စမတ်ဖုန်းရဲ့ Display Panel ထဲ မြှုပ်ထားနိုင်မယ့် Fingerprint Scanners တွေကို Qualcomm မှ စတင်ပြုလုပ်နေ

date_range 28 June 2017

စမတ်ဖုန်းရဲ့ Display Panel ထဲ မြှုပ်ထားနိုင်မယ့် Fingerprint Scanners တွေကို Qualcomm မှ စတင်ပြုလုပ်နေ

visibility 5740 Views

                Qualcomm Chipset ကုမ္ပဏီမှ Display အတွင်းထဲ မြှုပ်နှံထားနိုင်မယ့် Fingerprint Sensors တွေကို စ တင်ပြုလုပ်နေပြီး ဇွန်လ ၂၀၁၈ ခုနှစ် လောက်မှာ စ တင်ဖြန့်ချီပေးနိုင်မယ်လို့ Mobile World Congress (MWC) Shanghai မှာ ကြေညာသွားခဲ့ပါတယ်။

                ဒီလိုမျိုး Fingerprint Scanner ကို Display အောက်ထဲ မြှုပ်ဖို့ ပြုလုပ်တာဟာ Qualcomm အနေနဲ့ကတော့ ပထမဦးဆုံး ကြိုးပမ်းမှုတစ်ခုတော့မဟုတ်ပါဘူး။ Vivo ကနေလည်း MWC Shanghai မှာ Fingerprint Sensor ကို Display အောက်ထဲထည့်သွင်းပေးထားနိုင်မယ့် ပထမဦးဆုံး စမတ်ဖုန်း ကို မိတ်ဆက်ပေးမယ်လို့သတင်းရရှိထားပါတယ်။

                ဒါပေမဲ့လည်း Samsung နဲ့ Apple ဟာ လက်ရှိအနေနဲ့ Display အောက်မှာ Fingerprint Sensor ကိုထည့်သွင်းပေးထားနိုင်ဖို့ အခက်အခဲရှိနေသေးတာကြောင့် Qualcomm မှ ပြုလုပ်ပေးမယ့် Fingerprint Scanner နည်းပညာအသစ် ဟာ စမတ်ဖုန်းကုမ္ပဏီတွေအားလုံး ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲကို ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆရပါတယ်။ 

                Qualcomm ဟာ မကြာသေးမီကမှ ကြေညာခဲ့တဲ့ Ultrasonic Fingerprint Detection နည်းပညာကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဒီလိုမျိုး Capacitance အစား Ultrasonic နည်းပညာကို ပြောင်းလဲအသုံးပြုတဲ့အခါမှာ High-Resolution Fingerprint Map တွေပိုမိုရရှိနိုင်တယ်လို့ဆိုပါတယ်။

                အခုအခါ Ultrasonic နည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့် Display တွေရဲ့ အောက်မှာ Fingerprint Sensor ကိုမြှုပ်ထားပေမဲ့ ကိုယ့်ရဲ့လက်ဗွေရာကို အလွယ်တကူမြင်နိုင်မှာပါ (တကယ်လို့သာ Display Panel က အရမ်းကြီးမထူထပ်ဘူးဆိုရင်ပေါ့)။ 

                ဒီနေရာမှာ တစ်ခုသတိထားရမှာက OEM တွေအနေနဲ့ Display ထဲမြှုပ်ထားနိုင်မယ့် Fingerprint Scanners တွေကိုထည့်သွင်းအသုံးပြုမယ်ဆို OLED Display Panel တစ်ခုတည်းကိုပဲ အသုံးပြုလို့ရမှာပါ။ ဒါကြောင့်မို့ LCD Panel တွေအနေနဲ့ကတော့ ၂၀၁၈ နောက်ပိုင်းမှာ Mid-Range စမတ်ဖုန်းတွေပေါ်မှာပဲ မြင်တွေ့ရဖို့ရှိပါတယ်။ OLED Panel တွေအနေနဲ့လည်း 1200 μm အထူထက်ပိုခဲ့ရင် Fingerprint Sensor ဟာ အလုပ်လုပ်မှာမဟုတ်ပါဘူး။


                Qualcomm မှ အသစ်ပြုလုပ်မယ့် Fingerprint Sensors တွေဟာ လက်ဗွေရာဖတ်ရုံတင်မဟုတ်ပဲ နှလုံးခုန်နှုန်း နဲ့ သွေးခုန်နှုန်းတွေကိုပါ တိုင်းတာနိုင်တာကြောင့် အရင်ကအသုံးပြုခဲ့တဲ့ Capacitive Fingerprint Scanner တွေထက် အများကြီးသာပါတယ်။ နောက်ထပ်သာတဲ့အချက်ကတော့ Screen Off နေရင်တောင်မှ Fingerprint Sensor ကအလုပ်လုပ်မှာပါ။ ရေထဲမှာလည်း Fingerprint Scanner ကိုအသုံးပြုနိုင်သလို Screen Display ရဲ့အောက်မှာပဲ အပေါက်တစ်ခုထပ်ဖောက်နေစရာမလိုပဲ ထည့်သွင်းနိုင်တာမို့လို့ Waterproof ဖုန်းအဖြစ်ထုတ်လုပ်ရာမှာလည်း လွယ်ကူလာမှာပါ (Sony ကတော့ ဒီ Fingerprint Sensor အမြန်ဆုံးထွက်ရှိလာဖို့ကို မျှော်လင့်နေလောက်ပါပြီ)။ 


                Qualcomm ကနေပြီးတော့ နောက်ထပ် Ultrasonic အသုံးပြု Fingerprint Sensor အသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီ Scanners တွေကတော့ High-end နဲ့ Mid-Range စမတ်ဖုန်းတွေအတွက်ရည်ရွယ်ထားတာဖြစ်ပြီး Metal နဲ့ Glass Plate မျက်နှာပြင်တွေအောက်မှာ မြှုပ်နှံနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ် (Display အောက်မှာတော့ မြှုပ်နှံမထားနိုင်ပါဘူး)။ 

                Metal နဲ့ Glass Plate မျက်နှာပြင်အောက်မှာထည့်သွင်းထားနိုင်တဲ့ Ultrasonic Fingerprint Scanner အသစ် နှစ်မျိုးဟာ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ထွက်ရှိလာမှာပါ။ Display အောက်မှာမြှုပ်နှံထားနိုင်မယ့် Ultrasonic Fingerprint Sensor ကတော့ နည်းပညာအခက်အခဲနဲ့ ပြုပြင်မွမ်းမံမှုတွေ အများကြီးလုပ်ရဦးမှာမို့ အနည်းငယ်နောက်ကျဖွယ်ရှိပါတယ်။ 

References
Android Police
About Author
Assinged Tags
Samsung Sony Qualcomm Vivo Qualcomm Chipset Under-Glass Fingerprint Sensor Hidden Fingerprint Scanner Hidden Fingerprint Sensor Waterproof In-Screen Fingerprint Fingerprint Sensor In-Screen Fingerprint Sensor Qualcomm Fingerprint Scanner Ultrasonic Fingerprint Sensor Waterproof Fingerprint Sensor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed