macOS High Sierra မှာပါဝင်လာတဲ့ Features အသစ်များ

date_range 07 June 2017

macOS High Sierra မှာပါဝင်လာတဲ့ Features အသစ်များ

visibility 1510 Views

                WWDC 2017 မှာ Apple အနေနဲ့ ထုံးစံအတိုင်းပဲ iOS 11 တင်မဟုတ်ပဲ၊ Features အသစ်တွေ၊ နည်းပညာအသစ်တွေ ပါဝင်လာတဲ့ macOS High Sierra ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ နည်းပညာပိုင်းနဲ့ App ပိုင်း၊ နှစ်ပိုင်းခွဲပြီး တင်ဆက်သွားမှာပါ။ ပထမဦးဆုံးအနေနဲ့ နည်းပညာပိုင်းကို အရင်ကြည့်ရအောင်...

နည်းပညာပိုင်း

                နည်းပညာပိုင်းမှာ macOS High Sierra ဟာ File System အသစ်၊ Local Storage Space ကို လျော့ချပေးနိုင်မယ့် Storage နည်းပညာသစ်များ၊ Graphics ကိုပိုမိုကောင်းမွန်အောင် လုပ်ပေးမယ့် Metal 2 စတာတွေကို ထည့်သွင်းပေးခဲ့ပါတယ်။ အောက်မှာ နည်းပညာတစ်ခုခြင်းစီကို အသေးစိပ်ကြည့်လိုက်ရအောင်...

Apple File System


                Storage Space ကို လျော့ချပေးနိုင်ပြီး၊ Data Transfer Rate ကိုလည်း မြှင့်တင်ပေးနိုင်မယ့် Apple ရဲ့ ကိုယ်ပိုင် File System အသစ်တစ်ခု ဖြစ်ပါတယ်။ macOS 10.12.4 မှာကတည်းက APFS ပြောင်းခဲ့ပေမယ့် အခုလောက် Powerful မဖြစ်သေးပါဘူး။ 

                အခုကတော့ Machine Learning ကိုပါ အကူအညီယူထားတာကြောင့် Power ပျက်တောက်သွားခြင်း၊ System Carsh ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ Data ပျက်စီးမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ Duplicate Files များကို Copy ကူးရာမှာ ပိုမိုမြန်ဆန်လာခြင်း၊ အရင်ကထက်ပိုပြီး Secure ဖြစ်လာခြင်း၊ စတာတွေ လုပ်ပေးနိုင်ပါပြီ။


                နောက်ပြီး APFS ဟာ HFS File Format နဲ့လည်း Compatible ဖြစ်ပါတယ်။ Local Storage ပိုင်းအတွက်လည်း ပြုပြင်မှုတွေလုပ်ထားပြီး တိုးတက်လာတဲ့ နည်းပညာတွေနဲ့လည်း ကိုက်ညီအောင် ပြုလုပ်ထားတဲ့ File System တစ်ခုလို့ Apple က ဆိုထားပါတယ်။

HEVC (High-Efficiency Video Coding)


                Industry-Standard HEVC (H.265) နည်းပညာကို Support ပေးမှာဖြစ်တာကြောင့် 4K Video Streaming လည်း ပြုလုပ်ခြင်း၊ Video Encoding နဲ့ Editing မှာ ပိုမိုမြန်ဆန်လာခြင်း၊ Local Storage ပိုင်းမှာလည်း Video Quality ကို မကျစေပဲ၊ H.264 Standard ထက် ၄၀ ရာခိုင်နှုန်းအထိ ပိုမိုလျော့ချကာ သိမ်းဆည်းထားနိုင်ခြင်း၊ စတာတွေကို ပြုလုပ်နိုင်မှာပါ။

                Apple အနေနဲ့ HD Streaming ပဲလုပ်နိုင်တဲ့ Video Streaming Networks တွေမှာ High-Quality Video တွေကို Stream လုပ်နိုင်အောင် ပြုလုပ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

Metal 2


                Metal ကို ပြုပြင်မှုတွေပြန်လုပ်ထားတဲ့ Metal 2 ဟာ GPU တွေရဲ့ Power ကို အရင်ကထက်ပိုပြီး မြှင့်တင်ပေးနိုင်မှာပါ။ ဒါ့ကြောင့် Developer တွေအနေနဲ့ Graphics ပိုင်းမှာ ပိုမိုမြန်ဆန်တဲ့ App တွေကို ရေးသားနိုင်တော့မှာ ဖြစ်ပါတယ်။ Metal 2 ဟာ Machine Learning, VR, Language Processing နဲ့ Computer Vision တို့ကိုလည်း Support ပေးဦးမှာပါ။


                Thunderbolt 3 နဲ့ Metal 2 တို့ပူးပေါင်းလိုက်ခြင်းဟာ Internal GPU ကို စိတ်တိုင်းမကျလို့ External GPU တွေ သုံးချင်တဲ့သူတွေအတွက် ပိုပြီး Powerful ဖြစ်မယ့် External GPU တွေကို သုံးခွင့်ရရှိတော့မှာပါ။ External Graphics Developer Kit ဟာလည်း Developer တွေကို Hardware နဲ့ Software ကို အလွယ်တကူ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးနိုင်ပါသေးတယ်။

Virtual Reality


                macOS သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ် အနေနဲ့ VR နည်းပညာကို Support ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Developer တွေအနေနဲ့ Graphics အမိုက်စား Game တွေအပြင်၊ 3D ဒါမှမဟုတ် VR Content တွေကိုလည်း ရေးဆွဲနိုင်တော့မှာပါ။


                နာမည်ကြီး VR ကုမ္ပဏီတွေကလည်း Apple နဲ့ ပူးပေါင်းပြီးဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ Innovation အသစ်အဆန်းတွေ မြင်တွေ့ရတော့မှာပါ။ နာမည်ကြီး ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ VALVE ကလည်း macOS ပေါ်သို့ SteamVR Platform ကို ခေါ်ဆောင်လာတော့မှာဖြစ်သလို၊ Unity နဲ့ Epic ကလည်း macOS အတွက် VR Development Tools တွေကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

                ဒါတွေအပြင် Final Cut Pro X မှာလည်း 360 Video တွေကို Support ပေးလိုက်ပြီဖြစ်ပြီး၊ Import လုပ်ခြင်း, Edit လုပ်ခြင်း, Export လုပ်ခြင်း၊ စတဲ့ Function တွေကိုလုပ်နိုင်တော့မှာ ဖြစ်တာကြောင့် Video Editing သမားတွေအတွက်ကတော့ ဝမ်းသာစရာသတင်းပဲ ဖြစ်မှာပါ။

App ပိုင်း

                macOS High Sierra ဟာ နည်းပညာပိုင်းမှာ မြင့်သွားပြီဆိုတော့ App တွေကလည်း မြင့်လာတဲ့ နည်းပညာတွေက ပေးနိုင်မယ့် ကောင်းကျိုးတွေအကုန်လုံးကို အသုံးချနိုင်မယ့် App တွေလည်း လိုအပ်လာပါတယ်။ Apple အနေနဲ့ macOS High Sierra မှာ ဘယ် App တွေကို ဘယ်လိုပြုပြင်မှုတွေ လုပ်ထားလည်းဆိုတာ ကြည့်လိုက်ရအောင်...

Photos


                macOS High Sierra က Photos App မှာ ဓာတ်ပုံတွေ၊ Album တွေကို အလွယ်တကူ စုဆည်းနိုင်မယ့် Tools တွေပါဝင်တဲ့ Always-On Sidebar ပါဝင်လာမှာပါ။ ပြန်လည်ပြုပြင်ထားတဲ့ Edit View မှာဆိုရင်လည်း Curves, Color Tuning, Contrast Tuning စတာတွေကို ပြုလုပ်နိုင်မယ့် Photo Editing Tools အသစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

                iOS 11 မှာလိုပဲ Live Photos တွေကို Edit လုပ်နိုင်ဦးမှာ ဖြစ်ပြီး၊ Third-Party Photo Editing Apps တွေဖြစ်တဲ့ Photoshop တို့၊ Pixelmator တို့ကိုလည်း Support ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Photos ထဲနေပဲ Third-Party Apps တွေကို တိုက်ရိုက်ဖွင့်နိုင်မှာဖြစ်ပြီး Third-Party Apps ထဲမှာ Edit လုပ်ထားသမျှ၊ Save လုပ်ထားသမျှ အကုန်လုံး Photos ထဲမှာ ပြန်ဝင်သွားမှာ ဖြစ်ပါတယ်။

                ဆက်လက်ပြီး Third-Party Project Extensions တွေကို ပထမဦးဆုံးအကြိမ်အဖြစ် Support ပေးလိုက်ပြီဆိုတော့ Printing နဲ့ Publishing ဝန်ဆောင်မှု App တွေဖြစ်တဲ့ Animoto, ifolor, Shutterfly, WhiteWall, Wix စတာတွေကို Photos ကနေ တိုက်ရိုက် Access လုပ်နိုင်တော့မှာပါ။

Safari


                Autoplay Video Ads တွေထည့်သွင်းထားတဲ့ Website တွေကြောင့် Internet အသုံးပြုသူတွေ စိတ်အနှောင့်အယှက်မဖြစ်ရအောင် Apple အနေနဲ့ Safari မှာ Autoplay Blocking ဆိုတဲ့ Feature လေးတစ်ခုကို ထည့်သွင်းလိုက်ပါပြီ။ ဒီ Feature လေးကို On ထားမယ်ဆိုရင်တော့ Autoplay Video Ads တွေထည့်သွင်းထားတဲ့ Website တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာမလိုတော့ပါဘူး။ 

                တစ်ခါတစ်လေကျရင် မိမိက Google မှာ ပစ္စည်းတစ်ခုခုကို ရှာမိလိုက်တယ်ပေါ့။ နောက်ပြီး ကိုယ့် Facebook အကောင့်ထဲလည်း ဝင်လိုက်ရော၊ မိမိ Google မှာ ရှာခဲ့တဲ့ ပစ္စည်းအကြောင်း ကြော်ငြာကြီးတွေ့ပါလေရော။ ဒီလိုမျိုးလူတိုင်းဖြစ်ဖူးပါတယ်။ တစ်ချို့အတွက်တော့ ဒီလိုမျိုးဖြစ်တာဟာ ပြဿနာမဟုတ်ပေမယ့် တစ်ချို့အတွက်ကတော့ Privacy ထိခိုက်တဲ့အတွက် ပြဿနာရှိပါတယ်။

                အဲ့လိုလူတွေအတွက် အခု Safari Version မှာ Intelligent Tracking Prevention ဆိုတဲ့ နည်းပညာသစ်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ မိမိ Web Browsing History ကို Track မလုပ်စေချင်ရင် ဒီ Feature လေးကို On ပေးလိုက်ပြီး မိမိ Privacy ကို ကာကွယ်လို့ရပါပြီ။

Siri


                iOS 11 မှာလည်း Siri က ပိုပြီး Smart ဖြစ်လာပြီဆိုတော့ macOS High Sierra မှာလည်း Siri က ပိုပြီး Smart ဖြစ်လာပါပြီ။ 

iCloud File Sharing


                iCloud File Sharing ဆိုတဲ့ Feature အသစ်ဟာ iCloud Drive ထဲမှာသိမ်းဆည်းထားတဲ့ File တွေကို Share လုပ်နိုင်အောင် ပြုလုပ်ပေးသွားမှာပါ။

နိဂုံး

                ကျနော်ကတော့ Safari မှာ ပါဝင်လာတဲ့ Intelligent Tracking Prevention နဲ့ Autoplay Blocking ဆိုတဲ့ Feature သစ်နှစ်ခုကို တော်တော်သဘောကျတယ်ဗျ။ Local Storage ပိုင်းမှာလည်း Storage Space ကို လျော့ချနိုင်သလောက် လျော့ချထားတယ်ဆိုတော့ macOS High Sierra ကို တင်ပြီးပြီဆိုရင် မိမိ Mac ရဲ့ Storage Space က အရင်ကထက်လည်း ပိုနည်းသွားမှာဖြစ်ပါတယ်။

                macOS High Sierra ကို အခုအချိန်မှာတော့ Developer တွေအတွက်ပဲ Preivew လုပ်ဖို့ အတွက်ပဲ ထုတ်ပေးထားပါတယ်။ Beta Version ကိုတော့ ဒီလကုန်လောက်မှာ ထုတ်ပေးသွားမှာဖြစ်ပြီး Mac သမားတွေလက်ထဲကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှ ထည့်ပေးမှာဖြစ်ပါတယ်။

References
Apple Newsroom
About Author
Assinged Tags
Virtual Reality iCloud Siri APFS Machine Learning iOS 11 Features Featured Articles macOS Sierra WWDC 2017 WWDC macOS High Sierra
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed