In-Display Fingerprint Scanner နဲ့ 4K Display ပါ၀င်လာမယ့် Sharp Aquos S2

date_range 27 July 2017

In-Display Fingerprint Scanner နဲ့ 4K Display ပါ၀င်လာမယ့် Sharp Aquos S2

visibility 520 Views

                Sharp ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းလောကထဲမှာ နာမည်သိပ်မရှိပေမဲ့ Japan နိုင်ငံမှာတော့ အခုထိနာမည်ကြီးတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။ Sharp ကုမ္ပဏီမှ Aquos S2 မတိုင်ခင်ထွက်ရှိခဲ့တဲ့ Aquos R မှာလည်း RAM 4GB နဲ့ Snapdragon 835 SoC ပါ၀င်ခဲ့ပါတယ်။ Mid-Range စမတ်ဖုန်းတွေဖြစ်တဲ့ Sharp Z3 ကိုလည်း Snapdragon 625 အသုံးပြုထားတဲ့ Mid-Range စမတ်ဖုန်းအနေနဲ့ ထိုင်၀မ်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ 

                အခုအသစ်ထွက်ရှိလာမယ်လို့ ကောလာဟလထွက်ရှိနေတဲ့ Aquos S2 မှာ ဘေးဘောင်ကျဉ်းမြောင်းပြီး 5.5 လက်မရှိတဲ့ မျက်နှာပြင်အကျယ်အ၀န်းမှာ 4K Display Resolution အထိထောက်ပံ့ပေးနိုင်တဲ့ Panel လည်းပါ၀င်လာဦးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီ Aquos S2 မှာ In-Display Fingerprint Scanner လည်းပါ၀င်လာဦးမယ်လို့ သိရှိရပါသေးတယ်။


                In-Display Fingerprint Scanner ဟာ Samsung နဲ့ Apple မှ ထည့်သွင်းဖို့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေရှိခဲ့ပေမဲ့ Qualcomm မှ ဒီနည်းပညာကို Ultrasonic Fingerprint Sensor အသုံးပြုပြီး Vivo ကုမ္ပဏီနဲ့အတူ MWC Shanghai 2017 မှာ လက်တွေ့ပြသခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကို Qualcomm မှ ဖြေရှင်းပေးနိုင်ဖွယ်ရှိတယ်ဆိုပေမဲ့ In-Display Fingerprint Scanner နဲ့ Flagship ဖုန်းတစ်လုံးထွက်ရှိလာဖို့ဆိုတာ အနည်းငယ်စောနေသေးတယ်လို့ ထင်မြင်မိပါတယ်။

                Qualcomm အနေနဲ့လည်း 2018 နှစ်လယ်ပိုင်းလောက်မှ Commercial Devices တွေမှာ ဒီလို In-Display Fingerprint Sensor တွေကိုထည့်သွင်းပေးနိုင်မယ်လို့ သိရှိခဲ့ရတာကြောင့်လည်း Sharp Aquos S2 မှာ အသုံးပြုမယ့် In-Display Fingerprint Scanner ကိစ္စဟာ အနည်းငယ်စိတ်၀င်စားစရာကောင်းလာပါတယ်။

                Sharp ကုမ္ပဏီမှ ဆက်လက်ပြီးတော့ IGZO Display Technology ကို အသုံးပြုထားတဲ့အတွက်ကြောင့် Battery ဟာ သာမန်ထက်ပိုမိုခံနိုင်ရည်ရှိမယ်လို့ဆိုထားပါသေးတယ်။ 

                ဘယ်လိုပဲဖြစ်ဖြစ် Sharp ကုမ္ပဏီဟာ တကယ်ကိုပဲ ဘေးဘောင်ကျဉ်းမြောင်းပြီး 4K Display နဲ့အတူ In-Display Fingerprint Scanner နဲ့ Aquos S2 မှာမြင်တွေ့ရမှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
Android Community
About Author
Assinged Tags
Android Smartphone Leaks 4K Display Android Smartphones Under Display Fingerprint 4K Resolution In-Screen Fingerprint In-Screen Fingerprint Sensor Under Display Fingerprint Sensor Sharp Sharp Aquos S2 Aquos S2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed