Dual Camera ပါဝင်လာတဲ့ Galaxy J7+ နဲ့ တန်ဖိုးနည်း J7 Core စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

date_range 13 September 2017

Dual Camera ပါဝင်လာတဲ့ Galaxy J7+ နဲ့ တန်ဖိုးနည်း J7 Core စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

visibility 2700 Views

                Samsung Myanmar ဟာ Galaxy J စီးရီးဖုန်းအသစ်နှစ်မျိုးဖြစ်တဲ့ Galaxy J7+ နဲ့ Galaxy J7 Core တို့ကို ယနေ့ပဲ မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ပါတယ်။

Galaxy J7+


                Galaxy J7+ ဟာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ထိုင်းနိုင်ငံမှာ စတင်မိတ်ဆက်သွားတဲ့ J စီးရီး မျိုးဆက်သစ်မော်ဒယ်တစ်ခုဖြစ်ပြီး၊ Samsung ရဲ့ ဒုတိယမြောက် Dual Camera ပါတဲ့ ဖုန်းလို့ ဆိုရင်လည်း မမှားပါဘူး။ Galaxy J7+ မှာ Dual-Camera Setup အပြင် Always-On Display ၊ Bixby Home App နဲ့ Social Media Apps နှစ်ခု တပြိုင်တည်းသုံးနိုင်တဲ့ Dual Messenger တို့လည်း ပါဝင်ပါတယ်။

                Dual-SIM သုံး J7+ ရဲ့ Specifications တွေအနေနဲ့က Quad 2.3GHz+Quad 1.69GHz Processor ကို သုံးထားတယ်ပဲ ဖော်ပြထားပြီး၊ Processor နာမည်နဲ့ မော်ဒယ်မဖော်ပြထားပါဘူး။ ဒါပေမယ့် Octacore 2.3 GHz Processor ဖြစ်နေတာရယ်၊ အရင်က ထွက်ခဲ့တဲ့သတင်းတွေအရဆိုရင်တော့ MediaTek ရဲ့ Helio P20 SoC ဖြစ်ဖို့ သေချာပါတယ်။ Display ကတော့ ၅.၅ လက်မအကျယ် FullHD Super AMOLED Display နဲ့ ဖြစ်ပြီး၊ RAM 4 GB နဲ့ Internal Storage 32 GB တို့ ပါဝင်မှာပါ။ microSD Card အနေနဲ့ 256 GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။ Android 7.1.1 Nougat နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 3,000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။


                Galaxy J7+ မှာ အထူးခြားဆုံးတစ်ခုကတော့ ကျောကင်မရာနှစ်လုံးနဲ့ Dual-Camera Setup ဖြစ်ပါတယ်။ လက်ရှိ Galaxy ဖုန်းတွေထဲမှာ Galaxy Note 8 တစ်လုံးပဲ သူ့အရင် Dual Camera ပါတာဆိုတော့၊ Galaxy J7+ က Samsung ရဲ့ ဒုတိယမြောက် Dual Camera ဖုန်းအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ Dual Camera မှာ တစ်လုံးက f/1.7, 13 Megapixel Camera ဖြစ်ပြီး၊ တွဲဘက်တစ်လုံးက f/1.9 5-Megapixel Camera ဖြစ်ပါတယ်။ အခုခေတ်စားနေတဲ့ Portrait Mode တွေကိုလည်း Live Focus နဲ့ ရိုက်ကူးနိင်မှာပါ။ ရှေ့ကင်မရာကတော့ 16-Megapixel Camera ဖြစ်ပါတယ်။

                ပါးလွှာတဲ့ Aluminium Body ၊ Fingerprint ပါတဲ့ Home Button တို့နဲ့ Galaxy J7+ စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံမှာ ၄၉၅,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ အနက်ရောင်နဲ့ ရွှေရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။


                စတင်ရောင်းချတဲ့အထူးအစီအစဉ်အနေနဲ့ J7+ ဦးဆုံးဝယ်တဲ့အယောက် ၁၀၀ ကို Bluetooth Speaker၊ 5,000 mAh Power Bank နဲ့ Ring Stand တို့ လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ဒီ့အပြင် Ooredoo Myanmar နဲ့ ပူးပေါင်းပြီး Galaxy J7+ ဖုန်းဝယ်သူတွေကို လစဉ်အနည်းဆုံး ၅၀၀၀ ကျပ် ငွေဖြည့်ရုံနဲ့ အင်တာနက်လက်ဆောင် 2.5 GB ကို ခြောက်လဆက်တိုက်ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Galaxy J7 Core


                Galaxy J7+ နဲ့အတူ မြန်မာနိုင်ငံမှာ မိတ်ဆက်သွားတဲ့ J စီးရီးဖုန်းအသစ်ကတော့ J7 Core ဖြစ်ပါတယ်။

                J7 Core ဟာ တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ ၅.၅ လက်မအကျယ် HD Super AMOLED Display ၊ 2GB RAM နဲ့ 1.6 GHz Octa Core Processors တို့ကို အသုံးပြုထားပါတယ်။ Internal Storage ကတော့ 16 GB ရှိပြီး၊ microSD ကတ်ကို 256GB အထိ ထပ်စိုက်နိုင်ပါတယ်။ Android Nougat နဲ့ပဲ ဖြစ်ပြီး၊ ဘက်ထရီကတော့ 3,000 mAh ဘက်ထရီပါ။

                J7 Core မှာလည်း Dual Messenger Feature ပါလာမှာပါ။ Camera ကတော့ 13-megapixel ကျောကင်မရာနဲ့ LED နဲ့ Screen Flash ပါဝင်တဲ့ 5-megapixel ရှေ့ကင်မရာတို့နဲ့ ဖြစ်ပါတယ်။

                Samsung Galaxy J7 Core စမတ်ဖုန်းကိုတော့ မြန်မာငွေ ၂၃၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင်၊ အပြာရောင်ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်နိုင်မှာပါ။ ဒီ့အပြင် Ooredoo Myanmar နဲ့ ပူးပေါင်းပြီး၊ လစဉ်အနည်းဆုံး ဖုန်းငွေ ၅၀၀၀ ဖြည့်သွင်းရုံနဲ့၊ ခြောက်လဆက်တိုက် အင်တာနက်လက်ဆောင် 2GB လည်း ရရှိသွားမှာဖြစ်တယ်လို့ Samsung Myanmar ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

                ယခုဖုန်းနှစ်လုံးရဲ့ Specifications အပြည့်အစုံကို ကျနော်တို့ရဲ့ Mobile Finder ကဏ္ဍမှာ မကြာမီဖြည့်သွင်းပေးသွားပါမယ်။

References
Samsung Myanmar
About Author
Assinged Tags
Samsung Smartphones Samsung Galaxy Local Tech News Dual Camera Smartphones Galaxy J7+ Galaxy J7 Core
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed