တောင်ကိုရီးယားနိုင်ငံက Galaxy S8 User တွေမှာ Bixby Assistant စတင်ရရှိ

date_range 02 May 2017

တောင်ကိုရီးယားနိုင်ငံက Galaxy S8 User တွေမှာ Bixby Assistant စတင်ရရှိ

visibility 3920 Views

                Samsung Galaxy S8 နဲ့ S8+ ဟာ ပြောစရာမလိုလောက်အောင် ကောင်းမွန်တဲ့ စမတ်ဖုန်းတွေ ဖြစ်ပေမယ့်၊ သူ့ရဲ့ အားနည်းချက်တစ်ခုက အမှန်အကန်ကြော်ငြာထားတဲ့ “Bixby” Assistant က ဖုန်းထွက်လာတော့ တခါတည်း ပါမလာတာပါ။

                မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်တဲ့အချိန်တုန်းက ကျနော်တို့ စမ်းသပ်သုံးစွဲကြည့်ချိန်တုန်းကလည်း၊ S8 ကော S8+ စမတ်ဖုန်းအားလုံးမှာ Bixby မရသေးခဲ့ပါဘူး။

                ဒါပေမယ့် အခုအခါမှာတော့ Samsung ဟာ မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံအတွက် “Bixby” Voice Support ကို မေလ (၁) ရက်နေ့၊ တနင်္လာနေ့မနက်မှာ စတင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ “Bixby” ရရှိပြီဆိုရင် ဖုန်းမှာ Notification တစ်ခု ဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ “Bixby” ကို တောင်ကိုရီးယားဘာသာစကားနဲ့ပဲ အသုံးပြုနိုင်သေးပြီး၊ ယောင်္ကျားအသံနဲ့ မိန်းမအသံ ကြိုက်တာ ရွေးလို့ရမှာဖြစ်ပါတယ်။

                မြန်မာနိုင်ငံက Pre-Order မှာထားတဲ့လူတွေ၊ ဒီတိုင်းဝယ်ယူမယ့်လူတွေအနေနဲ့ကော ဖုန်းလက်ထဲရောက်လာပြီဆိုရင် “Bixby” ပါလာမှာလားလို့ သိချင်ကြမှာပါ၊ ဒီအတွက် Samsung Myanmar ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “Bixby” ကို ယခု မေလအတွင်းမှာ အပြီးသတ်လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်၊ ဖုန်းလက်ထဲရရချင်းမှာ “Bixby” ချက်ချင်းရရှိဦးမှာမဟုတ်သေးပေမယ့်၊ မေလအတွင်းမှာတော့ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

                Bixby ကို အသုံးပြုချင်တယ်ဆိုရင် Galaxy S8 ဖုန်းမှာပါတဲ့ Bixby ခလုတ်လေးကို တစ်ချက်နှိပ်ကာ ခေါ်ယူအသုံးပြုနိုင်ပြီး၊ နှစ်ချက်နှိပ်မယ်ဆိုရင် Hello Bixby Home Page ကို ရောက်ရှိသွားမှာပါ။ Options တွေအနေနဲ့ Voice Feedback၊ Feedback Style ၊ Bixby voice wake-up နဲ့ Read aloud in high quality စတဲ့ Options တွေ စုံလင်စွာပါရှိပြီး၊ Developers တွေအနေနဲ့ သူတို့ရဲ့ Apps တွေကို Bixby နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်နိုင်မယ့် “Bixby Labs” လည်း ပါဝင်လာတာတွေ့ရပါတယ်။


                လက်ရှိသိရသလောက်တော့ Bixby Voice Commands Support လုပ်တဲ့ Apps တွေက Gallery ၊ Contacts ၊ Phone ၊ Settings နဲ့ Camera App ပဲရှိသေးပြီး၊ နောက်ထပ်ဘယ်လို Apps တွေမှာ Support ရမလည်းဆိုတာကတော့ App Developers တွေအပေါ်ပဲ မူတည်ပါတယ်။

                လုပ်ဆောင်ချက်အပြည့်အစုံအသုံးပြုနိုင်တဲ့ Bixby ကို မြင်တွေ့ရဖို့ကတော့ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ထိ စောင့်ရဖွယ်ရှိပြီး၊ နောက်ပိုင်းမှာ German ဘာသာစကားအပြင် တခြား ဘာသာစကားအမျိုးမျိုးနဲ့ပါ အသုံးပြုလာနိုင်မှာဖြစ်တယ်လို့ Samsung က ပြောကြားထားပါတယ်။ Samsung Call Center ကို မေးမြန်းချက်အရတော့ အင်္ဂလိပ်ဘာသာစကားနဲ့ အသုံးပြုနိုင်ပေမယ့် မြန်မာဘာသာနဲ့ အသုံးပြုနိုင်ဖို့တော့ မရှိဘူးလို့ သိရပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Samsung Artificial Intelligence Digital Assistant Samsung Galaxy S8 Intelligent Digital Assistant Bixby Samsung Bixby
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed