MWC 2018 မှာ မြင်တွေ့နိုင်ဖွယ်ရှိတဲ့ Mi Mix 2S ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပေါက်ကြား

date_range 14 February 2018

MWC 2018 မှာ မြင်တွေ့နိုင်ဖွယ်ရှိတဲ့ Mi Mix 2S ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပေါက်ကြား

visibility 640 Views

                ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် Moblie World Congress (MWC) 2018 ကျင်းပတော့မယ့် နေ့ရက်ကို ရောက်ရှိဖို့အတွက် ရက်သတ္တပတ် အနည်းငယ်သာ လိုပါတော့တယ်။ ဒီပွဲမှာ Xiaomi အနေနဲ့ Mi Mix 2 ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်း Mi Mix 2S ကို မိတ်ဆက်ပေးမယ့် အလားအလာတွေ ရှိနေပြီး ဒီနေ့မှာတော့ Mi Mix 2S ရဲ့ ဒီဇိုင်းနဲ့ Specifications အချို့လည်း ထပ်မံ ထွက်ပေါ်လာပြန်ပြီ ဖြစ်ပါတယ်။


                Mi Mix 2S ရဲ့ ဒီဇိုင်းနဲ့ Specification တစ်ချိူ့ ပါဝင်တဲ့ ဓာတ်ပုံ ၃ ပုံဟာ Weibo ကနေ တစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပြီး Mi Mix 2 ထက် Bezel တွေ နည်းသွားတဲ့အပြင် ဒီဇိုင်းပိုင်းလဲ အများကြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ Key Features တွေ ပါဝင်တဲ့ Schematic ဓာတ်ပုံတစ်ပုံအရ Mi Mix 2S ရဲ့ Display ကို Full Screen Display Version 3.0 နည်းပညာ နဲ့ ပြုလုပ်ထားနိုင်ဖွယ် ရှိပြီး ကိုယ်ထည်ပိုင်းကိုတော့ Four-sided Curved Ceramic Unibody ကို အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။

                Qualcomm ရဲ့ Latest Processor ဖြစ်တဲ့ Snapdragon 845 SoC နဲ့ ပွဲထွက်လာနိုင်ပြီး 8GB LPDDR4X RAM ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ Internal Storage အနေနဲ့ 256GB ထိ ပါဝင်လာဖွယ်ရှိပြီး 12 Megapixels Camera ၂ လုံးကို ကျောဘက်မှာ Dual Camera Setup အနေနဲ့ တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Mi Mix 2S က Xiaomi ရဲ့ ပထမဆုံး Under Display Fingerprint Sensor သုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။


                ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေအရ Mi Mix 2 မှာတုန်းက Front Facing Camera ကို ဖုန်းရဲ့အောက်ခြေ ညာဘက်ထောင့်မှာ ထားခဲ့တာပေမယ့် Mi Mix 2S မှာတော့ ဖုန်းရဲ့အပေါ်ဘက် ညာဘက်ထောင့်မှာ ပြောင်းလဲ ထားတာကို တွေ့ရပါတယ်။ Xiaomi အနေနဲ့ Mi Mix 2S ကို MWC 2018 ပွဲမှာ တရားဝင် မိတ်ဆက်သွားနိုင်ပြီး မတ်လထဲမှာ တရားဝင် ရောင်းချသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ ကန်ဒေါ်လာ ၆၃၂ ဒေါ်လာ ( မြန်မာငွေ ၈၄၀,၀၀၀ ဝန်းကျင်) ကျသင့်နိုင်ဖွယ် ရှိနေပြီး Mi 7 ကိုလည်း ဧပြီလ ဒါမှမဟုတ် မတ်လ လောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphone Leaks Rumors Leaks Mi MIX 2 Mi MIX Mi MIX 2s
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed