Samsung Galaxy S8 မှာ Iris Scanner အစား Face Scanner ပါဝင်လာဖွယ်ရှိ

date_range 11 March 2017

Samsung Galaxy S8 မှာ Iris Scanner အစား Face Scanner ပါဝင်လာဖွယ်ရှိ

visibility 40 Views

                Samsung ဟာ ယခု မတ်လ ၂၉ ရက်နေ့ကျရင် New York မြို့မှာ The Unpacked ပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

                ဒီပွဲမှာ အားလုံးစောင့်မျှော်နေကြတဲ့ Galaxy S8 ဖုန်းအသစ် ထွက်ရှိလာမှာဖြစ်ပြီး၊ ဘယ်လိုနည်းပညာအသစ်တွေ ပါဝင်လာမလဲဆိုတာကတော့ ပွဲကျမှပဲ တရားဝင်သိရမှာဖြစ်ပါတယ်။

                ဒါပေမယ့် အခုထွက်ရှိလာတဲ့ ကောလဟာလသတင်းတွေအရ Galaxy S8 ဖုန်းမှာ ပြန်သိမ်းလိုက်ရတဲ့ Note 7 ဖုန်းမှာပါတဲ့ Iris Scanner ကို အသုံးပြုတော့မှာမဟုတ်ဘဲ၊ မျက်နှာမှတ်သားတဲ့နည်းပညာ (Facial Recognition Technology) ကို အသုံးပြုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

                လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူတဲ့ မျက်ဝန်းကအရေးအကြောင်းတွေကို ဖတ်ရှုမှတ်သားတဲ့ Iris Detection နည်းပညာဟာ အလုပ်လုပ်ရာမှာ အနည်းငယ်နှေးကွေးတာကြောင့်၊ ပိုမိုမြန်ဆန်တဲ့ Facial Recognition ကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

                ယခုသတင်းကို အမည်မဖော်လိုသူ Samsung တာဝန်ရှိသူတစ်ဦးက တောင်ကိုရီးယားအခြေစိုက် The Korean Economic Daily သတင်းစာကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

                အဆိုပါတာဝန်ရှိသူရဲ့ ပြောကြားချက်အရ ပိုင်ရှင်ရဲ့  မျက်နှာပုံပန်းကို ဖတ်ရှုမှတ်သားနိုင်တဲ့ Face Scanner ဟာ Galaxy S8 ကော S8+ မှာပါ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ မျက်ဝန်းဖတ်သားတဲ့နည်းပညာဟာ မြန်နှုန်းပိုင်းရော၊ တိကျမှုပိုင်းမှာပါ အကန့်အသတ်လေးတွေ ရှိတာကြောင့်၊ Galaxy S8 ဖုန်းမှာ မျက်နှာပုံသဏ္ဍာန်ဖတ်ရှုမှတ်သားတဲ့ နည်းပညာကိုပဲ ထည့်ဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ Face Scanner နဲ့ ဆို ဖုန်းကို Unlock လုပ်ဖို့ 0.01 စက္ကန့်ပဲ ကြာမှာပါ”

                လို့ ပြောကြားခဲ့ကြောင်း Korea Economic Daily သတင်းဌာနက ဖော်ပြထားပါတယ်။

                Apple ကလည်း Facial Recognition နည်းပညာကို iPhone မော်ဒယ်အသစ်မှာ မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့် Samsung ကလည်း ဒီနည်းပညာကိုပဲ သုံးစွဲမယ်ဆိုရင်၊ မဟာပြိုင်ဘက်နှစ်ယောက် သွားတူညီနေမယ့်သဘောရှိပါတယ်။

References
Pocket Lint Korea Economic Daily
About Author
Assinged Tags
Samsung Facial Recognition Technology Smartphones Samsung Galaxy S8 Iris Scanner Galaxy S8 Biometrics
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed