အနီရောင် Special Edition iPhone 7 နှင့် 7 Plus ကို Apple စတင်မိတ်ဆက်

date_range 22 March 2017

အနီရောင် Special Edition iPhone 7 နှင့် 7 Plus ကို Apple စတင်မိတ်ဆက်

visibility 3400 Views

                အနီရောင် iPhone 7 နှင့် 7 Plus တဲ့။ Apple ကတော့ အားလုံးကို Suprise လုပ်လိုက်တာပါပဲ။ ဒီအရောင်ဟာ နောက်ထွက်ရှိလာမယ့် iPhone မျိုးဆက်သစ်မှာမှ ပါဝင်လာမယ့် အရောင်လို့အားလုံးက ခန့်မှန်းထားကြတဲ့ အရောင်ဖြစ်ပါတယ်။ ဒီလိုကြီး မိတ်ဆက်လိုက်တော့လည်း အားလုံးပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတာပေါ့။

                မနေ့ကထဲက Apple က သူတို့ Online Store ကို Maintenance လုပ်နေလို့ သတင်းမီဒီယာတွေ၊ နည်းပညာစိတ်ဝင်စားသူတွေက ဘာများမိတ်ဆက်မလဲလို့ စောင့်ကြည့်နေကြတာပါ။ အခုဆိုရင် Apple ရဲ့ Official Webiste ရဲ့ Home Page မှာ Special Edition iPhone 7 Now in (Product) RED ဆိုပြီးတော့ ဓာတ်ပုံနှင့်တကွ ပြသထားတာကို တွေ့မြင်ရပြီဖြစ်ပါတယ်။

ဒီလိုမျိုး အနီရောင် iPhone 7 နဲ့ 7 Plus ကို မိတ်ဆက်လိုက်တာကို Apple ရဲ့ CEO Tim Cook က

“ဒီလိုမျိုး လှပတဲ့ အနီရောင် iPhone 7 နဲ့ 7 Plus ကို ချက်ချင်းကြီးမိတ်ဆက်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ Apple နဲ့ RED ပူးပေါင်းလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ အနီရောင်ကို ကိုယ်စားပြုပြီး ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Customer တွေရဲ့လက်ထဲကိုလည်း မြန်မြန်ရောက်စေချင်လှပါပြီ။ ကျနော်တို့အားလုံးလည်း စိတ်လှုပ်ရှားနေကြပါတယ်။”

လို့ ပြောကြားသွားပါတယ်။

                RED ဆိုတာ AIDS တိုက်ဖျက်ရေး ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Apple က RED နဲ့ ပူးပေါင်းပြီး ပရဟိတတွေလုပ်ကိုင်ခဲ့တာကြာပြီဖြစ်ပြီး အရင်ထဲကလည်း အနီရောင်ရှိတဲ့ Apple Product တွေကို ထုတ်လုပ်ဖူးတဲ့အပြင် App Store မှာလည်း အနီရောင် ဒီဇိုင်းပြောင်းလဲထားတဲ့ Apps တွေကိုလည်း ရောင်းချခဲ့ပါတယ်။ 

                အခု အနီရောင် iPhone 7 နဲ့ iPhone 7 Plus တွေကို ရောင်းချလို့ရတဲ့ ပိုက်ဆံတွေကိုလည်း Apple က HIV/AIDS တိုက်ဖျက်ရေး Program တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ အခုလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ AIDS ကင်းစင်တဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးချင်လို့ ဖြစ်ပါတယ်လို့လည်း Apple ရဲ့ Official Website မှာ ရေးသားထားပါတယ်။

                အနီရောင် iPhone 7 နဲ့ iPhone 7 Plus ကို မတ်လ ၂၄ ရက်၊ သောကြာနေ့မှာ စတင်ဝယ်ယူလို့ရရှိမှာဖြစ်ပါတယ်။ 128 GB မော်ဒယ်လ်နဲ့ 256 GB မော်ဒယ်လ်နှစ်မျိုးသာ ရရှိမှာဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ 

Special Edition iPhone 7 (PRODUCT) RED ကို Pre-Order မှာယူချင်တယ်ဆိုရင် ကျနော်တို့ TechX ကို ဆက်သွယ်နိုင်ပါတယ်။ မနက်ဖြန် ( မတ်လ ၂၄ ရက်နေ့) ညနေ (၆) နာရီ နောက်ဆုံးထားပြီး မှာယူရမှာပါ။

အသေးစိတ်သိရှိလိုပါက 09-795280717 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

References
Apple
About Author
Assinged Tags
iPhone Tim Cook iPhone 7 Plus iPhone 7 RED iPhone 7 RED
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed