ဒီနေ့ညကျင်းပတော့မယ့် Apple Event ကို ကြိုတင်ရင်ခုန်ခြင်း

date_range 12 September 2017

ဒီနေ့ညကျင်းပတော့မယ့် Apple Event ကို ကြိုတင်ရင်ခုန်ခြင်း

visibility 1040 Views

                ဒီနေ့ညကျင်းပတော့မယ့် Apple Event ဟာ အရင်ကျင်းပခဲ့တဲ့ Apple Event တွေနဲ့တူမှာတော့ မဟုတ်ပါဘူး။ Apple တို့ရဲ့ အရေးကြီးဆုံး Product တစ်ခုဖြစ်တဲ့ iPhone ဆယ်နှစ်ပြည့်လည်း ဖြစ်တာကတစ်ကြောင်း၊ ဆယ်နှစ်ပြည့် iPhone က ဘယ်လိုများ Smartphone လောကကို လှုပ်ခတ်စေလိမ့်မလဲဆိုတာက တစ်ကြောင်း၊ ကောလဟာလတွေက တစ်ကြောင်း၊ အတိုက်အခိုက်တွေကလည်း အပါအဝင်ဆိုတော့ ဒီနေ့ပွဲက သာမန် Apple Event နဲ့မတူပဲ ထူးခြားနေတာဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ TechX Team ကလည်း ဒီနေ့ပွဲမှာ ဘာတွေမိတ်ဆက်သွားဖို့ရှိလဲ ရင်ခုန်ကြည့်တယ်ပေါ့ …

New iPhones


                ဒီနေ့ညပွဲမှာ Highlight ဖြစ်မှာသေချာတဲ့ Product တစ်ခုကတော့ တစ်နှစ်မှတစ်ခါသာ အသစ်ထွက်တဲ့ iPhone တွေပါ။ iPhone တွေလို့ ပြောရတာကလည်း ကောလဟာလသတင်းတွေကြောင့်ပါ။ iPhone 3Gs ထဲကလုပ်လာတဲ့ Apple ထုံးစံအရ Model Name တွေနောက်က “S” တွေ ထည့်တတ်တယ်ဆိုတော့ iPhone 7s နဲ့ iPhone 7s Plus ဆိုပြီး မိတ်ဆက်သွားဖို့ ရှိပါတယ်။

                နောက်ထပ်ပြီးတော့လည်း iPhone ဆယ်နှစ်ပြည့်ဖြစ်တာမို့လို့ iPhone X ဒါမှမဟုတ် iPhone Pro ဆိုပြီး နောက်ထပ် iPhone အသစ်တစ်မျိုး မိတ်ဆက်သွားဖို့ ရှိပါသေးတယ်။ ဒါပေမယ့် Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ iPhone X ဆိုပြီးတော့ တွေ့ရှိရပါတယ်။ ဒါ့အပြင် Home Button ကို ဖျောက်ပစ်မှာဖြစ်ပြီး၊ Status Bar UI ကလည်း ပြောင်းလဲသွားပါတယ်။ FaceID, OLED Display, A11 Chip စတာတွေလည်း ပါဝင်ဦးမှာပါ။

                ကျွမ်းကျင်သူတွေ ကတော့ iPhone X ဟာ တော်တော်လေးကို Advanced ဖြစ်မယ့် iPhone Version လို့ ခန့်မှန်းထားကြပါတယ်။

Apple Watch Series 3


                iPhone တွေပြီးရင် ရောင်းအားကောင်းပြီး၊ အောင်မြင်တယ်လို့ ပြောလို့ရတဲ့ Apple Watch တွေ လာမယ်ပေါ့။ Apple Watch Series 3 လို့ ခေါ်မလား၊ မခေါ်မလားကတော့ မသေချာပါဘူး။ ဒါပေမယ့် Verizon App ထဲမှာတောင် ပါလာပြီဆိုတော့ LTE Support ပါဝင်လာမယ်ဆိုတာ သေချာနေပါပြီ။ 

                LTE Support ပါလာတယ်ဆိုပေမယ့် Battery Life ကတော့ ကျဆင်းသွားဖို့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အရင်က ၁၅ နာရီလောက်နီးပါး အသုံးခံနိုင်တဲ့ Battery Life ကတော့ သိသိသာသာ ကျဆင်းသွားမှာပါ။

                Leaked iOS 11 GM Built ထဲက Watch App ထဲမှာတော့ Watch က Digital Crown လေးဟာ အနီရောင်ပြောင်းသွားတာကို တွေ့ရပါတယ်။ အပြင်ပန်းဒီဇိုင်းကတော့ သိသိသာသာကြီး ပြောင်းလဲသွားတာတော့ မရှိပါဘူး။ Apple Watch Series 2 နဲ့ တစ်ပုံစံထဲပဲ ဖြစ်ပါတယ်။ 

Apple TV


                ဒီနှစ်မှာတော့ Apple အနေနဲ့ Apple TV ကို Amazon, Roku တို့ Chromecast တို့နဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် 4K Support ထည့်သွင်းပေးသွားနိုင်ပါတယ်။ အကယ်လို့ 4K Support ပါလာခဲ့ရင်တော့ Apple TV ဟာ အရင်ကထက် အရောင်းသွက်လာမှာ ဖြစ်ပါတယ်။ 

                သို့ပေမယ့်လည်း Apple TV ဟာ ပြိုင်ဘက်တွေထက်စာရင်တော့ Apple ထုံးစံအတိုင်း ဈေးကတော့ ကြီးနေဆဲပဲ ဖြစ်ပါတယ်။ နောက်ပြီး tvOS ကို App နဲ့တူတဲ့ UI ဖြစ်နေပြီး TV Channel အတွေ့အကြုံမျိုး မရရှိဘူးလို့ ဝေဖန်ခြင်းတွေလည်း ခံခဲ့ရပါသေးတယ်။ ဒီတော့ Apple အနေနဲ့ Apple TV နဲ့ ပက်သတ်ပြီး ဘာတွေလုပ်သွားမလဲဆိုတာကတော့ …

iOS 11 and macOS High Sierra


                iOS 11 ကတော့ iOS သက်တမ်းမှာ Bug အများဆုံးဖြစ်ပါတယ်။ Beta Version အများကြီး ထွက်ရှိပြီးနောက်မှာလည်း GM Built က Leak ဖြစ်ခဲ့ပါသေးတယ်။ Leaked Version ထဲမှာတော့ အရေးကြီးတဲ့ အပြောင်းအလဲတစ်ချို့ကို တွေ့ခဲ့ရပေမယ့် တကယ့်မိတ်ဆက်မယ့် GM Version မှာလည်း Features အသစ်တွေ ပါဝင်လာနိုင်ပါတယ်။


                macOS High Seirra ကတော့ Beta Version မှာထဲကကို Game Developer, Swift Developer တွေအပြင် တစ်ချို့ အသုံးပြုသူတွေပါ စိတ်ကြိုက်တွေ့ခဲ့ပါတယ်။ အပြောင်းအလဲတွေ သိပ်မများဘူးဆိုပေမယ့် အရင်ကထက် ပိုကောင်းလာမှာဆိုတော့ Mac သမားတွေ (ကျနော် အပါအဝင်ပေါ့) စောင့်မျှော်နေကြပါတယ်။ ဒီနေ့ညပဲ GM Version ထုတ်ပေးတော့မှာဆိုတော့ စောင့်ရကျိုးနပ်လား စောင့်ကြည့်ရဦးမှာပါ။ 

ARKit


                အခုဆိုရင် နည်းပညာကုမ္ပဏီတွေအနေနဲ့ AI, VR စတာတွေအပြင် AR ပိုင်းကိုပါ သူ့ထက်ငါသာအောင် ယှဉ်ပြိုင်နေကြတာပါ။ Apple ဘက်ကလည်း ARKit ဆိုပြီး ထုတ်ပေးသလို Goolge ကလည်း အားကျမခံ ARCore ကို ထုတ်ပေးခဲ့ပါတယ်။

                Apple အနေနဲ့ ARKit ကို စတင်မိတ်ဆက်ခဲ့တုန်းကလည်း Demo ပြသသွားတာတွေက တော်တော်လေး မိုက်ပါတယ်။ iOS 11 လဲ ထွက်လာတော့မှာဆိုတော့ iOS 11 နဲ့အတူပါလာဖွယ်ရှိတဲ့ ARKit ကို အသုံးပြုပြီး iOS Developer တွေက ဘယ်လို App အသစ်အဆန်းတွေ ထုတ်လုပ်ကြဦးမလဲ ဆိုတာကလည်း ရင်ခုန်စရာပါ။

နိဂုံး

                Apple အနေနဲ့ ရင်ခုန်စရာတွေအကုန်လုံး ရင်မောစရာဖြစ်အောင်လို့ မလုပ်လောက်ဘူး ထင်ရပါတယ်။ ရင်ခုန်စရာတွေဖြစ်မလား၊ စိတ်ပျက်စရာတွေပဲ များနေမလား ဆိုတာကတော့ Apple ပရိတ်သတ်တွေအနေနဲ့ Steve Jobs Theater အသစ်မှာ ဒီနေ့ည (၁၂-စက်တင်ဘာ-၂၀၁၇) မြန်မာစံတော်ချိန် ၁၁ နာရီခွဲလောက်မှာ ကျင်းပတော့မယ့် Apple Event ကို ကြည့်ရှုပြီးမှပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

References
TechX Features
About Author
Assinged Tags
Augmented Reality iPhone iOS macOS iPhone 8 related news iOS 11 macOS High Sierra Apple Apple Special Event
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed