ဧပြီလမှာ မိတ်ဆက်ပေးသွားနိုင်တဲ့ Mi 7 ရဲ့ Hardware Specifications တချိူ့ ပေါက်ကြား

date_range 13 February 2018

ဧပြီလမှာ မိတ်ဆက်ပေးသွားနိုင်တဲ့ Mi 7 ရဲ့ Hardware Specifications တချိူ့ ပေါက်ကြား

visibility 2080 Views

                Xiaomi အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Flagship Smartphone ဖြစ်တဲ့ Xiaomi Mi 7 ကို ဒီလ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် MWC 2018 မှာ Mi 7 ကို မိတ်ဆက်မယ့်အစား Mi Mix 2s ကိုသာ မိတ်ဆက်နိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုနေကြပါတယ်။ Xiaomi Mi 7 ကို ဒီလထဲမှာ မမြင်တွေ့နိုင်ပေမယ့်လဲ ဧပရယ်လ ဒါမှမဟုတ် မေလလောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။


                ဒီနေ့မှာတော့ Mi 7 ရဲ့ Specifications တချိူ့ ပါဝင်တဲ့ Screenshot ဓာတ်ပုံတစ်ပုံဟာ PlayfulDroid ကနေတစ်ဆင့် ပေါက်ကြားခဲ့ပါတယ်။ Screenshot ထဲမှာ ပါဝင်တဲ့ Hardware Specification တွေအရ Xiaomi Mi 7 ဟာ Qualcomm ရဲ့ Snapdragon 845 SoC နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ RAM 8GB/ Internal Storage 128GB မော်ဒယ်နဲ့ RAM 6GB/ Internal Storage 64GB မော်ဒယ်ဆိုပြီး ၂ မျိူး ထုတ်လုပ်ရောင်းချသွားဖွယ် ရှိပါတယ်။

                ကင်မရာ အပိုင်းမှာတော့ ကျောဘက်မှာ 16 Megapixels Camera ၂ လုံးကို တပ်ဆင်ထားနိုင်ဖွယ်ရှိပြီး Dual Camera Setup ကို AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့အတွက် ကြယ်တာရာတွေကိုပါ ဓာတ်ပုံရိုက်ကူးနိုင်မယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ Display အပိုင်းမှာတော့ ၅.၆၅ လက်မ မျက်နှာပြင်အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားနိုင်ဖွယ်ရှိပြီး Resolution ကတော့ 1080x2160 Pixels ရှိနိုင်ပါတယ်။

                အစောပိုင်း ထွက်ရှိထားတဲ့ ကောလဟလတွေအရ Mi 7 ကို ၆ လက်မ အကျယ် မျက်နှာပြင်အကျယ်ရှိ Display နဲ့လဲ မြင်တွေ့နိုင်ဖွယ် ရှိတဲ့အတွက် Mi 7 နဲ့ Mi 7 Plus ဆိုပြီး ၂ မျိူး ထုတ်လုပ်ရောင်းချသွားဖွယ် ရှိပါတယ်။ Xiaomi ပရိသတ်တော်တော်များများက Mi 6 ပြီးရင် ထုံးစံအတိုင်း Mi 6 Plus ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့်၊ Mi 6 မှာ အသုံးပြုခဲ့တဲ့ Snapdragon 835 Processor ဟာ အဲဒီအချိန်တုန်းက စျေးကွက်ထဲမှာ ဝယ်လိုအားမြင့်တက်နေတဲ့အတွက် လိုအပ်တဲ့ ပမာဏကို ရရှိနိုင်ဖွယ် မရှိတာကြောင့် Mi 6 Plus ကို မထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်လို့ Snapdragon 845 Processor ထုတ်လုပ်မှု ပမာဏသာ များပြားခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Mi 7 နဲ့ Mi 7 Plus တို့ကို တစ်ချိန်တည်း မြင်တွေ့ရဖွယ် ရှိပါတယ်။ 

                ဘက်ထရီ သိုလှောင်မှု ပမာဏမှာတော့ မှာတော့ 4480mAh အထိ ပါဝင်လာနိုင်ဖွယ်ရှိပြီး Fast Charging Support လဲ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Xiaomi ဖုန်းတွေထဲမှာ Mi 7 က ပထမဆုံးအနေနဲ့ Wireless Charging ကို Support လုပ်နိုင်မယ့် ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ် ရှိပြီး Face Unlock Feature လဲ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ Sceenshot မှာ တွေ့မြင်ရတဲ့အတိုင်း MIUI 9 Developer ROM Version 8.1.30 နဲ့ ဖြစ်တဲ့အတွက် Xiaomi ရဲ့ Latest Stable Version ဖြစ်တဲ့ MIUI 9 နဲ့ပဲ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

                ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Mi 7 ဟာ Snapdragon 845 SoC ကို အသုံးပြုထားတဲ့ ပထဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါ့ပေမယ့် Mi 7 ကို ဧပရယ်လ ဒါမှမဟုတ် မေလလောက်မှာ မြင်တွေ့နိုင်ဖွယ် ရှိတဲ့အတွက် Mi Mix 2s ကသာ Snapdragon 845 SoC အသုံးပြုတဲ့ ပထဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ Mi 7 ရဲ့ စျေးနှုန်းကတော့ ကန်ဒေါ်လာ ၄၀၈ ဒေါ်လာ (မြန်မာငွေ ၅၅၀,၀၀၀ ကျပ် ဝန်းကျင်)၊ Mi 7 Plus က ကန်ဒေါ်လာ ၄၅၄ ဒေါ်လာ (မြန်မာငွေ ၆၀၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်နိုင်မယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphone Leaks Rumors Snapdragon 845 Leaks Mi 7 Mi MIX 2s Mi 7 Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed