DxOMark Camera Performance မှာ Huawei P10 နဲ့ အမှတ်တူရရှိခဲ့တဲ့ OnePlus 5

date_range 07 July 2017

DxOMark Camera Performance မှာ Huawei P10 နဲ့ အမှတ်တူရရှိခဲ့တဲ့ OnePlus 5

visibility 1140 Views

                OnePlus 5 စမတ်ဖုန်းဟာ မထုတ်ခင်ထဲက DxOMark Camera Benchmarking Website နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို ကြေငြာခဲ့ပါတယ်။ ယခုအခါမှာတော့ DxOMark ရဲ့ OnePlus 5 Camera Review ထွက်ရှိလာပြီဖြစ်ပြီး၊ OnePlus 5 အတွက် Rating ကို 87 Marks ပေးခဲ့ပါတယ်။ 

                OnePlus 5 မှာ Back Camera ကို Dual Lens သုံးထားပြီး 24mm f/1.7 Wide Angle Lens သုံးထားတဲ့ 16 Megapixels Primary Sensor တစ်ခုနဲ့ 36mm f/2.6 Telephoto lens သုံးထားတဲ့ 20 Megapixels Secondary Sensor တစ်ခုပါဝင်မှာဖြစ်ပြီး OnePlus ကတော့ OnePlus 5 က Dual Camera သုံးထားတဲ့ ဖုန်းတွေထဲမှာ Resolution အမြင့်ဆုံးလို့ ကြေငြာထားတာဖြစ်ပါတယ်။ 

                အခုလို DxoMark မှာ 87 Marks ရရှိခဲ့တဲ့အတွက် OnePlus 5 ဟာ LEICA Dual Lens Camera သုံးထားတဲ့ Huawei P10 နဲ့ အမှတ်တူညီနေပြီး၊ အရှေ့မှာ Samsung Galaxy S8 က 88 Marks, Google Pixel က 89 Marks နဲ့ အကောင်းဆုံးအနေနဲ့ HTC U11 က 90 Marks ရရှိထားတယ်ဆိုတော့ OnePlus 5 အနေနဲ့ အကောင်းဆုံးဖုန်းကင်မရာလို့ ပြောလို့မရသေးပေမယ့် အခြားဖုန်းအတော်များများထက် ပိုပြီး ကင်မရာကောင်းမွန်တယ်လို့ သုံးသပ်လို့ရပါတယ်။ 

                DxOMark ကတော့ OnePlus 5 ကို အလင်းရောင်ရရှိတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ထွက်ရှိလာတဲ့အရောင်တွေက စစ်မှန်တယ်လို့ပြောကြားခဲ့ပြီး Details တွေအများအပြားပါဝင်အောင် ရိုက်ကူးနိုင်တဲ့အပြင် Autofocus စနစ်က အလွန်လျှင်မြန်ပြီး၊ တိကျစွာ Focus ဖြတ်ယူနိုင်တာတွေကို ချီးကျူးသွားခဲ့ပါတယ်။ 


                Photo Section မှာပဲ DxOMark 87 မှတ်နဲ့ အမြင့်ပိုင်းနေရာကို ရယူထားနိုင်တာမဟုတ်ဘဲ၊ Video ရိုက်ကူးမှုမှာလည်း 86 မှတ်ရရှိခဲ့ပါသေးတယ်။ OnePlus 5 မှာ Video ရိုက်ကူးမှုအတွက်အရေးပါတဲ့ Optical Image Stabilization (OIS) မပါဝင်ပေမယ့် Electronic Image Stabilization (EIS) ကိုတော့ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ EIS က Full HD Video ရိုက်ကူးမှုတွေအတွက်ပဲ အဆင်ပြေပြီး 4K Video ရိုက်ကူးမှုတွေမှာတော့ မကြာခင် Software Update တွေကျမှ  EIS ရရှိသွားမယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ 

                ဒါပေမယ့် DxOMark ကတော့ OnePlus 5 ကို 86 မှတ်ပေးထားတာက Exposure, Contrast နဲ့ White Balance ကောင်းမွန်ပြီး၊ Auto Focus မြန်ဆန်တဲ့အတွက် အခုလို အမှတ်ကောင်းကောင်းရရှိတာလို့ ပြောကြားခဲ့ပါတယ်။ 

                ဘာပဲဖြစ်ဖြစ် OnePlus Company ဟာ OnePlus 3T တုန်းက ကင်မရာပိုင်း အားနည်းတာကို OnePlus 5 မှာ သေသေချာချာကိုပြင်ဆင်ထားနိုင်ခဲ့တယ်ပဲဆိုရမှာပါ။ လက်ရှိ OnePlus 5 ဟာ ဈေးကွက်ထဲမှာ ၆ သိန်းကျော်၊ ၇ သိန်းခန့်ပဲ ရှိတဲ့အတွက် အခြား Performance တူညီတဲ့ Huawei P10, Samsung Galaxy S8 တို့ထက် ဈေးပိုတန်တယ်လို့တောင်ပြောလို့ရမှာဖြစ်ပါတယ်။


References
DxOMark
About Author
Assinged Tags
Huawei P10 Galaxy S8 Camera HTC U Dual Camera Smartphones OnePlus 5 OnePlus Dual Camera Google Pixel DxOmark Benchmark Camera Benchmark
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed