Oreo Update ရရှိမယ့် Galaxy Smartphones, Tablets စာရင်းနဲ့အတူ အသစ်ထွက်ရှိလာမယ့် Galaxy Smartphones, Tablets တွေနဲ့ ပက်သတ်တဲ့ အချက်အလက်များ ပေါက်ကြား

date_range 05 February 2018

Oreo Update ရရှိမယ့် Galaxy Smartphones, Tablets စာရင်းနဲ့အတူ အသစ်ထွက်ရှိလာမယ့် Galaxy Smartphones, Tablets တွေနဲ့ ပက်သတ်တဲ့ အချက်အလက်များ ပေါက်ကြား

visibility 2520 Views

                နှစ်စဉ်နှစ်တိုင်း စမတ်ဖုန်း အမျိုးအစား အများအပြားကို မိတ်ဆက်ပေးလေ့ရှိတဲ့ Samsung အနေနဲ့ ယခုနှစ် အစပိုင်းမှာ Galaxy J2 Pro (2018) ကို မိတ်ဆက်ပေးခဲ့သလို ယခုလ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ကျင်းပမယ့် Mobile World Congress (MWC) 2018 မှာလည်း Galaxy S9 နဲ့ Galaxy S9+ Flagship စမတ်ဖုန်း နှစ်လုံးကို မိတ်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုပေးခဲ့ပါတယ်။

                စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ HTC, Motorola, Nokia, OnePlus စတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ Android 8.0 Oreo Update ကို သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပေမယ့်လည်း Samsung ကတော့ လက်ရှိအချိန်ထိ ၂၀၁၇ ထုတ် Flagship စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy S8, Galaxy S8+, Galaxy Note 8 တို့အတွက်တောင် Android 8.0 Oreo Update ကို ထုတ်လုပ်ပေးခဲ့ခြင်း မရှိသေးပါဘူး။

                အခုအခါမှာတော့ XDA Developers ရဲ့ ဖေါ်ပြချက်များအရ Galaxy Note 8 အတွက် ထုတ်လုပ်ပေးသွားမှာ ဖြစ်တဲ့ Android 8.0 Oreo Beta Build ပေါက်ကြားသွားခဲ့ရာက တစ်ဆင့် Android 8.0 Oreo Update ရရှိမယ့် Galaxy Smartphones, Tablets စာရင်းနဲ့အတူ အသစ်ထွက်ရှိလာမယ့် Galaxy Smartphones, Tablets တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေပါ ပေါက်ကြားသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

                Samsung Galaxy Series စမတ်ဖုန်းတွေထဲက Android 8.0 Oreo ရရှိမယ့် စမတ်ဖုန်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Galaxy Note 8
  • Galaxy Note FE
  • Galaxy W2018
  • Galaxy S8+
  • Galaxy S8
  • Galaxy S8 Active (Snapdragon)
  • Galaxy S7
  • Galaxy S7 Edge
  • Galaxy A8 (2018)
  • Galaxy A8+ (2018)
  • Galaxy A3 (2017)
  • Galaxy A5 (2017)
  • Galaxy A7 (2017)
  • Galaxy A8 (2016)
  • Galaxy J7 (2017)
  • Galaxy J7 Prime (2017)
  • Galaxy J7+ (2017)
  • Galaxy J7 Duos (2017)
  • Galaxy J7 Max (2017)
  • Galaxy J7 Neo (2017)
  • Galaxy J5 (2017)
  • Galaxy J3 (2017)

                Android 8.0 Oreo Update ရရှိမယ့် Samsung Galaxy Series Tablets တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Galaxy Tab S3 SM-T825 (2017)
  • Galaxy Tab A 8.0 SM-T380/T385 (2017)
  • Galaxy Tab Active 2 (2017)
  • Galaxy Tab A 10.1 SM-T580 (2016)
  • Galaxy Tab E 8.0 (2016)
  • Galaxy Tab A 8.0 SM-T355 (2015)

                Galaxy C9 Pro, Galaxy C7 Pro, Galaxy J7 Pro, Galaxy J5 Pro, Galaxy S7 Active စတဲ့ စမတ်ဖုန်းတွေ အနေနဲ့ အထက်ပါ စာရင်းမှာ မပါဝင်ပေမယ့် Android 8.0 Oreo Update ကို ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး အချို့သော Mid-Range Phone တွေ၊ Low-End ဖုန်းတွေကတော့ ယခုနှစ် အတွင်းမှာ Android 8.0 Oreo Update ကို ရရှိနိုင်ခြေမရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

                လက်ရှိအချိန်မှာ Samsung အနေနဲ့ Android 8.0 Oreo Update ရရှိမယ့် စမတ်ဖုန်း စာရင်းကို တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် မကြာမီအချိန်အတွင်းမှာ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတို့အတွက် Android 8.0 Oreo Update ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်တာကြောင့် Oreo Update ရရှိနိုင်တဲ့ စမတ်ဖုန်း နဲ့ Tablet စာရင်းကို မကြာမီ အချိန်အတွင်းမှာ ထုတ်ပြန်ကြေငြာ လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                ၂၀၁၈ အတွင်းမှာ မိတ်ဆက်လာနိုင်တဲ့ Samsung Galaxy Series စမတ်ဖုန်းနဲ့ Tablets စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

CodenamesActual Names (Speculated)
AstarqlteSamsung Galaxy S9 Active (Snapdragon)
C10lteSamsung Galaxy C10
C10plteSamsung Galaxy C10 Plus
Crown Samsung Galaxy Note 9
Degasy 18wifiPossibly Samsung Galaxy Tab 4 2018 Refresh
GrandppirislteSamsung Galaxy Grand Prime Plus Refresh With Iris Scanner
GtaxladUnknown
Gta2xlSamsung Galaxy Tab A 10.1 2018
Gtesy 18lteSamsung Galaxy Tab E 2018
Gts4llteSamsung Galaxy Tab S4
J2y18lteSamsung Galaxy J2 2018
J3neolteSamsung Galaxy J3 Neo
J3topelteSamsung Galaxy J3 (2018)
J4lteSamsung Galaxy J4
J6lteSamsung Galaxy J6
J7topelteSamsung Galaxy J7 (2018)
J7toplteSamsung Galaxy J7 Variant
J8lteSamsung Galaxy J8
LugelteUnknown
StarSamsung Galaxy S9
Star2Samsung Galaxy S9+

                အသစ်ထွက်ရှိလာနိုင်ခြေရှိတဲ့ Galaxy C10 နဲ့ Galaxy C10 Plus စမတ်ဖုန်းတွေမှာ Snapdragon 660 Chipset ကို အသုံးပြုလာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် စာရင်းထဲမှာ Galaxy J Series စမတ်ဖုန်းတွေ ပါဝင်လာခဲ့ပေမယ့် Galaxy J5 (2018) စမတ်ဖုန်းတော့ ပါဝင် လာခဲ့ခြင်း မရှိသေးပါဘူး။

                ပြီးခဲ့တဲ့ CES 2018 မှာ ကွေးနိုင်ခေါက်နိုင်တဲ့ Foldable စမတ်ဖုန်းကို တိတ်တဆိတ် ပြသသွားခဲ့တဲ့ အပြင် ၂၀၁၈ ခုနှစ်ထဲမှာ Foldable OLED Smartphone တွေကို မိတ်ဆက်ပေးသွားမယ်လို့ Samsung အနေနဲ့ အတည်ပြုပေးထားတာကြောင့် Samsung အနေနဲ့ ယခုနှစ်ထဲမှာ Foldable စမတ်ဖုန်းကိုလည်း မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
XDA Developers GizMoChina GizMoChina
About Author
Assinged Tags
Android Smartphones Samsung Galaxy Tablet Android Tablet Android Smartphones Android Oreo Android Oreo Beta
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed