Huawei Mate 10 ရဲ့ ဓာတ်ပုံကို ဖောက်ချလိုက်တဲ့ EVLeaks

date_range 20 September 2017

Huawei Mate 10 ရဲ့ ဓာတ်ပုံကို ဖောက်ချလိုက်တဲ့ EVLeaks

visibility 2440 Views

                Huawei Mate 10 လို့ ယူဆလို့ရတဲ့ ဓါတ်ပုံတစ်ပုံကို ယုံကြည်ရတဲ့ Source တစ်ခုဖြစ်တဲ့ EVLeaks (Evan Blass) က သူရဲ့ Twitter Page မှာ တင်ထားလိုက်ပြီဖြစ်ပါတယ်။

                အခုထွက်ပေါ်လာတဲ့ပုံအရ Huawei Mate 10 ဖုန်းဟာ Samsung Galaxy Note 8 နဲ့ LG V30 တို့လိုပဲ ဖုန်း Screen ရဲ့ အပေါ်နဲ့အောက်မှာ ပိုသေးငယ်သွားတဲ့ Bezel တွေပါဝင်မှာဖြစ်ပြီး၊ ဘေးနှစ်ဖက်ဘောင်တွေကလည်း မရှိသလောက်ပါးလွှာနေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Huawei Mate 10 ကို အမျိုးအစား ၁ ခုထဲမဟုတ်ပဲ ၂ မျိုး ၃ မျိုး အထိ ထုတ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အခု ဓါတ်ပုံက ဘယ်အမျိုးအစားအတွက်လဲတော့ မသိရသေးပါဘူး။

                နောက်ထပ်တစ်ချက်ကတော့ Huawei Mate 10 ရဲ့ အရှေ့ဘက်မှာ Home Key ဒါမှမဟုတ် Fingerprint Scanner မပါဝင်တာပဲဖြစ်ပါတယ်။ တစ်နေ့ကလည်း Huawei ကနေ သူတို့ရဲ့ Facebook Page မှာ Apple iPhone X ရဲ့ Face ID ကို လှောင်ထားတဲ့ Video တစ်ခုကို တင်ထားခဲ့ပြီး၊ Real AI Phone ဆိုပြီး ရေးသားခဲ့တဲ့အတွက် Face Unlock တော့ မသုံးလောက်သေးဘူးလို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Fingerprint ကိုပဲ အနောက်ဖက်မှာ ဆက်လက်သုံးစွဲလာဖို့များပါတယ်။

                Huawei Mate 10 ဖုန်းကို 5.9" AMOLED Quad HD Resolution အသုံးပြုထားတဲ့ Huawei Mate 10 Pro နဲ့ သာမန် Full HD Resolution ကိုပဲ အသုံးပြုထားတဲ့ ပုံမှန် Huawei Mate 10 ဆိုပြီး ထုတ်မယ်လို့ ယူဆရပါတယ်။ Huawei Mate 10 ဖုန်းဟာ AI နည်းပညာကို သူရဲ့ Kirin 970 Processor မှာ တခါတည်း ထည့်သွင်းလာမှာဖြစ်တဲ့အတွက် ပထမဆုံး SOC မှာ AI နည်းပညာပါဝင်တဲ့ Android ဖုန်းတစ်ခုဖြစ်လာမှာပါ။

                Huawei Mate 10 စမတ်ဖုန်းကို လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်ပြီး၊ အောက်တိုဘာလ ၄ ရက်နေ့မှာလည်း Google Pixel 2 ဖုန်းကို ကြေငြာသွားဖို့ရှိတာကြောင့် ဒီနှစ်ကုန်ပိုင်းမှာလည်း စမတ်ဖုန်းအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာဦးမှာပါ။

References
GSM Arena
About Author
Assinged Tags
Artificial Intelligence Huawei Smartphones Chipset Kirin 970 Huawei AI Mate 10 Pro Mate 10
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed