Apple Event မကျင်းပမီ App ထဲမှာ “Apple Watch Series 3” ကို ဖော်ပြထားတဲ့ Verizon

date_range 11 September 2017

Apple Event မကျင်းပမီ App ထဲမှာ “Apple Watch Series 3” ကို ဖော်ပြထားတဲ့ Verizon

visibility 400 Views

                ကြည့်ရတာ Verizon အနေနဲ့ Apple Event အပြီးထိအောင် မစောင့်နိုင်တော့ဘူး ထင်ပါတယ်။ စပ်စပ်စုစု Developer တွေနဲ့ Apple Fan တွေအနေနဲ့ Apple Event မတိုင်ခင် ရှာဖွေ၊ မွှေနှောက်ကြည့်ကြရာမှာ Verizon App ထဲမှာ “Apple Watch Series 3” ဆိုတဲ့ နာမည်ကို ဖော်ပြထားတာကို တွေ့ရှိခဲ့ကြပါတယ်။

                Verizon App ထဲက Device Details ဆိုတဲ့ နေရာမှာ “Apple Watch Series 3” ဆိုတာကို ဖော်ပြထားတယ်ဆိုတော့ Apple က နောက်ထပ်မိတ်ဆက်သွားမယ့် Apple Watch အသစ်ဟာ “Apple Watch Series 3” လို့ အမည်ပေးထားတယ်ဆိုတာ သေချာသလောက်သွားပါပြီ။ အသေချာကြီး မဟုတ်သေးဘူးဆိုတာကလည်း Verizon အနေနဲ့ မျိုးဆက်သစ် Apple Watch ကို မိတ်မဆက်ခင်မှာ Backend ကို ကြိုတင်ပြင်ဆင်နေတာမို့လို့ အမည်ကို Placeholder သဘောမျိုး သုံးထားတာလည်း ဖြစ်နိုင်ပါတယ်။


                နောက်တစ်ချက်က Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ ပါဝင်တဲ့ Watch App အသစ်မှာလည်း “Apple Watch Series 3” ရဲ့ ပုံရိပ်ကို ပြသထားပါတယ်။ ဒါပေမယ့် ပုံရိပ်လေးပဲ ပြထားတာ ဖြစ်ပါတယ်။ နာမည်အတိအကျကိုတော့ Code တွေထဲမှာမတွေ့ရပါဘူးလို့ iOS Developer တစ်ယောက်ဖြစ်တဲ့ Filipe Espósito က Code တွေနှင့်တကွ Tweet လုပ်ထားတယ်ဆိုတော့ တရားဝင်နာမည်ကတော့ ဘာဖြစ်မလဲ ရေရေရာရာ မရှိပါဘူး။

                နောက်ပြီး၊ “Apple Watch Series 3” ဟာ LTE Support ပါဝင်လာမယ်ဆိုတာ သေချာသွားပါပြီ။ ဘာလို့လဲဆိုတော့ “Apple Watch Series 3” ကို Verizon App ထဲမှာ တွေ့လို့ပါပဲ။ Verizon ဆိုတာ အမေရိကန်နိုင်ငံက Telecomm Service ကုမ္ပဏီတစ်ခုပါ (မြန်မာနိုင်ငံက MPT, Telenor, Ooredoo တို့လိုပေါ့)။ LTE Support မပါဘူးဆိုရင် Verizon အနေနဲ့ “Apple Watch Series 3” ကို App ထဲမှာ ပြထားစရာ အကြောင်းမရှိပါဘူး။

                မနက်ဖြန်ဆိုရင်ပဲ Apple Event က ကျင်းပတော့မှာဆိုတော့ အခုခန့်မှန်းထားတာတွေ၊ Leaked ဖြစ်ထားတာတွေ၊ ကောလဟာလသတင်းတွေဟာ မှန်လား၊ မမှန်လား စောင့်ကြည့်ကြတာပေါ့။

References
9to5Mac
About Author
Assinged Tags
Apple Watch LTE Built-In LTE Apple Verizon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed