iPhone 8 မှာ Touch ID အစား 3D Facial Detection ကိုပြောင်းလဲအသုံးပြုဖွယ်ရှိ

date_range 04 July 2017

iPhone 8 မှာ Touch ID အစား 3D Facial Detection ကိုပြောင်းလဲအသုံးပြုဖွယ်ရှိ

visibility 2140 Views

                Bloomberg ရဲ့ Report တစ်ခုအရ Apple ဟာ 3D Facial Detection (အသုံးပြုသူရဲ့ မျက်နှာကို 3D ပုံရိပ်အဖြစ်ဖမ်းယူခြင်း) ကို Touch ID Fingerprint Scanner နေရာမှာအစားထိုးအသုံးပြုမှာဖြစ်တယ်လို့ ကောလဟလတွေ ထွက်လာပါတယ်။ iPad Pro မှာပါ၀င်တဲ့ ProMotion Display နည်းပညာလည်း iPhone 8 မှာ စတင်ပါ၀င်လာမှာဖြစ်ပြီး Artificial Intelligence ကိုအသုံးပြုနိုင်မယ့် Apple Neural Engine Chip လည်းပါ၀င်လာမယ်လို့ သိရှိရပါတယ်။

                Touch ID ကိုလုံး၀အသုံးမပြုတော့ပဲ 3D Facial Detection ကို ဖုန်းကို Unlock ပြုလုပ်ဖို့နဲ့ Payment တွေအတွက် အသိအမှတ်ပြု Security အနေနဲ့ပါ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရှိရပါသေးတယ်။ Qualcomm ကနေအသုံးပြုတော့မယ့် Under Display Ultrasonic Fingerprint နည်းပညာမှာ OLED Panel အောက်ကနေ Waves တွေထုတ်လွှတ်ပြီး လက်ဗွေရာကို 3D ပုံရိပ်အဖြစ်ဖမ်းယူသလိုမျိုး 3D Facial Recognition မှာလည်း အသုံးပြုသူရဲ့ မျက်နှာပြင်တစ်ခုလုံးကို 3D Sensor နဲ့ ဖမ်းယူထားနိုင်မှာဖြစ်ပါတယ်။ 

                KGI Securities ကုမ္ပဏီမှ Ming-Chi Kuo ရဲ့ Report တစ်ခုမှာလည်း iPhone 8 မှာ 3D Facial Detection ကို Touch ID အစားအသုံးပြုမယ်လို့လည်း သိရှိရသေးပါတယ်။ ဒါကြောင့်မို့ Touch ID ကို Apple မှ တကယ်ပဲ အသုံးမပြုတော့ဘူးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ 

                OLED Panel အောက်မှာ Fingerprint Sensor ကို Qualcomm ရဲ့ Ultrasonic Fingerprint Scanning နည်းပညာနဲ့ Vivo မှ လက်တွေ့ပြသ သွားတာကို လွန်ခဲ့တဲ့ရက်သတ္တပတ်ခန့်က မြင်တွေ့ခဲ့ရပြီးပါပြီ။ Sony မှလည်း Xperia ဖုန်းတွေမှာ 3D Facial Recognition စနစ်ကိုစမ်းသပ်နေ တယ်လို့လည်း သိရှိရပါသေးတယ်။ Apple အနေနဲ့ OLED Panel အောက်မှာတော့ Fingerprint Sensor မထည့်သွင်းနိုင်ခဲ့ပဲ Sony မှအသုံးပြုမယ့် 3D Facial Recognition စနစ်ကိုပဲအသုံးပြုလာမှာလားဆိုတာတော့ မေးခွန်းထုတ်စရာရှိပါတယ်။ 

                Bloomberg ရဲ့ Report အရလည်း iPad Pro (10.5 နဲ့ 12.9 လက်မ) တွေမှာအသုံးပြုထားတဲ့ ProMotion Display နည်းပညာကိုလည်း iPhone 8 မှာအသုံးပြုထားမှာဖြစ်ပါတယ်။ ProMotion နည်းပညာဟာ Display ရဲ့ Refresh Rate ကို 120Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး Scrolling ပြုလုပ်တဲ့အခါမှာ ဝါးသွားတာနဲ့ ထစ်ငေါ့နေတာမျိုးလုံး၀ရှိတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီ ProMotion နဲ့ Artifical Intelligence နည်းပညာတွေကို ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်ဖို့အတွက် Apple Neural Engine Chip ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

                နောက်ဆုံးသိရတဲ့ ကောလဟလအနေနဲ့ iPhone 8 ရဲ့ Premium OLED Display ပါ၀င်မယ့် Model ဟာ အရောင်အနေနဲ့ ရွေးချယ်စရာနည်းပါးလာမယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ဒီ Premium Model ဟာ အမည်းရောင်တစ်မျိုးတည်းပဲလာမှာလား၊ အနီရောင်လားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလမှာ iPhone Model အသစ်တစ်မျိုး အမြဲမိတ်ဆက်ပေးလျှက်ရှိတဲ့ Apple အနေနဲ့ ဒီနှစ်မှာကော ကောလဟလတွေအတိုင်း Touch ID ကို 3D Facial Detection နဲ့အစားထိုးမှာလား၊ OLED Panel အောက်မှာပဲ Fingerprint Scanner ကိုမြှုပ်ထားပြီးမိတ်ဆက်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

References
9To5 Mac
About Author
Assinged Tags
Artificial Intelligence iPhone Facial Recognition Technology iPhone 8 related news Apple Neural Engine 3D Facial Recognition Apple's iPhone Apple Neural Chip Promotion Technology
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed