အသစ်ထွက်ရှိလာမယ့် iPhone ရဲ့ Face Unlock Feature နဲ့ Screen Design ပုံစံကို Apple HomePod Firmware ထဲမှာ တွေ့ရှိ

date_range 01 August 2017

အသစ်ထွက်ရှိလာမယ့် iPhone ရဲ့ Face Unlock Feature နဲ့ Screen Design ပုံစံကို Apple HomePod Firmware ထဲမှာ တွေ့ရှိ

visibility 780 Views

                အသစ်ထွက်ရှိလာမယ့် iPhone ဟာ “S” Model ပဲဖြစ်လာဖို့များပြီး လွန်ခဲ့တဲ့နှစ်ကထွက်ရှိထားတဲ့ iPhone 7 နဲ့ ပုံစံများများစားစားကွဲပြားသွားမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ယူဆထားကြပါတယ်။ ဒါပေမဲ့လည်း မနှစ်ကနဲ့မတူတဲ့ နည်းပညာအသစ်တွေ ပါ၀င်လာဖို့ကိုလည်းမျှော်လင့်ထားပါတယ်။

                Developer Steve Troughton-Smith ရဲ့ Tweet တစ်ခုအရ Apple ဟာ Model တစ်မျိုးမျိုးမှာတော့  ကောလာဟလ ထွက်ရှိထားခဲ့တဲ့အတိုင်း Face Unlock ထည့်သွင်းပေးမှာ သေချာသလောက်ဖြစ်သွားပါပြီ။ ပြီးတော့ အသစ်ထွက်ရှိလာမယ့်အထဲက High-End Model တစ်မျိုးက ဘေးဘောင်ကျဉ်းမြောင်းပြီး Screen ရဲ့အပေါ်ပိုင်းက Speaker နဲ့ ကင်မရာတွေနားက ကွေ့ဝိုက်သွားမယ့် Design ပုံစံအသစ်ပါ၀င်လာမယ်လို့လည်းဆိုပါတယ်။ 

                သိပ်မကြာသေးခင်ကပဲ Apple ဟာ HomePod အတွက် Firmware ကို မတော်တဆ ထုတ်လုပ်ပေးမိခဲ့ပြီး Developers တွေမှလည်း ဒီ Firmware ကိုအရယူခဲ့ကြပါတယ်။ Apple HomePod Firmware ထဲမှာလည်း iPhones တွေအတွက် Codebase တွေပါ၀င်ခဲ့ပြီး Developer Steve ဟာ နောက်ထပ်ထွက်ရှိလာမယ့် iPhone မှာ Infrared နည်းပညာကိုအခြေခံထားတဲ့ Face Unlock Code တွေပါ၀င်လာတယ်လို့ Tweet တစ်ခုကနေ အတည်ပြုပြောကြားခဲ့ပါတယ်။


                Code တွေထဲမှာလည်း သိသိသာသာကြီးကို “BKFaceDetect” နဲ့ စတဲ့စာကြောင်းတွေအများကြီးပါ၀င်ပါတယ်။ “BK” ဆိုတာကတော့ “Biometric Kit” ကိုကိုယ်စားပြုထားတာဖြစ်ပါတယ်။ Infrared နဲ့ဆိုင်တဲ့ Code တွေလည်းပါ၀င်ပြီး Face Unlock အတွက် အဓိကထားအသုံးပြုဖို့များပါတယ်။ ဒီလို Infrared ကိုအသုံးပြုခြင်းအားဖြင့်လည်း ညဘက်မှာတောင်မှ ကိုယ့်ရဲ့မျက်နှာကိုဖတ်ပြီး ဖုန်းကို Unlock ပြုလုပ်နိုင်မယ်လို့ သိရှိရပါတယ်။

                Samsung မှ Iris Scanner ဟာလည်း Infrared Light Sensor ကိုအသုံးပြုခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီ Iris Scanner ကို ဓာတ်ပုံတစ်ပုံတည်းနဲ့ Bypass ပြုလုပ် နိုင်ခဲ့ပါသေးတယ်။ Demonstration Video အရလည်း ဘာမှသိပ်မလိုအပ်ပဲ Digital Camera တစ်လုံးရယ်၊ ဓာတ်ပုံကို Print ထုတ်ဖို့ Laser Printer နဲ့ မျက်ကပ်မှန်တစ်စုံပဲလိုအပ်ခဲ့တာပါ။  ဒါကြောင့်မို့လို့ Apple ဟာ Infrared Scanning ပြုလုပ်တဲ့အခါ ဒီလို Bypass ပြုလုပ်လို့မရအောင်ပါ Security စနစ်တွေထည့်သွင်းပေးထားဖို့လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

                Code တွေနဲ့အတူ နောက်ထပ်ထွက်ရှိလာမယ့် iPhone Screen Design ပုံတစ်ပုံပါ၀င်လာခဲ့ပါတယ်။ ဒီလိုပါ၀င်ခဲ့တယ်ဆိုတာကို Developer Steve ရဲ့ Tweet အောက်မှာပဲ Guiherme Rambo ဆိုတဲ့တစ်ယောက်ရဲ့ Reply အရသိရှိရတာပါ။ Apple ရဲ့ HomePod Firmware ထဲမှာပါ၀င်လာတဲ့ ပုံဆိုတော့ ဒီတစ်ခုဟာ သေချာသလောက်ရှိပါတယ်။ 


                ကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံအရဆို Screen ဟာ Edge-To-Edge ပုံစံအပြင် အပေါ်နားက Speaker နဲ့ Sensor တွေနေရာမှာ ကွေ့ဝိုက်သွားမယ့်ပုံစံမျိုးဖြစ်နေပါတယ်။ Screen ပုံစံဟာလည်း အရှေ့မျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံထားမယ့်ပုံစံမျိုးလို့ ခန့်မှန်းရပါတယ်။

                Face Unlock ကိုတော့ Samsung Galaxy Note 7 နဲ့ Samsung Galaxy S8 မှာ Iris Scanner အနေနဲ့မြင်တွေ့ခဲ့ရပြီး  Android 4.0 မှာလည်း ဒီ Feature ပါ၀င်ခဲ့ပါတယ်။ ကွေ့ဝိုက်သွားမယ့်ပုံစံမျိုးကိုလည်း Andy Rubin မှထုတ်လုပ်မယ့် Essential စမတ်ဖုန်း မှာလည်း တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒါကြောင့်မို့လို့ Apple မှ Face Unlock နဲ့ ကွေ့ဝိုက်သွားမယ့် Screen Design ဟာ ပထမဦးဆုံးပြုလုပ်မယ့် နည်းပညာတွေတော့မဟုတ်ပါဘူး။ 

                Touch ID ဟာလည်း Screen အောက်မှာရှိနေမှာလား၊ ဖုန်းရဲ့နောက်ကျောဘက်မှာပဲ မြင်တွေ့ရမှာလား၊ Power ခလုပ်နားမှာရှိမှာလား၊ ဒါမှမဟုတ် လုံး၀ကိုဖြုတ်ပစ်သွားမှာလားဆိုတာကိုလည်း အတိအကျမသိရှိရသေးပါဘူး။ အသစ်ထွက်ရှိလာမယ့် iPhone တွေမှာ မျက်နှာကို Scan ဖတ်ပြီး Unlock ပြုလုပ်လာရမှာကတော့ သေချာသလောက်ရှိနေပါပြီ။ 

References
The Verge
About Author
Assinged Tags
Facial Recognition Technology Face Unlock Apple's iPhone Wrapped Screen Face Recognition Apple HomePod
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed