Samsung က Bixby Digital Assistant ကို အခြေခံပြီး Smart Speaker တစ်မျိုး ထုတ်လုပ်သွားဖွယ်ရှိ

date_range 05 July 2017

Samsung က Bixby Digital Assistant ကို အခြေခံပြီး Smart Speaker တစ်မျိုး ထုတ်လုပ်သွားဖွယ်ရှိ

visibility 1220 Views

                Amazon နဲ့ Google လို ကုမ္ပဏီကြီးတွေ လက်ရှိ ဦးဆောင်နေတဲ့ Smart Speaker ဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် Samsung ကလည်း ၎င်းတို့ရဲ့ Bixby လို့ ခေါ်တဲ့ Digital Assistant နဲ့ ပေါင်းစပ်ထားတဲ့ Smart Speaker တစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Wall Street Journal ရဲ့ Report တစ်ခု အရ သိရပါတယ်။

                Samsung က ဒီ Smart Speaker အတွက် စီစဉ်နေဆဲ အဆင့်မှာသာ ရှိသေးပြီး ဘယ်လို Feature တွေ၊ Specification တွေ ပါမယ်ဆိုတာကိုလဲ မဆုံးဖြတ်ရသေးဘူး လို့ သိရှိရပါတယ်။ Vega လို့ နာမည်ဝှက် ပေးထားတဲ့ ဒီ Project ကို စီစဉ်နေတာ တစ်နှစ်ကျော်ခန့် ရှိပြီလို့လဲ ဒီ Project နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

                ဒါဟာ Smart Speaker ထုတ်လုပ်ဖို့အတွက် Samsung ရဲ့ ပထမဦးဆုံး ကြိုးပမ်းမှုတော့ မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်၊ မတ်လ တုန်းက စပိန်မှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ Hive လို့ နာမည်ဝှက် ပေးထားတဲ့ Speaker တစ်မျိုးကို Samsung က မိတ်ဆက်ဖို့ စီစဉ်ထားခဲ့ပေမယ့် Software နဲ့ Voice Recognition ပြဿနာ အချို့ကြောင့် မပြသဖြစ်ခဲ့ပါဘူး။

                Samsung ရဲ့ Smart Speaker နဲ့ အဓိက ပေါင်းစပ်မယ့် Bixby Digital Assistant ကို နောက်ဆုံးထွက် Galaxy S8 ဖုန်းတွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ English ဘာသာစကား နဲ့ အသုံးပြုလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။


                လက်ရှိ Smart Speaker ဈေးကွက်မှာဆိုရင်တော့ Amazon ရဲ့ Echo က ဈေးကွက်ဝေစု (၇၀) ရာခိုင်နှုန်း နဲ့ ဦးဆောင်နေပြီး Google Home ကတော့ ဈေးကွက်ဝေစု (၂၄) ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ Microsoft နဲ့ Harman/Kardon တို့က Cortana ကို အခြေခံထားတဲ့ Invoke Speaker ကို မိတ်ဆက်ခဲ့ပြီး၊ Apple ရဲ့ HomePod ကလဲ ဒီဇင်ဘာလထဲမှာ စတင်ဖြန့်ချိတော့မှာပါ။ အခြား ကုမ္ပဏီများစွာ ကလဲ Smart Speaker ဈေးကွက်ကို အပြိုင်အဆိုင် ဝင်ရောက်လာနေတာကြောင့် ယှဉ်ပြိုင်မှုတွေကတော့ စိတ်ဝင်စားစရာ ကောင်းနေပြီး Smart Speaker တွေကိုလဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရဖို့ ရှိနေပါတယ်။

References
9to5Mac Samsung Newsroom
About Author
Assinged Tags
Samsung Digital Assistant Bixby Samsung Bixby Smart Speaker Bixby Assistant
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed