Screen အောက်မှာ Fingerprint Sensor ထည့်သွင်းပါက Display ပြဿနာရှိနိုင်တာကြောင့် Note 8 မှာ မြင်တွေ့ရနိုင်ခြေမရှိ

date_range 21 June 2017

Screen အောက်မှာ Fingerprint Sensor ထည့်သွင်းပါက Display ပြဿနာရှိနိုင်တာကြောင့် Note 8 မှာ မြင်တွေ့ရနိုင်ခြေမရှိ

visibility 1380 Views

                Display ပေါ်မှာပဲ လက်မ တင်လိုက်တာနဲ့ Screen Lock ပွင့်မယ့် Feature မျိုးကို ကျွန်တော်တို့လို စမတ်ဖုန်း Technology အသစ်တွေကို စိတ်၀င်စားသူတွေအနေနဲ့ စိတ်ကူးယဉ်ကြည့်ကြဖူးမှာပါ။ Samsung Galaxy S8 မှာ Home ခလုပ်ကို Screen အတွင်းထဲထည့်သွင်းပေးခဲ့တာကြောင့် ထွက်ခဲ့သမျှ Galaxy Smartphone တွေထဲမှာ အထူးခြားဆုံးဒီဇိုင်းဖြစ်ခဲ့ပေမဲ့ Display အတွင်းမှာတော့ Fingerprint Sensor မပါ၀င်ခဲ့ပါဘူး။ ဖုန်းရဲ့နောက်ကျောဘက်မှာသာ ပါ၀င်ခဲ့ပါတာမို့ Home ခလုပ်ပေါ်မှာပဲ လက်မတင်ပြီး Fingerprint Sensor အသုံးပြုခဲ့တဲ့ Galaxy သမားတွေအဖို့ အနည်းငယ်အခက်တွေ့ခဲ့ကြပါတယ်။

                ဒါဆိုရင် Samsung Galaxy Note 8 မှာကော Display အတွင်းမှာ Fingerprint Sensor ထည့်သွင်းပေးထားမှာလားဆိုတဲ့ အဖြေကိုလည်း Samsung ကုမ္ပဏီမှ အတွင်းလူတစ်ယောက်ရဲ့ Weibo အကောင့်မှာတင်ထားတဲ့ ဖြေရှင်းချက်တစ်ခုကြောင့် မြင်တွေ့ရဦးမယ် မထင်ပါဘူး။ In-Screen Fingerprint Sensor ကိုဖြစ်မြောက်အောင် ထည့်သွင်းစမ်းသပ်ကြည့်တဲ့အခါမှာ (အောက်ကပုံမှာပြထားတဲ့အတိုင်း) Display အတွက် အလင်းမညီမျှမှုတွေရှိလာနိုင်ပါတယ်။ Fingerprint Sensor ရှိတဲ့နေရာဟာ တခြား Display နေရာတွေထက် ပိုပြီးလင်းနေတာမို့ အသုံးပြုသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။  


                ဒီလိုမျိုး Display ထဲထည့်သွင်းမယ့် In-Screen Fingerprint Sensor ကို Apple ကလည်းစမ်းသပ်နေပါတယ်။ ဒါပေမယ့် မကြာမီက ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ Vivo သူ့ရဲ့ စမတ်ဖုန်းမော်ဒယ်တစ်မျိုးမှာ Fingerprint Sensor ကို Screen အောက်မှာ ထည့်သွင်းပြထားတာကို တွေ့မြင်ရတာကြောင့်၊ ဒီနည်းပညာကို ဘယ်သူအရင်အကောင်အထည်ဖော်နိုင်မလည်းဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။

                Samsung Galaxy Note 7 တုန်းက စက်ပစ္စည်းပိုင်းမှာ ချို့ယွင်းခဲ့ပြီး မီးလောင်မှုတွေအတော်များများ ဖြစ်ခဲ့ပါတယ်။ Samsung Galaxy Note 8 မှာ ဒီလိုအမှားမျိုးထပ်မဖြစ်အောင်နဲ့ ပိုပြီးကောင်းမွန်တဲ့ Phablet တွေထုတ်လုပ်ဖို့ကြိုးစားနေတာကြောင့် Samsung ဟာ အဆင်မပြေသေးတဲ့နည်းပညာတစ်ခုကို ထပ်အရဲစွန့်ပြီး ကြိုးစားမယ်မထင်တော့ပါဘူး။ အမှားထဲကနေလည်း သင်ခန်းစာတွေရရှိထားတာကြောင့် Samsung ပရိသတ်တွေအတွက် စိတ်မပျက်ရအောင် Samsung Galaxy Note 8 ကိုလည်းအကောင်းဆုံး မိတ်ဆက်ပေးသွားမယ် လို့လည်းသိရပါတယ်။ 

References
Android Community
About Author
Assinged Tags
Samsung Android Smartphones Samsung Galaxy Android Smartphones Android Phone Samsung Employee Fingerprint Scanner Under-Glass Fingerprint Sensor Hidden Fingerprint Scanner Hidden Fingerprint Sensor In-Screen Fingerprint Fingerprint Fingerprint Sensor Samsung Galaxy Note 8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed