အိန္ဒိယနိုင်ငံမှာ Mi MIX 2 ကို မကြာမီရောင်းချသွားမည်

date_range 13 September 2017

အိန္ဒိယနိုင်ငံမှာ Mi MIX 2 ကို မကြာမီရောင်းချသွားမည်

visibility 420 Views

                Xiaomi ကနေ တနေ့ကမှ တရားဝင်မိတ်ဆက်ခဲ့တဲ့ Mi MIX 2 စမတ်ဖုန်းကို အိန္ဒိယမှာ မကြာမီ တရားဝင်ရရှိနိုင်လိမ့်မယ်လို့ Xiaomi ရဲ့ Global Vice President ဖြစ်တဲ့ Xiang Wang က အတည်ပြုပေးခဲ့ပါတယ်။


                ဒါပေမယ့်လည်း ရရှိနိုင်မယ့် အချိန်အတိအကျကိုတော့ ပြောဆိုသွားခြင်းမရှိပါဘူး။ သတင်းတွေအရတော့ အိန္ဒိယမှာ ပွဲတော်ရာသီတွေစတင်မယ့် နောက်လထဲဖြစ်ဖို့များပါတယ်။ အများအားဖြင့် အိန္ဒိယမှာ မိတ်ဆက်တဲ့အလုံးတွေက Global ROM အလုံးတွေဖြစ်တာကြောင့် Mi MIX 2 ကိုလည်း တစ်ကမ္ဘာလုံးဖြန့်ချိသွားဖို့ ရှိသလို၊ Global ROM လည်း ထွက်လာဖို့ ရှိပါတယ်။

                လောလောဆည်တော့ အိန္ဒိယမှာရောင်းချမယ့် Mi MIX 2 ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ တရုတ်ပြည်မှာတော့ RAM 6 GB, Internal Storage 64 GB Version ကို CNY 3,299 (USD 505)၊ RAM 6 GB, Internal Storage 256 GB Version ကို CNY 3,999 (USD 610) နဲ့ဝယ်ယူရှိနိုင်နေပြီဖြစ်ပြီး၊ RAM 8 GB Version ကတော့ USD 835 လောက်ကျသင့်ပါလိမ့်မယ်။

This Article is Contributed by YLin
References
GSM Arena
About Author
Assinged Tags
Xiaomi India Smartphones Xiaomi Mi MIX 2 Mi MIX 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed