Galaxy Note 8 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်၊ ယနေ့မှစ Pre-Order မှာယူနိုင်ပြီ

date_range 19 September 2017

Galaxy Note 8 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်၊ ယနေ့မှစ Pre-Order မှာယူနိုင်ပြီ

visibility 4240 Views

                လွန်ခဲ့တဲ့ သြဂတ်စ်လ၊ ၂၃ ရက်နေ့က US မှာ စတင်မိတ်ဆက်သွားခဲ့တဲ့ Galaxy Note 8 စမတ်ဖုန်းကို မနေ့က မြန်မာနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါတယ်။


                Samsung ရဲ့ Note စီးရီးဖုန်းအသစ်ဖြစ်တဲ့ Galaxy Note 8 မှာ S8 နဲ့ S8+ က Infinity Display ကို ဆက်လက်အသုံးပြုထားပြီး၊ မျက်နှာပြင်အကျယ်က ၆.၃ လက်မ ရှိမှာဖြစ်ပါတယ်။ Galaxy Note 8 ဟာ Note စီးရီးဖုန်းတွေထဲမှာ Screen အကြီးဆုံးဖုန်းလည်း ဖြစ်ပါတယ်။ Display Resolution က QuadHD+ AMOLED Display ဖြစ်ပြီး၊ 18.5:9 Aspect Ratio နဲ့ အသုံးပြုနိုင်မှာပါ။ DisplayMate ကတော့ အခု Not 8 ဖုန်းဟာ Display အကောင်းဆုံးဖုန်းလို့ သတ်မှတ်ပေးထားပါတယ်။

                Note 8 ဟာ Samsung ဖုန်းတွေထဲမှာ Dual Camera Setup အသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်ပြီး၊ ဒုတိယမြောက်ဖုန်းကတော့ မကြာခင်က မြန်မာနိုင်ငံမှာပဲ မိတ်ဆက်သွားခဲ့တဲ့ Galaxy J7+ ဖုန်း ဖြစ်ပါတယ်။

                Galaxy Note 8 ကို Galaxy S8 အတိုင်း Snapdragon 835 Chipset ရယ်၊ Exynos 8895 Chipset ရယ်ဆိုပြီး၊ နိုင်ငံအလိုက် Chipset မော်ဒယ်နှစ်မျိုးနဲ့ ဖြန့်ချိမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်လာမှာကတော့ Exynos 8895 Chipset နဲ့ ဖြစ်မှာပါ။ Chipset နှစ်ခုလုံးက 10nm Chipset တွေဖြစ်ပြီး၊ Clock Speed တွေကအစ သိပ်မကွာတာကြောင့် Performance ကတော့ ကွာခြားဖို့ သိပ်မရှိပါဘူး။ 6 GB RAM, 64 GB Internal Storage တို့ ပါဝင်လာပြီး၊ microSD ကတ်လည်း 256 GB ထပ်စိုက်နိုင်ပါတယ်။


                Note 8 ရဲ့ အထူးခြားဆုံး Feature တစ်ခုဖြစ်တဲ့ Dual Camera Setup မှာ ပိုမိုထူးခြားသွားတာက Camera Sensor နှစ်ခုစလုံးမှာ OIS စနစ်ပါဝင်လာတာဖြစ်ပြီး၊ Samsung ရဲ့ အဆိုအရ ပထမဆုံး Dual Rear Camera, Dual OIS စနစ်သုံး ဖုန်းဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာနှစ်လုံးမှာ တစ်လုံးက f/1.7 Wide-Angel Lens ဖြစ်ပြီး၊ နောက်တစ်လုံးက f/2.4 Telephoto Lens နဲ့ ဖြစ်ပါတယ်။ ကင်မရာရိုက်ကူးတဲ့အခါ Wide-Angel မြင်ကွင်းကျယ်ပုံတွေရော၊ အနီးကပ်ပုံရော တပြိုင်တည်း နှစ်မျိုးလုံးရရှိမှာပါ။ ကင်မရာ Feature တစ်ခုဖြစ်တဲ့ Live Focus ကနေလည်း Bokeh Effect ရဲ့ အပြင်း၊အပျော့ကို ဓာတ်ပုံရိုက်ပြီးရင်တောင် ပြန်ချိန်နိုင်မှာဖြစ်ပါတယ်။ Dual Pixel Sensor ကလည်း အလင်းအားနည်းတဲ့အချိန်မှာတောင် ပုံကောင်းကောင်းထွက်အောင် ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

                Note စီးရီးရဲ့ နာမည်ကျော် S Pen အတွက်လည်း ပိုမိုကောင်းမွန်အောင် Upgrade တွေပြုလုပ်ထားပြီး၊ Pressure Sensitivity Level ပိုများလာသလို၊ S Pen ကိုယ်တိုင်ကလည်း IP68 Rating နဲ့ ရေစိုခံမှာ ဖြစ်ပါတယ်။ S-Pen ရဲ့ တခြား Feature တွေကတော့ Screen ပိတ်ထားရင်းနဲ့ စာမျက်နှာ ၁၀၀ အထိ Note ရေးမှတ်နိုင်မယ့် Screen Off Memo Mode၊ S-Pen နဲ့တင် ထောက်လိုက်တဲ့စာသားကို Translate လုပ်ပေးနိုင်တဲ့ Feature၊ Animated Drawings တွေ ထည့်နိုင်မယ့် Live Messages တို့ ပါဝင်လာပါတယ်။

                Note 8 ကော S-Pen ပါ IP68 Rating နဲ့ဖြစ်ပြီး၊ Wireless Charging, Always-On Display, Iris Scanner, NFC, USB Type-C စတဲ့ အဆင့်မြင့် Feature တွေ အကုန်ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Scanner ကတော့ S8 တို့အတိုင်း ဖုန်းကျောဘက်မှာ တွေ့ရမှာပါ။

                ဘက်ထရီကတော့ 3,300mAh ဘက်ထရီဖြစ်ပြီး၊ အရင်လိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရအောင်လို့ 8-Point Battery Check နဲ့ စစ်ဆေးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

                Samsung Galaxy Note 8 ရဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Galaxy Note 8 Pre-Order အစီအစဉ်


                Samsung Galaxy Note 8 ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ကာ စက်တင်ဘာလ ၁၇ ရက်အတွင်း၊ ပစ္စည်းလက်ကျန်ရှိတဲ့အထိ Pre-Order မှာယူနိုင်မှာဖြစ်ပြီး၊ စျေးနှုန်းကတော့ ကျပ် ၁,၂၇၀,၀၀၀ ( ဆယ့်နှစ်သိန်းခုနစ်သောင်းကျပ်တိတိ) ဖြစ်ပါတယ်။ Pre-Order အတွက် ကျပ်ငါးသောင်းပဲ အရင်သွင်းရမှာဖြစ်ပြီး၊ စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့တို့မှာ သတ်မှတ်ထားတဲ့နေရာ/ဆိုင်တွေမှာ ပစ္စည်းလာထုတ်နိုင်မှာဖြစ်ပါတယ်။

                Pre-Order မှာယူသူတွေအနေနဲ့  Midnight Black၊ Maple Gold နဲ့ Orchid Gray အရောင်သုံးရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ Deep Sea Blue ဆိုတဲ့ အပြာရောင်မော်ဒယ်ပါ မြန်မာနိုင်ငံဝင်ရောက်လာဖို့ ရှိတယ်လို့လည်း သိရပါတယ်။ Pre-Order မှာယူသူတွေအတွက် ကျပ်တစ်သိန်းခွဲတန်ဖိုးရှိတဲ့ Wireless Charger နဲ့ Standing Cover လက်ဆောင်ပစ္စည်းတွေလည်း ပေးအပ်ဖို့ ရှိပါတယ်တဲ့။ ဒါပေမယ့် လက်ဆောင်က အရေအတွက်အကန့်အသတ်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

                Pre-Order မဟုတ်ဘဲ ဒီတိုင်းဝယ်ယူသူတွေကတော့ အောက်တိုဘာလ ၁၆ ရက်မှာ စတင်ဝယ်ယူနိုင်မှာပါ။ Note 8 ဖုန်းဝယ်ယူသူတွေအနေနဲ့ Telenor Myanmar နဲ့ပူးပေါင်းကာ လစဉ် Telenor ဖုန်း Bill ၁၀,၀၀၀ ကျပ်ဖြည့်သွင်းရုံနဲ့ အင်တာနက်လက်ဆောင် 5 GB ကို ခြောက်လဆက်တိုက် ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။

References
Samsung Mobile Myanmar
About Author
Assinged Tags
Samsung Smartphones Local Tech News Galaxy Note 8 Pre-Order
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed