ဖုန်းပြောနေရင်း လွတ်ကျခဲ့မယ်ဆိုရင် ကွဲမှာသေချာတဲ့ iPhone 8 နဲ့ 8 Plus

date_range 23 September 2017

ဖုန်းပြောနေရင်း လွတ်ကျခဲ့မယ်ဆိုရင် ကွဲမှာသေချာတဲ့ iPhone 8 နဲ့ 8 Plus

visibility 5280 Views

                EverythingApplePro ဆိုတဲ့ နာမည်ကြီး YouTube Channel တစ်ခုကနေ iPhone 8 Plus နဲ့ 7 Plus တို့ကို ယှဉ်ပြီး Drop Test လုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှု အပြီးမှာတော့ iPhone 8 နဲ့ 8 Plus တို့ရဲ့ ကျောဘက်မှာ အသုံးပြုထားတဲ့မှန်ဟာ Apple ပြောသလောက် မမာကျောဘူးဆိုတာ သိခဲ့ရပါတယ်။

                ဒီစမ်းသပ်မှုမှာ ပထမဆုံးအနေနဲ့ ကျနော်တို့တွေ ဘောင်းဘီအိပ်ကပ် အမြင့်လောက်ကနေပြီးတော့ ပုံစံသုံးမျိုးနဲ့ ပစ်ချခဲ့ပါတယ်။ ဒီအဆင့်မှာတော့ iPhone 7 Plus ရဲ့ ဘာကြောင့်မှန်းမသိ အနောက်ဖက်ခြမ်းကတော့ ဘာမှမဖြစ်ပေမယ့် Screen တစ်ခုလုံး ကွဲထွက်သွားခဲ့ပါတယ် (သာမန်ကတော့ ကွဲဖို့ ရာခိုင်နှုန်း နည်းပါတယ်)။ iPhone 8 Plus ကတော့ ထောင့်မျိုးစုံက ပစ်ချခဲ့ပေမယ့်လည်း အပွန်းရာထင်တာကလွဲပြီးတော့ ဘာမှမဖြစ်ခဲ့ပါဘူး။

                ဒုတိယအဆင့်မှာတော့ ဖုန်းပြောနေရင်း ပြုတ်ကျနိုင်လောက်တဲ့ အမြင့်ကနေပြီးတော့ ပစ်ချခဲ့ပါတယ်။ ဒုတိယအဆင့် ပထမဆုံးအကြိမ် ပစ်ချပြီးမှာတော့ iPhone 8 Plus ရဲ့ Display ကတော့ ဘာမှမဖြစ်ပေမယ့် ကျောဘက်မှန်က ကြေထွက်သွားပါပြီ။ ကွဲသွားတယ်ဆိုပေမယ့် မျက်နှာပြင်ကတော့ Smooth ဖြစ်နေတုန်းပါပဲ။


                ဒုတိယအဆင့် နောက်ထပ်တစ်ကြိမ် ပစ်ချခဲ့ပြီးမှာတော့ iPhone 8 Plus ရဲ့ ကျောဘက်က မှန်စတစ်ချို့ မရှိတော့ပါဘူး။ ဖုန်းရဲ့ အတွင်းပိုင်းကိုလည်း မြင်နေရပါပြီ။

                ဒုတိတအဆင့် တတိယအကြိမ်မှာတော့ iPhone 7 Plus ရဲ့ Display ကြောင်သွားပါတယ်။ လုံးဝ Responsive မဖြစ်တော့ပါဘူး။ iPhone 8 Plus ရဲ့ Display ကတော့ ထူးထူးဆန်းဆန်း ဘာမှမဖြစ်ခဲ့ပါဘူး။

                အသစ်ထွက်ရှိခဲ့တဲ့ iPhone 8 နဲ့ 8 Plus တို့ဟာ ကျောဘက်မှာကပ်ထားတဲ့ မှန်ကြောင့် iPhone 7 နဲ့ 7 Plus တို့ထက် အမြင်အရကတော့ ပိုပြီးမိုက်တယ်ဆိုပေမယ့် လွတ်ကျခဲ့မယ်ဆိုရင်တော့ ပိုပြီးရုပ်ဆိုးသွားမှာ သေချာပါတယ်။ iPhone 7 နဲ့ 7 Plus တို့ရဲ့ ကျောဘက်ကတော့ အမြင်အရ သိပ်မမိုက်ပေမယ့် လွတ်ကျခဲ့မယ်ဆိုရင် ပွန်းတာကလွဲပြီး ဘာမှမဖြစ်တာတော့ သေချာပါတယ်။


References
EverythingApplePro
About Author
Assinged Tags
iPhone iPhone 7 Plus iPhone 7 iPhone 8 related news iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed