iOS 12 မှာ Feature သစ်တွေ ထည့်သွင်းပေးဖို့ထက် Realiability ပိုင်းနဲ့ Performance ပိုင်းကိုပဲ ဦးစားပေးသွားမယ့် Apple

date_range 31 January 2018

iOS 12 မှာ Feature သစ်တွေ ထည့်သွင်းပေးဖို့ထက် Realiability ပိုင်းနဲ့ Performance ပိုင်းကိုပဲ ဦးစားပေးသွားမယ့် Apple

visibility 780 Views

                iPhone ဆယ်နှစ်ပြည့်ထုတ် iPhone X နဲ့အတူ ဖွားဖက်တော် iOS 11 ကလည်း အရင်ကနဲ့မတူတော့ပဲ iPhone X နဲ့ iPad ကို ဦးစားပေးထားတဲ့ Feature တွေ အများကြီး ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Android ကို မှီချင်စောနဲ့ Feature တွေ အများကြီး မနိုင်မနင်း ထည့်သွင်းခဲ့တဲ့အတွက် Performance လည်း ကျဆင်းသွားသလို Bug တွေလည်း များခဲ့ပါတယ်။

                ဒါကြောင့် Apple အနေနဲ့ iOS 12 မှာ iOS 11 မှာလိုမျိုး Feature သစ်တွေ ထည့်သွင်းပေးဖို့ကို ဦးစားပေးတော့မှာ မဟုတ်ပဲ iOS ကို iOS လိုမျိုး ပြန်ဖြစ်သွားစေဖို့အတွက် Realiability ပိုင်းနဲ့ Performance ပိုင်းကိုပဲ ဦးစားပေးပြီး ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

                ဒီသတင်းကိုတော့ Axios က Report လုပ်ခဲ့တာဖြစ်ပြီး Report ထဲမှာတော့ Apple ရဲ့ Craig Federighi က Software Engineering ဌာနက ဝန်ထမ်းတွေကို iOS 12 အတွက် ဘာပြုပြင်မှုတွေ လုပ်သွားမလဲဆိုတဲ့ အစီအစဉ်ကို ဒီလအစောပိုင်းလောက်တုန်းက ကြေငြာပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

                Axios ရဲ့ အဆိုအရ iOS 12 မှာ Home Screen ဒီဇိုင်းကို ပြောင်းလဲသွားမှာဖြစ်ပြီး Stock-Apps တွေကိုလည်း Update ပြုလုပ်သွားမယ်လို့ သိရပါတယ်။ နောက်ပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ လုပ်ဆောင်ရတဲ့ Process တွေအကုန်လုံးကိုလည်း ပိုမိုကောင်းမွန် မြန်ဆန်လာအောင် ပြုပြင်သွားမယ့်အပြင် ထုံးစံအတိုင်း AR နဲ့ ကျန်းမာရေးဆိုင်ရာ Feature တွေသစ်တွေလည်း ပါဝင်ဦးမှာပါ။

                နောက်ပြီး ဒီဇင်ဘာလကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ သတင်းအတိုင်းပဲ iOS 12 မှာ iOS App တွေနဲ့ Mac App တွေကို ပေါင်းစပ်အသုံးပြုနိုင်မယ့် Feature ကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါသေးတယ်။ ကျွမ်းကျင်သူများကတော့ iOS 12 မှာ Realiability ပိုင်းနဲ့ Performance ပိုင်းကိုပဲ ဦးစားပေးလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောနေကြပါတယ်။

                iOS 12 လို့သာ ခေါ်နေရတာပါ။ တကယ်ထွက်လာမယ့် အချိန်ကျရင် နာမည်က တစ်မျိုးပြောင်းချင် ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် Apple ထုံးစံအရ ဆိုရင်တော့ မျိုးဆက်သစ် iOS ကို iOS 12 လို့ပဲ ခေါ်ဖို့များပါတယ်။ iOS 12 ကိုတော့ ထုံးစံအတိုင်း ဒီနှစ် WWDC 2018 မှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

References
The Verge
About Author
Assinged Tags
iOS iOS 11 Apple iOS 12
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed