OnePlus ဆိုတဲ့ Flagship Killer ဆိုတာဘာလဲ? ဘာလို့ OnePlus 5 ကို စောင့်ကြည့်သင့်သလဲ?

date_range 16 June 2017

OnePlus ဆိုတဲ့ Flagship Killer ဆိုတာဘာလဲ? ဘာလို့ OnePlus 5 ကို စောင့်ကြည့်သင့်သလဲ?

visibility 3820 Views

                မကြာခင် ဂျွန် လ ၂၀ ရက်နေ့မှာ OnePlus ကနေဖုန်းအသစ်ဖြစ်တဲ့ One Plus 5 ကို ထုတ်ဖော်ပြသတော့မှာဖြစ်ပါတယ်။ သတင်းမီဒီယာတွေတော်တော်များများက အာရုံစိုက်ပြီး စောင့်မျှော်နေတဲ့ဖုန်းတစ်ခုဖြစ်တယ်ဆိုတာကတော့ နေရာတိုင်းမှာ OnePlus 5 သတင်းတွေကို မြင်နေရတာက သက်သေပြနေမှာဖြစ်ပါတယ်။

                ဒါပေမယ့် OnePlus ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့သူတွေအတွက် OnePlus ရဲ့ သမိုင်းကြောင်း အကျဉ်းချူပ်၊ ထွက်ရှိခဲ့တဲ့ဖုန်းတွေအကြောင်းနဲ့ ဘာလို့ အခုထွက်မယ့် OnePlus 5 က လက်ရှိဖုန်းလောကမှာ အရေးကြီးသလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

                လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Oppo ရဲ့ Vice President ဖြစ်တဲ့ Pete Lau ဟာ Oppo ကနေထွက်ခွာပြီး ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်မှာပဲ OnePlus ဖုန်းကုမ္ပဏီကို Co-Founder ဖြစ်လာမယ့် Carl Pei နဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ်။ OnePlus ကိုစတင်တည်ထောင်တဲ့ရည်ရွယ်ချက်က နေ့စဉ်အသုံးပြုမှုတွေမှာ ပိုပြီး Improve ဖြစ်လာဖို့လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် OnePlus ကထုတ်လုပ်တဲ့ဖုန်းတွေဟာ Android ကို အသုံးပြုပေမယ့် အခြား Brand တွေလိုမျိုး Customization တွေ၊ အခြား built in ပါလာတဲ့ အသုံးမလိုတဲ့ Software တွေပါလာမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ Company ရဲ့ ဆောင်ပုဒ်ကိုလည်း Never Settle ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ 

OnePlus One : The Original Flagship Killer


                OnePlus Company တည်ထောင်ပြီး ပထမဆုံးဖုန်းအနေနဲ့ OnePlus One Smartphone ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ မှာ စတင်ကြေငြာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ထွက်ရှိခဲ့တဲ့ Flagship ဖုန်းဖြစ်တဲ့ Samsung Galaxy S5 နဲ့ ယှဉ်ပြပြီး S8 ရဲ့ ဈေးနှုန်း $699 ထက် One Plus One ဖုန်းတွေက တဝက်နီးပါးပိုနည်းတဲ့ $299 - 16GB, $349 - 64GB ဈေးသာရှိတဲ့အတွက် Flagship Killer ဆိုပြီး စတင်ကြော်ငြာလာခဲ့ပါတယ်။ One Plus One ကိုထုတ်တဲ့အချိန်တုန်းက CyanogenOS နဲ့လည်း Exclusive Licensing ရယူနိုင်ခဲ့တဲ့အတွက် One Plus One ဟာ Cyangoen Mods 11S ကိုအသုံးပြုလာခဲ့ပါတယ်။ 


                OnePlus One မှာ အားနည်းချက်လို့ ပြောနိုင်တာကတော့ ရောင်းချတဲ့အချိန်မှာ Online Sale ကနေတစ်ဆင့် တိုက်ရိုက်ဝယ်ယူလို့ မရပဲ Invite ပြန်လည်လက်ခံရရှိမှသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြေငြာပြီး လအနည်းငယ်အကြာမှာ One Plus ကို ဝယ်ယူတဲ့သူ 1.5 Millions ပြည့်ခဲ့ပါတယ်။ 

OnePlus 2 : Still with Invites


                OnePlus Company ရဲ့ ဒုတိယမြောက်ဖုန်းဖြစ်တဲ့ OnePlus 2 ကို ၂၀၁၅ ခုနှစ်၊ ဂျူလိုင်လ ၂၇ ရက်နေ့ မှာစတင်ကြေငြာခဲ့ပြီး OnePlus ရဲ့ အအောင်မြင်ဆုံးဖုန်းတစ်ခုဖြစ်ခဲ့သလို ၂၀၁၅ ခုနှစ်ရဲ့ Flagship Killer ဖုန်းအဖြစ်သတ်မှတ်ခဲ့ကြပြန်ပါတယ်။ YouTube နာမည်ကြီး Tech Reviewer Channel ဖြစ်တဲ့ MKBHD ကလည်း OnePlus 2 စတင်ပြီး Review လုပ်ခဲ့သလို အခြားသော Tech Media တွေရဲ့ အာရုံစိုက်မှုကိုလည်းပိုခံခဲ့ရပါတယ်။ 

                OnePlus 2 ဖုန်းမှာနောက်ပိုင်း One Plus ဖုန်းတွေရဲ့ Trademark Features တစ်ခုဖြစ်လာမယ့် Alert Slider စတင်ပါဝင်လာပြီးတော့ အဲ့ဒီအချိန်က အကောင်းဆုံး CPU ဖြစ်တဲ့ Qualcomm Snapdragon 810, 3/4GB RAM, 16/64GB Storage ကို အသုံးပြုထားတဲ့ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက OnePlus 2 ဟာ Fingerprint Scanner နဲ့ USB Typc C ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး ပထမဦးဆုံး USB Type C အသုံးပြုခဲ့တဲ့ဖုန်းတွေအထဲမှာပါဝင်ခဲ့ပါတယ်။ 

                OnePlus 2 မှာ နည်းနည်းကချော်ကချွတ်ဖြစ်သွားတဲ့နေရာရှိခဲ့ပြီး အဲ့ဒါက One Plus 2 ရဲ့ Live Streaming Event မှာဖြစ်ပါတယ်။ Launch Event မှာ တပ်ရောက်တဲ့သူတွေကို Google Cardboard တပ်ပြီး VR နဲ့ Software ကတစ်ဆင့် ကြည့်ရှုစေခဲ့ပြီးတော့ အဲ့ဒါကအချို့သော ပွဲတက်ရောက်သူတွေကို ကသိကအောက်ဖြစ်စေခဲ့ပါတယ်။ OnePlus 2 က အကောင်းပြောခံခဲ့ရတဲ့ဖုန်းတစ်ခုဖြစ်ခဲ့ပြီး NFC Features မပါဝင်တာကိုပဲ ဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Invite System ကို ဖျက်သိမ်းခဲ့ပြီး Online ကနေပဲ အလွယ်တကူဝယ်လို့ရလာခဲ့ပါတယ်။ 

OnePlus X : One and Only One Plus Mid Range Phone


                ၂၀၁၅ ခုနှစ်မှာပဲ အောက်တိုဘာလ ၂၉ ရက်နေ့ ရက်မှာ OnePlus ဟာ နောက်ဆုံးထွက်အကောင်းဆုံးကုန်ပစ္စည်းတွေနဲ့ Flagship Killer ဖုန်းတွေချည်းပဲထုတ်နေရာကနေ OnePlus X ဆိုပြီး Mid Range ဖုန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

                Mid Range ဖုန်းဖြစ်ပေမယ့် Mid Range Processor ကိုသုံးတာမဟုတ်ပဲ ယခင် OnePlus One တုန်းက သုံးခဲ့တဲ့ Specification တွေကိုပဲပြန်သုံးထားပြီး One Plus ဖုန်းတွေထဲမှာ ပထမဆုံး Creamic Body နဲ့ AMOLED သုံးခဲ့တဲ့ဖုန်းဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ $249 ဝန်းကျင်နဲ့သာ ရောင်းချခဲ့ပြီး အစပိုင်း Invite System နဲ့ရောင်းချပေမယ့် မကြာခင်အချိန်အတွင်းမှာပဲ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ ယခင်ကထုတ်ခဲ့တဲ့ဖုန်း ၂ မျိုးလို အောင်မြင်မှုမရရှိခဲ့ပဲ One Plus ကနေ နောက်ပိုင်းမှာ Support ပေးတာကို ရပ်ဆိုင်းလိုက်တဲ့အပြင် OnePlus X ရဲ့ နောက် Generation ကို ထုတ်လုပ်မှာမဟုတ်တော့ဘူးဆိုတာကို ကြေငြာခဲ့ပါတယ်။ 

OnePlus 3 : Invites Free


                OnePlus ကနေ OnePlus X မအောင်မြင်ခဲ့တဲ့နောက်ပိုင်းမှာ Mid Range အစား မူရင်းလမ်းကြောင်းဖြစ်တဲ့ Flagship Killer ဈေးကွက်ကို OnePlus 3 နဲ့ ၂၀၁၆ ခုနှစ်၊ ဂျွန်လ ၁၄ ရက်နေ့ မှာ ပြန်လည်ထိုးဖောက်ခဲ့ပါတယ်။ အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်ကို အာမခံနေတဲ့အတိုင်း Snapdragon 820 CPU, 6GB DDR4 RAM, 64GB UFS Storage, 16 Megapixel Sony IMX 298 Camera တွေက ၂၀၁၆ ခုနှစ်မှာ အမြန်ဆုံးဖုန်းတစ်လုံးဖြစ်စေခဲ့သလို Design အရလည်း ပါးလွှာပြီး ဘေးဘောင်မရှိသလောက်ကျဉ်းတဲ့ Metal Body နဲ့ ပေါင်းစပ်လိုက်တာက Tech Media အားလုံးရဲ့ Review တွေမှာ ချီးကျူးခံခဲ့ရပါတယ်။

                OnePlus 3 မှာ Dash Charge ဆိုတဲ့ Oppo ရဲ့ VOOC Charging စနစ်ကို အဆင့်မြှင့်ထားတဲ့ Charging စနစ်ပါဝင်လာခဲ့ပြီး 0-60% အထက်ကို နာရီဝက်အားသွင်းရုံနဲ့ ပြည့်စေခဲ့ပါတယ်။ နောက်ထပ် Dash Charge ရဲ့ အားသာချက်က အားသွင်းတဲ့အချိန်မှာ ဖုန်းမပူစေပဲနဲ့ ဖုန်းသုံးနေတုန်းအားသွင်းထားရင်တောင် အားအဝင်နှေးသွားတာမျိုး မဖြစ်စေတာပဲဖြစ်ပါတယ်။ OnePlus 2 ရဲ့ အားနည်းချက်ဖြစ်ခဲ့တဲ့ NFC Feature လည်းပါဝင်လာတဲ့အတွက်ကြောင့် ဘက်စုံ အားနည်းချက်ဆိုပြီးပြောလို့မရတဲ့ဖုန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ 

OnePlus 3T : The Best Flagship Killer Got Even Better


                OnePlus 3 ထွက်ရှိပြီး ၆ လအကြာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ OnePlus ကနေ One Plus 3 ကို အနည်းငယ်အတွင်းပိုင်းအဆင့်မြှင့်တင်ထားတဲ့ OnePlus 3T ဖုန်းကို ကြေငြာခဲ့ပါတယ်။ ဈေးကွက်ပြိုင်ဆိုင်မှုအရ Snapdragon 820 CPU ကို အနည်းငယ်ပိုမြန်တဲ့ Snapdragon 821 CPU နဲ့ လဲလှယ်ပေးခဲ့ပြီး 128GB Storage Option ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ Front Selfie Camera ကိုလည်း 16 Megapixels ကိုမြှင့်တင်ပေးခဲ့ပြီး သိသာတဲ့မြှင့်တင်မှုကတော့ Battery ကို အလေးချိန်မပိုသွားစေပဲနဲ့ 3000mAh ကနေ 3400mAh ကိုတိုးမြှင့်နိုင်ခဲ့တာပါ။ 

                အပြင်ပန်းမှာတော့ ပြောင်းလဲခြင်းမရှိပေမယ့် OnePlus 3T ကိုခွဲခြားနိုင်အောင် သီးသန့် Gunmetal Color ထုတ်ပေးခဲ့ပြီး ယခင် OnePlus 3 ရဲ့ Silver Color ကို အစားထိုးခဲ့ပြီး နောက်ပိုင်း Midnight Black Limited Edition ဆိုပြီး အနက်ရောင်ဖြင့်ပါထုတ်လုပ်လာခဲ့ပါတယ်။ အများကြီး အဆင့်မြှင့်တင်မှုတွေမပြုလုပ်ခဲ့ပေမယ့် အဲ့ဒီအချိန်က Xiaomi Mi5s, Samsung Galaxy S7, Google Pixel ဖုန်းတွေကိုကျော်ပြီး Recommend ပေးခံခဲ့ရလောက်အောင် ကောင်းတဲ့ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။ 

OnePlus 5 : Will It Meet Our Expectation? 


                OnePlus 5... မကြာခင် ဂျွန်လ ၂၀ ရက်နေ့မှာ One Plus ရဲ့ 6 ခုမြောက်ဖုန်းဖြစ်လာမယ့် OnePlus 5 ကိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ OnePlus 4 မဖြစ်ခဲ့တာကတော့ တရုတ်နိုင်ငံမှာ No.4 ကို ကံမကောင်းစေတဲ့နံပါတ်အဖြစ်သိကြတဲ့အတွက် ကျော်လိုက်တာဖြစ်ပါတယ်။

                ကျွန်တော်တို့ လက်ရှိတရားဝင်သိထားသမျှကတော့ One Plus 5 က Dual Camera သုံးလာမယ်၊ Snapdragon 835 SoC နဲ့ ဖြစ်မယ်၊ လက်ရှိ Flagship ဖုန်းတွေထဲမှာ အပါးဆုံးဖုန်းဖြစ်မယ်၊ နောက်ပြီး တရားဝင်ကြေငြာထားတဲ့ Teaser ဓါတ်ပုံအရ အမည်းရောင်နဲ့ အဓိကထုတ်လာမှာဖြစ်ပြီးတော့ ဒီဇိုင်းက Apple iPhone Design နဲ့ ဆင်တယ်လို့ ပြောလို့ရမယ်။ Apple iPhone 7 Plus နဲ့ ဒီဇိုင်းဆင်တူနေတဲ့ကိစ္စကိုတော့ OnePlus Co-Founder Carl Pei က သူ့ရဲ့ Twitter Account မှာ OnePlus 3 တုန်းကလည်း မထွက်ခင်က အခြားဖုန်း Design ဆိုပြီး ဝေဖန်ခဲ့ကြပေမယ့် တကယ်ထွက်တဲ့အချိန်မှာ ဝေဖန်သံပျောက်သွားသလိုပဲ OnePlus 5 ကလည်း အဲ့ဒီအတိုင်းဖြစ်မယ်လို့ ရေးသားခဲ့ပါတယ်။ 

                ဘယ်လိုပဲဖြစ်ပါစေ။ OnePlus က ၁ နှစ်ကို ပုံမှန် ဖုန်း ၁ လုံး၊ ၂ လုံးလောက်ပဲ ထုတ်လုပ်တာဖြစ်တဲ့အတွက် Build Quality ပိုင်းအလွန်ကောင်းမွန်တဲ့ဖုန်းတွေထဲမှာပါဝင်ပြီးတော့ Software ပိုင်းအရလည်း သူ့ရဲ့ အခု Oxygen OS ဟာ Android ကို အခြေခံထားပြီး Bloatware တွေမပါဝင်တဲ့အတွက် အလွန်ပေါ့ပါးတဲ့အပြင် သုံးစွဲသူတွေလိုအပ်မယ့် Features တွေကိုပါ ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ OnePlus ဖုန်းတွေက Update ရရှိမှုမြန်ဆန်ပြီးတော့ Google ကထုတ်လုပ်တဲ့ Nexus, Pixel ဖုန်းတွေပြီးရင် ဒုတိယ Update အမြန်ဆုံးလို့တောင်ပြောလို့ရပါတယ်...အခုလည်း Android O ကို OnePlus 3/3T တွေအတွက် Update ရမယ်ဆိုတာကို တလောက ထုတ်ပြန်ခဲ့ပါတယ်။

                OnePlus 5 က ဒီနှစ်မှာလည်း အရှေ့ကထွက်ခဲ့တဲ့ Flagship Killer တွေလိုပဲ အကောင်းဆုံးဝေဖန်မှုတွေကို ခံရမလား.. ကျွန်တော်တို့မှန်းထားသလို မဖြစ်လာပဲ စိတ်ပျက်စေမလားကတော့ ဒီလ (ဂျွန်) ၂၀ ရက်နေ့ကိုပဲ စောင့်ကြည့်လိုက်ရအောင်လား ခင်ဗျာ...။

References
TechX Myanmar Wikipedia
About Author
Assinged Tags
Smartphones OnePlus 5 OnePlus OnePlus One OnePlus 3 OnePlus 3T OnePlus 2 OnePlus X OxygenOS
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed