ပထမဆုံးအသုတ်မှာတင် ၅၈ စက္ကန့်အတွင်း အကုန်ရောင်းချခဲ့ရတဲ့ Xiaomi Mi MIX 2

date_range 16 September 2017

ပထမဆုံးအသုတ်မှာတင် ၅၈ စက္ကန့်အတွင်း အကုန်ရောင်းချခဲ့ရတဲ့ Xiaomi Mi MIX 2

visibility 4300 Views

                စက်တင်ဘာလ ၁၁ ရက်နေ့က မိတ်ဆက်ခဲ့တဲ့ Xiaomi Mi MIX 2 ဖုန်းကို မနေ့က တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အချိန်အကန့်အသတ်နဲ့ ရောင်းချခဲ့ရာမှာ ၅၈ စက္ကန့်အတွင်း အကုန်ရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

                Xiaomi အနေနဲ့ Mi MIX 2 ဖုန်းကို အခုပထမဆုံးအကြိမ်ရောင်းချရာမှာ အလုံးရေဘယ်လောက်ထိ  တင်ရောင်းခဲ့လဲဆိုတာ တရားဝင်ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် Mi MIX 2 ကို Pre-Order စဖွင့်ကတည်းက JD.com ကနေ Pre-Order မှာယူမှု ၃ သိန်းကျော်နဲ့ Xiaomi ရဲ့ တရားဝင်အွန်လိုင်းစတိုး Mi Mall မှာတင် အလုံးရေ ၇ သိန်းကျော် Pre-Order တက်ခဲ့တာကြောင့် Pre-Order အရေအတွက် တစ်သန်းကျော် ရှိခဲ့ပါတယ်။ Mi MIX 2 ကို ဒီစတိုးနှစ်ခုအပြင်၊ တရုတ်နိုင်ငံတွင်းက တခြားစတိုးတွေမှာလည်း Pre-Order မှာယူနိုင်တာကြောင့်၊ Pre-Order အရေအတွက်က ဒီထက်များနိုင်ပါတယ်။


                အခုပထမတစ်သုတ်မှာ အလုံးရေအကုန်ရောင်းချခဲ့ရပေမယ့်၊ Xiaomi အနေနဲ့ သူတို့လက်ထဲမှာ Mi MIX အလုံးရေ လုံလုံလောက်လောက်ကျန်သေးပြီး၊ ဒုတိယအသုတ်ရောင်းချမှုကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဝယ်ယူချင်သူတွေအနေနဲ့ ပစ္စည်းပြတ်မှာ စိတ်ပူစရာမလိုဘဲ၊ Mi MIX 2 ကို အလုံးရေအမြောက်အများထုတ်လုပ်လျက်ရှိကြောင်းလည်း Xiaomi က ပြောကြားထားပါတယ်။

                Xiaomi Mi MIX 2 နဲ့ အတူတူမိတ်ဆက်ခဲ့တဲ့ Xiaomi Mi Note 3 ကိုလည်း မနေ့က (စက်တင်ဘာ ၁၅ ရက်) ပဲ ရောင်းချခဲ့တာဖြစ်ပေမယ့်၊ Mi Note 3 ရောင်းချရမှုအကြောင်းကိုတော့ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

                Global ROM အသုံးပြုမယ့် Xiaomi Mi MIX 2 ကို အိန္ဒိယနိုင်ငံမှာ မကြာခင်ရောင်းချသွားဖို့လည်း ရှိပါတယ်။
 

References
Gadgets NDTV Android Headlines
About Author
Assinged Tags
Xiaomi China Mi MIX 2 Mi Note 3 Flash Sale
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed