Smartphone Camera တွေကို Review လုပ်တဲ့ DxOMark Labs ဆိုတဲ့ ဓာတ်ခွဲခန်းတစ်ခုက iPhone 8 Plus ဟာ လက်ရှိမှာတော့ အကောင်းဆုံး Smartphone Camera ဖြစ်တယ်လို့ ဆိုထားပါတယ်။ အရင်က အကောင်းဆုံး Smartphone Camera အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Google Pixel ကိုတောင် iPhone 8 နဲ့ 8 Plus က ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

DxOMark Labs က ပေးထားတဲ့ Score အရတော့ iPhone 8 Plus က 94 Points, iPhone 8 က 92 Points, Google Pixel နဲ့ HTC U11 က 90 Points, iPhone 7 က 88 Points, 7 Plus က 85 Points စသည်ဖြင့် အသီးသီး Point တွေ ရရှိထားပါတယ်။ နောက်ပြီး ဒီ Points တွေဟာ ဓာတ်ပုံ Performance အတွက်ပဲ ဖြစ်ပါတယ်။

Video Performance မှာတော့ 89 Points သာ ရရှိခဲ့တဲ့ iPhone 8 Plus နဲ့ HTC U11 တို့ကတော့ 91 Points အထိရရှိခဲ့တဲ့ Google Pixel ကို မယှဉ်နိုင်ခဲ့ပါဘူး။ DxOMark Labs အနေနဲ့ Smartphone အလုံးရေ ၁၀,၀၀၀ အထိ နှိုင်းယှဉ်စမ်းသပ်ထားပြီး အနောက်နိုင်ငံက Smartphone ဝယ်ယူသူတွေ အားထားရတဲ့ Smarphone Camera တွေကို Review လုပ်တဲ့ ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလည်း DxOMark Labs ဟာ OnePlus 5 ဖုန်းအတွက် 87 Points ပေးခဲ့ဖူးပါတယ်။

DxOMark Labs ရဲ့ Official Website မှာတော့
“iPhone 8 နဲ့ 8 Plus က Camera System ဟာ တော်တော်လေး ကောင်းပါတယ်။ iPhone 7 Plus နဲ့ iPhone 8 Plus တို့ရဲ့ Result တွေကို ဒီတိုင်းပဲ ယှဉ်ကြည့်မယ်ဆိုရင်တော့ သိပ်ပြီးသိသာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထွက်လာတဲ့ ဓာတ်ပုံရဲ့ Quality နဲ့ Camera ရဲ့ Performance ကို သေသေချာချာ ကြည့်မယ်ဆိုရင်တော့ သိသိသာသာ ပြောင်းလဲ၊ ကောင်းမွန်လာတယ်ဆိုတာ သိသာမှာပါ”
လို့ ရေးသားထားပါတယ်။

iPhone 8 နဲ့ 8 Plus ရဲ့ Camera က ပိုကောင်းလာတယ်ဆိုပေမယ့် ကောင်းလာတဲ့အချက်တွေလည်း ရှိသလို၊ ဆိုးနေသေးတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ ဒီလိုမျိုး ကောင်းတဲ့အချက်၊ မကောင်းတဲ့အချက်တွေကိုလည်း DxOMark Labs က အချက်အလက်တွေ သေသေချာချာလေး ထုတ်ပေးထားပါတယ်။

ကောင်းတဲ့အချက်များ
- HDR Performance
- Face Detection, Face Tracking
- Optical Zoom
- Bokah
- Image Stabilization
- Color Rendering
မကောင်းတဲ့အချက်များ
- Low Light
- Autofocus
- Exposure Issues

iPhone 7 Plus Version

Google Pixel Version

iPhone 8 Version

iPhone 8 Plus Version
iPhone Camera ကတော့ ထုံးစံအတိုင်း Low Light မှာ တခြား Smartphone Camera တွေကို မှီမလာသေးဘူး ဆိုပေမယ့် အနည်းငယ်တော့ တိုးတက်လာပါတယ်။ DxOMark Labs ကတော့ iPhone X Camera ကို စမ်းသပ်ကြည့်ဖို့ စောင့်မျှော်နေပါတယ်။ အခုအချိန်မှာတော့ iPhone 8 နဲ့ 8 Plus က အကောင်းဆုံး Smartphone Camera တွေဖြစ်နေပေမယ့် Google Pixel 2 ထွက်လာရင်တော့ Result က တစ်မျိုး ပြောင်းလဲသွားနိုင်ပါတယ်။

iPhone 7 Plus Version

Google Pixel Version

iPhone 8 Version

iPhone 8 Plus Version
Join Us On