iPhone 8 ကို အလုံအလောက်ထုတ်လုပ်ပေးနိုင်ဖို့ အခက်တွေ့နေတဲ့ Apple

date_range 10 May 2017

iPhone 8 ကို အလုံအလောက်ထုတ်လုပ်ပေးနိုင်ဖို့ အခက်တွေ့နေတဲ့ Apple

visibility 2590 Views

                Apple ရဲ့ စိစစ်သူ တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ဟာ iPhone 8 ကိုထုတ်လုပ်ဖို့ Production အခက်အခဲတွေနဲ့အတူ Shipment delay ပြဿနာ အတော်များများကို ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်း ပြောကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ iPhone 8 မှာပါ၀င်မယ့် အဓိကကျတဲ့ Hardware Upgrade တွေအတွက် အခက်အခဲပေါင်းများစွာကို ကြုံတွေ့နေရလို့ပဲဖြစ်ပါတယ်။ 

                နောက်ထပ်လည်း Kuo မှ မျှော်မှန်းထားတဲ့ ထုတ်ကုန်အရေအတွက် 100-110 သန်း ကနေ အခုအခါမှာတော့ 80-90 သန်း လောက်ပဲထုတ်လုပ်လာနိုင်မယ်လို့ ပြန်လည်ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ Production အနေနဲ့လည်း ခါတိုင်း Launch လုပ်နေကြ Timeline ဖြစ်တဲ့ August-September ကနေ October-November လောက်ထိ နောက်ဆုတ်လာနိုင်တာကြောင့် စျေးကွက်လိုအပ်ချက်မဖြည့်ဆည်းပေးနိုင်တဲ့ ပြဿနာများစွာကြုံတွေ့ရနိုင်ဖွယ်ရှိပါတယ်။ 

                Apple ဘက်ကနေပြီးတော့လည်း iPhone 8 မှာ ဘယ် Feature အသစ်တွေပါ၀င်လာမှာ၊ ဘယ်လို Performance Upgrade တွေပြုလုပ်ထားမှာဆိုတာကိုလည်း ပြောကြားထားခြင်းမရှိသေးပါဘူး။ အများစုကတော့ Curved Display၊ Wireless charging၊ Face recognition system ဒါမှမဟုတ် Iris Scanner စတဲ့ Features တွေမျှော်လင့်ထားကြပါတယ်။

                Apple ဟာ User တွေရဲ့ Feature request တွေကိုနှုတ်ဆိတ်နေသေးပေမဲ့ လုံး၀လျစ်လျုရှုနေတတ်တာမျိုးမဟုတ်ပဲ အမြဲတမ်းနည်းပညာအသစ်တွေ မိတ်ဆက်ပေးနေတာကြောင့် iPhone 8 ဟာ ထုတ်လုပ်မှုပြဿနာကြားကနေ ဘယ်လိုထွက်ရှိလာမလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

References
Cnet
About Author
Assinged Tags
iPhone iOS AppleCare iPhone 8 related news Predictions for Tech
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed