ့ တခြား Components တွေဟာ ဖြုတ်ရတာ မခက်ဘူး၊ လွယ်ကူတယ်။ ရေစိုခံ၊ ဖုန်ဝင်ခံနိုင်ဖို့အတွက် သုံးထားတဲ့ Seals တွေကတော့ ကော်နဲ့ကပ်ထားတာဖြစ်တဲ့အတွက် ပြုပြင်ရအနည်းငယ် ခက်ခဲမယ်။

                ပြုပြင်ရအခက်အခဲဆုံးကတော့ ကျောဘက်ကမှန်ပါပဲ။ Wireless Charging Coil ကို Reinforcement Panel မှာ ကပ်ထားပါတယ်။ နောက်ပြီး ဒီ Reinforcement Panel ကို ကျောဘက်ကမှန်နဲ့ ကော်အသုံးပြုပြီး အသေကပ်ထားပါတယ်။ ကျောဘက်မှန်က Drop Test တွေမှာလည်း သိပ်ပြီးအခြေနေ မကောင်းပါဘူး။ လွတ်ကျခဲ့ရင်တော့ ကွဲမှာအသေချာပါပဲ။


                ကွဲခဲ့ရင်လည်း ပြင်ခကဈေးကြီးဦးမှာပါ။ ကျောဘက်မှန်ကွဲတာဟာ Apple ရဲ့ Screen Replacement Program ထဲမှာ ပါမှာမဟုတ်ပါဘူး။ ကျောဘက်မှန် မတော်တဆဖြစ်ခဲ့ရင် “Other Damage” ဆိုတဲ့ Category ထဲ ရောက်သွားမှာဖြစ်ပြီး ဈေးကလည်း ကန်ဒေါ်လာ ၉၉ ဒေါ်လာ (အခွန်မပါဝင်သေး) ကျသင့်မှာ ဖြစ်ပါတယ်။ Screen ကွဲတာဆိုရင်တော့ Apple ရဲ့ Screen Replace Program ထဲမှာ ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၂၉ (အခွန်မပါဝင်သေး) ပဲ ကျသင့်မှာပါ။

                iPhone 8 နဲ့ 8 Plus တို့ရဲ့ Internal Components တွေဟာ အနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ iPhone 7 နဲ့ အတူတူပဲ ဖြစ်ပေမယ့် Repairability Score ကတော့ iPhone 7 ထက် နည်းပါတယ်။ ဒါပေမယ့် iPhone 8 နဲ့  8 Plus တို့ဟာ Repairability Score ၆ မှတ်ပဲ ရရှိခဲ့တယ်ဆိုပေမယ့် ၁ မှတ်ပဲ ရရှိခဲ့တဲ့ Essential Phone နဲ့ ၄ မှတ်ပဲ ရရှိခဲ့တဲ့ Samsung Galaxy Note 8 တို့ထက်တော့ သာတယ်လို့ ဆိုရမှာပါ။

                အတွင်းပိုင်း Components တွေကို ပြင်ရတာ လွယ်ကူတယ်ဆိုပေမယ့်လည်း ကျောဘက်ကမှန်ကတော့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ မှန်ဆိုတာကတော့ အမြင်အရလှတယ်၊ ပိုပြီးမိုက်သွားတယ် ဆိုပေမယ့် Aluminium လောက် မာမှာမဟုတ်ပါဘူး။ iPhone 8 နဲ့ 8 Plus ကို ကိုင်ဆောင်သူတွေအနေနဲ့ မိမိရဲ့ဖုန်းကို အရင်ကထက်တော့ ပိုပြီးဂရုစိုက်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

References
iFixit The Verge
About Author
Assinged Tags
iPhone 7 Essenial iPhone 8 related news Galaxy Note 8 Apple iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed