Android OS ဖန်တီးသူ Andy Rubin ကိုယ်တိုင် ထုတ်လုပ်မယ့် Mi MIX ပုံစံ စမတ်ဖုန်းအသစ်

date_range 29 March 2017

Android OS ဖန်တီးသူ Andy Rubin ကိုယ်တိုင် ထုတ်လုပ်မယ့် Mi MIX ပုံစံ စမတ်ဖုန်းအသစ်

visibility 2290 Views

                Android OS ကို ပူးတွဲဖန်တီးခဲ့သူတစ်ယောက်ဖြစ်တဲ့ အမေရိကန်ကွန်ပြူတာပရိုဂရမ်မာ Andy Rubin လည်း ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်လုံးနဲ့ ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

                Google ကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာခဲ့တဲ့ Andy Rubin ဟာ အင်္ဂါနေ့မှာ သူ့ ကုမ္ပဏီအသစ် “Essential” က ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းအသစ်ရဲ့ ဓာတ်ပုံကို Twitter မှာ အမြည်းတင်ပေးထားတာတွေ့ရပြီး၊ စမတ်ဖုန်းဒီဇိုင်းက Xiaomi ရဲ့ Mi MIX နဲ့ တော်တော်လေး ဆင်တူတာကို တွေ့မြင်ရမှာပါ။


                အမြည်းဓာတ်ပုံ (Teaser Photo) ဖြစ်တာကြောင့် ဖုန်းရဲ့ ဒီဇိုင်းကိုတော့ ကွက်ကွက်ကွင်းကွင်းမမြင်ရသေးပေမယ့်၊ Bezel-less ဘေးဘောင်မပါရှိတဲ့ ဖန်သားပြင်အပြည့် ဖုန်းပုံစံဖြစ်တာကတော့ သိသာပါတယ်။

                Rubin နဲ့ သူ့ရဲ့ Essential အဖွဲ့ဟာ Apple ရဲ့ 3D Touch လိုမျိုး နည်းပညာအသစ်တစ်ခုကို တီထွင်လျက်ရှိပြီး၊ သံလိုက်သုံးချာဂျာပစ္စည်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

                လောလောဆည်မှာတော့ Andy Rubin ရဲ့ စမတ်ဖုန်းအသစ်အကြောင်းကို ဓာတ်ပုံတစ်ဝက်တစ်ပျက်လောက်သာ သိရသေးပြီး၊ မကြာမီလအနည်းငယ်အတွင်းမှာ ထပ်မံမိတ်ဆက်ဖို့ ရှိနိုင်ပါတယ်။ 

References
Engadget
About Author
Assinged Tags
Android Smartphones Andy Rubin Android Creator Essenial Bezel-less smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed