Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ ပါဝင်လာတဲ့ Features အသစ်များ [Update]

date_range 11 September 2017

Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ ပါဝင်လာတဲ့ Features အသစ်များ [Update]

visibility 5920 Views

နိဒါန်း

                Apple အနေနဲ့ နောက်တစ်ပါတ်ကျမှ iOS 11 GM Built ကို iPhone 8 နဲ့အတူ Developer တွေကို တရားဝင်မိတ်ဆက်ပေးမှာ ဆိုပေမယ့်လည်း 9-9-2017 မှာ iOS 11 GM Firmware ဟာ Leak ဖြစ်ခဲ့တယ်လို့ 9to5Mac က ဆိုထားပါတယ်။ ဒါ့ကြောင့် စောစောစီးစီး Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ ဘယ်လို Features အသစ်တွေ ပါဝင်လာလည်း တစ်ချက်လောက် ရင်ခုန်ကြည့်ရအောင် …

Facial Recognition

via GIPHY

                အခု Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ Facial Recognition ပြုလုပ်နိုင်ဖို့အတွက် SetUp Tutorial ဗီဒီယိုလေး ပါဝင်လာပါတယ်။ ဒီတော့ iPhone 8 မှာ Facial Recognition ပါဝင်လာမယ်ဆိုတာ သေချာသွားပါပြီ။ နောက်ပြီး ဒီနည်းပညာကိုလည်း Apple က အများထင်ထားသလိုမျိုး Pearl ID လို့ အသုံးမပြုထားပဲ Face ID လို့ပဲ အသုံးပြုထားတာကိုလည်း တွေ့ရှိရပါသေးတယ်။

                ဒီအချက်အလက် အကုန်လုံးကို ဘရာဇီးနိုင်ငံက iOS Developer တစ်ယောက်ဖြစ်တဲ့ Guiherme Rambo က တွေ့ရှိခဲ့တာဖြစ်ပြီး သူရဲ့ Twitter မှာ ဗီဒီယိုလေးတွေ Tweet လုပ်ထားခဲ့ပါတယ်။ Face ID ကို ဖုန်းကို Unlock လုပ်ယုံတင်မဟုတ်ပဲ iTunes နဲ့ App Store မှာလည်း Purchases လုပ်ဖို့ အသုံးပြုနိုင်မှာပါ။ ဒါတင်မကသေးပါဘူး Safari မှာ Autofill လုပ်နိုင်မှာဖြစ်သလို၊ Apple Pay ကိုလည်း Support ပေးထားပါသေးတယ်။

                Face ID ကို Setup လုပ်ဖို့အတွက် မိမိရဲ့မျက်နှာကို ဘယ်ဘက်၊ ညာဘက် တစ်လှည့်စီ ရွေ့ပေးရမှာဖြစ်ပြီး ဘယ်လိုရွေ့ရမယ်ဆိုတာကိုလည်း အောက်က Tweet မှာ ပြထားသလိုမျိုး Animation ဗီဒီယိုလေးနဲ့ ပြသသွားမှာဖြစ်ပါတယ်။

                ဆက်လက်ပြီး Face ID ကို iPhone မှာတင်မဟုတ်ပဲ iPad နဲ့ iPod Touch တွေမှာလည်း အသုံးပြုလို့ရမယ်လို့ Jeffrey Grossman ဆိုတဲ့ iOS Developer တစ်ယောက်က ထပ်ပြီး Tweet လုပ်ထားပါသေးတယ်။

Wireless Charging

                Rambo ကပဲ ဆက်လက်ပြီး Wireless Charging Function ကို ရည်ညွှန်းထားတဲ့ Code တစ်ချို့ကို တွေ့ရှိခဲ့ပါသေးတယ်။ အဲ့ဒီ့တော့ Wireless Charging ပါဝင်လာမယ်ဆိုတာကလည်း သေချာသလောက်ရှိသွားပြီလို့ ဆိုလို့ရပါတယ်။

No Home Button

                Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built မှာ Side Button နဲ့ Power Button တွေကို Home Button မပါဝင်ပဲ iOS 11 နဲ့ ဘယ်လို Interact လုပ်မလဲဆိုတဲ့ Method အချို့ကို တွေ့ရှိရတယ်ဆိုတော့ iPhone 8 မှာ Home Button ပါဝင်လာမှာ မဟုတ်တော့ပါဘူး။ Home Button အစား Side Button နဲ့ Power Button တွေကိုပဲ Home Button အစားအသုံးပြုရတော့မှာ ဖြစ်ပါတယ်။

Status Bar 

                iPhone 8 က Bazel-Less Screen နဲ့လာမှာဆိုတော့ Status Bar UI ကိုလည်း အနည်းငယ်ပြောင်းလဲထားတာကို တွေ့ရပါတယ်။ iOS 11 က Status Bar မှာ UI ကို နှစ်ခြမ်းခွဲလိုက်တာကို တွေ့ရပါတယ်။ အချိန်နဲ့ Location Service စတာတွေကို ဘယ်ဘက်အခြမ်းမှာ ပြသမှာဖြစ်ပြီး၊​ ညာဘက်ခြမ်းမှာတော့ Wi-Fi, Cellular, Battery စတာတွေကို ပြသမှာဖြစ်ပါတယ်။ 

                နှစ်ခြမ်းခွဲလိုက်တာလဲဖြစ်၊ Status Bar ကလည်း သေးသွားမှာဆိုတော့ Icon တွေအကုန်လုံးကိုတော့ Status Bar မှာ မပြသနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း Animation လေးတွေနည်း အပြောင်းအလဲလေး လုပ်သွားမှာဆိုတော့ အရင်ကထက်တော့ ပိုလှသွားမှာပါ။ 

                ဥပမာ - ကိုယ်က Battery သွင်းလိုက်တယ်ဆိုပါတော့။ ဒါဆိုရင် Battery Icon ရဲ့ ဘေးနားမှာ Lightning-Shaped Icon လေး ထပ်တိုးလာမှာဆိုတော့ Battery Icon ဘေးနားက Wi-Fi Icon လေး ပျောက်သွားမယ်ပေါ့။ ပျောက်သွားတာကလည်း ဘေးကိုနေရာတိုးပေးလိုက် သလိုမျိုး Animation ပုံစံလေးဆိုတော့ တော်တော်လေး မိုက်ပါတယ်။ ပိုပြီးထင်သာမြင်သာ ရှိသွားအောင် အောက်မှာ Video လေး ကြည့်နိုင်ပါတယ်။

Wallpapers


                iOS 11 GM Built မှာ Still Wallpaper အသစ် ၁၆ ခု ပါဝင်လာပါတယ်။ Dynamic Wallpaper (or) Live Wallpaper အသစ်တွေတော့ မတွေ့ရပါဘူး။ အသစ်ပါဝင်လာတဲ့ Wallpaper ၁၆ ခုထဲမှာ အရင် Apple ရဲ့ Logo ကအရောင်တွေကို ပြန်ပြီးအသုံးပြုထားတဲ့ Retro Style Wallpaper ၇ ခု၊ ပန်းပုံ ၆ ခု နဲ့ အာကာသပုံ ၄ ပုံ တို့ အသီးသီး ပါဝင်ပါတယ်။


                အခုအချိန်မှာတော့ Live Wallpaper တွေကို မတွေ့ရသေးဘူး ဆိုပေမယ့် တရားဝင်မိတ်ဆက်တဲ့အချိန်မှာတော့ ပါဝင်လာနိုင်ပါတယ်။ အသစ်ပါဝင်လာတဲ့ Wallpaper တွေ အကုန်လုံးကို ကြည့်ရှုချင်တယ် ဆိုရင်တော့ iPhone အတွက်ဆိုရင် ဒီမှာ ကြည့်ရှုနိုင်ပြီး၊ iPad အတွက်ကတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒါမှ မကျေနပ်သေးဘူး ဆိုရင်လည်း 9to5Mac က တင်ဆက်ထားတဲ့ ဗီဒီယိုလေးကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။


LTE Apple Watch

                iOS 11 GM Built မှာပါဝင်လာမယ့် Watch App အသစ်မှာ နောက်တစ်ပါတ်ကျရင် မိတ်ဆက်တော့မယ့် Apple Watch Series 3 ရဲ့ ပုံရိပ်ကို ပြသထားပါတယ်။ အဲ့ဒီ့ပုံရိပ်မှာ အနက်ရောင် Sport Band တပ်ဆင်ထားတဲ့ Apple Watch Series 3 Space Gray Model ကို မြင်တွေ့ရပါတယ်။

                Digital Crown ကလည်း အနီရောင်လေး ဖြစ်သွားပါတယ်။ ကျွမ်းကျင်သူတွေကတော့ အခု အနီရောင် Digital Crown ဟာ LTE Antenna ဖြစ်ပြီး၊ အတွင်းထဲမှာ LTE Wireless Chip ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး iOS 11 ကလို Signal Meter လေးကိုလည်း တွေ့ရသေးတယ်ဆိုတော့ Apple Watch Series 3 မှာ LTE Support ပါဝင်လာလိမ့်မယ်ဆိုတာ သိရသေးတယ်ဆိုတော့ LTE Apple Watch ကို မိတ်ဆက်သွားဖို့ သေချာသလောက် ရှိပါတယ်။


Portrait Lighting

                iPhone Camera တွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာတာဆိုတော့ Hardware ပိုင်းတင်မဟုတ်ပဲ၊ Software ပိုင်းကလည်း ပြောင်းလဲလာပါတယ်။ iOS 11 GM Built မှာ Depth-Of-Field ရိုက်ယူနိုင်တာကိုလည်း အဆင့်မြှင့်တင်ထားပြီး မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်မယ့် Lighting Effect တွေကိုလည်း တွေ့ရှိရပါတယ်။

New Emojis For iMessage

via GIPHY

                iMessage ပရိတ်သတ်တွေအတွက် ပိုပြီးမိုက်သွားပါတယ်။ Emoji လေးတွေက 3D ပုံစံ Animation လေးတွေနဲ့ဖြစ်ပြီး Apple က Animoji လို့ နာမည်ပေးထားပါတယ်။ Animoji ဟာ မိမိရဲ့မျက်နှာနဲ့ အသံကို Track လုပ်ပြီး မိမိပြုလုပ်လိုက်တဲ့ Facial Expression နဲ့ ကိုက်ညီတဲ့ 3D Animated Emoji လေးတွေကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 

နိဂုံး

                အပေါ်မှာ ပြောခဲ့တာတွေအကုန်လုံးက ကောလဟာလ သတင်းတွေလိုမျိုးတော့ မဟုတ်ပေမယ့် ယုံဖို့ကြတော့လည်း ခက်ပါတယ်။ iOS 11 GM Built ဆိုပေမယ့်လည်း Leaked ဖြစ်ထားတာဆိုတော့ တကယ့် GM Built မှာ ဘာပါလာ မလဲဆိုတာကတော့ ခန့်မှန်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ထပ်တွေ့ရှိတာတွေကိုလည်း Update လုပ်ပေးသွားမှာဆိုတော့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

References
9to5Mac The Verge
About Author
Assinged Tags
iOS 11 iOS Public Beta Apple Wireless Charging Face ID
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed