အမျိုးအစားသုံးမျိုးနဲ့ တွေ့မြင်လာရဖွယ်ရှိတဲ့ Huawei Mate 10

date_range 14 September 2017

အမျိုးအစားသုံးမျိုးနဲ့ တွေ့မြင်လာရဖွယ်ရှိတဲ့ Huawei Mate 10

visibility 4640 Views

                Huawei Mate 10 series ကိုတော့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Germany နိုင်ငံမှာ မိတ်ဆက်မှာဖြစ်ပါတယ်။ Huawei ဖုန်းတွေဖြန့်ချိတဲ့ Distributor ဆီကရရှိတဲ့သတင်းအရ ထွက်ရှိလာမယ့် Mate series အသစ်မှာ Standard Huawei Mate 10၊ ဘောင်ပျောက်ဒီဇိုင်းနဲ့ Huawei Mate 10 Pro နဲ့ ဈေးသက်သာမယ့် Huawei Mate 10 Lite ဆိုပြီး သုံးမျိုးထွက်ရှိလာမှာပါ။

                Huawei Mate 10 မှာတော့ Full HD Resolutionနဲ့ 5.9 လက်မရှိမယ့် IPS LCD Display၊ Kirin 970 Chipset ၊ နောက်ဘက်မှာ တော့ အလင်းဝင်အားကောင်းမယ့် f/1.6 aperture နဲ့ Leica Dual Camera တွေပါဝင်မှာဖြစ်ပြီး Fingerprint Scanner ကိုတော့ အရှေ့ဘက် Home Key ထဲမှာ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

                Huawei Mate 10 Pro မှာတော့ ရှေ့ဘက်မှာဘောင်ပျောက်ဒီဇိုင်းနဲ့ Screen အပြည့်ပါ၀င်မှာဖြစ်ပြီး၊ Fingerprint Scanner ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းပေးထားမှာပါ။ Kirin 970 chipset ကိုပဲသုံးထားပြီး QHD resolution နဲ့ AMOLED display ပါဝင်လာမှာဖြစ်ပါတယ်။ Camera ကတော့ Standard Huawei Mate 10 အတိုင်း Leica Dual Camera အသုံးပြုထားမှာဖြစ်ပါတယ်။ ဈေးသက်သာမယ့် Mate 10 lite မှာတော့ Leica Camera ကလွဲလို့ ကျန်တာတွေကတော့ Standard version အတိုင်း ပါဝင်လာပါလိမ့်မယ်။ 

                Huawei အနေနဲ့ Mate 10 ထဲမှာ အသုံးပြုထားမယ့် Kirin 970 Processor မှာ Dual Image Signal Processor ကိုထည့်သွင်းထားတဲ့အတွက် Motion ဓာတ်ပုံတွေရိုက်ကူးတဲ့အခါ Samsung Galaxy S8 ထက် ပိုမိုကောင်းမွန်မယ် လို့ သိရှိထားရပြီး၊ Huawei Mate 10 ဟာ iPhone 8 ထက် လည်းပိုမိုကောင်းမွန်တယ်လို့ ကြွေးကြော်ထားပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ iPhone 8 နဲ့ Samsung Galaxy S8 တို့ထက်ပိုပြီး ကောင်းမွန်မှာလားဆိုတာကို Mate 10 ကို တရား၀င်မိတ်ဆက်တဲ့အခါကျ အတိအကျသိရှိရတော့မှာဖြစ်ပါတယ်။ 

This Article is Contributed By YLin
References
GSM Arena
About Author
Assinged Tags
Android Huawei Android Smartphones Huawei Mate 10 Huawei Mate 10 Pro Mate 10 Pro Huawei Mate 10 Lite Mate 10 Lite Mate 10
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed