Instagram မှာ ပုံ ၁၀ ပုံ အထိ တပြိုင်တည်းတင်နိုင်ပြီ

date_range 23 February 2017

Instagram မှာ ပုံ ၁၀ ပုံ အထိ တပြိုင်တည်းတင်နိုင်ပြီ

visibility 90 Views

                အသစ်ထွက်လာတဲ့ Instagram update မှာ အရင်လို ပုံတစ်ပုံချင်းစီ တင်နေစရာမလိုတော့ဘဲ ပုံ ၁၀ ပုံအထိ ပို့စ်တစ်ခုတည်းမှာ တပြိုင်တည်းတင်နိုင်ပြီဖြစ်ပါတယ်။

                ဓာတ်ပုံတွေတင်မဟုတ်ဘဲ၊ ဗီဒီယို ၁၀ ခုအထိ တပြိုင်တည်းတင်နိုင်ပြီး၊ Instagram feed မှာပေါ်တဲ့အခါ ပုံတစ်ပုံချင်းစီကို ဘေးဆွဲပြီးကြည့်နိုင်မှာပါ။

                ဒီလိုပို့စ်တစ်ခုတည်းမှာ ပုံ၊ဗီဒီယိုအများကြီးပေါင်းတင်နိုင်တဲ့ feature ကို အရင်က စီးပွားရေးလုပ်ငန်း၊ကြော်ငြာရှင်တွေပဲ ရခဲ့တာဖြစ်ပေမယ့်၊ အခုအခါ လူတိုင်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

                ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင် မိမိဖုန်းထဲက Instagram App ကို Play Store နဲ့ iOS App Store တို့မှာ Update သွားလုပ်ပေးဖို့လိုအပ်ပြီး၊ App version 10.9 ဖြစ်ပါတယ်။

                လောလောဆည် ကျနော်တို့စမ်းသပ်ကြည့်ရာမှာတော့ ဒီ Feature အသစ်မရသေးတာတွေ့ရတာကြောင့်၊ အခုလက်ရှိ Update လုပ်ပြီးတာတောင်မရသေးတဲ့လူတွေအနေနဲ့ ခါတိုင်းလိုပဲ ရက်အနည်းငယ်လောက် စောင့်ရဖွယ်ရှိပါတယ်။

                တကယ်လို့ ဒီ Feature ရနေပြီဆိုရင်၊ Instagram မှာ အရင်လိုပုံတင်နေကြအတိုင်း အောက်ဆုံးက အပေါင်း icon လေးကိုသွားလိုက်ရင် အပေါ်ဆုံးပုံလေးမှာ Multiple Photos ပုံစံအသစ်လေး တွေ့ရမှာပါ။ ဒီအခါ အရင်လိုပုံတစ်ပုံချင်းနှိပ်တင်စရာမလိုတော့ဘဲ၊ ကိုယ့်စိတ်ကြိုက်ပုံ ၁၀ ပုံအထိ တပြိုင်နက်တင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကြိုက်သလောက် လေးပုံပဲ တင်မယ်ဆိုလည်းရပါတယ်။ ဒီနည်းအတိုင်းတင်လိုက်ပြီဆိုရင် ပုံရဲ့အောက်မှာ အပြာရောင်အစက်လေးတွေတွေ့မြင်ရမှာဖြစ်ပြီး၊ ပုံထပ်ကြည့်ချင်တဲ့လူက ဘေးကို Swipe ဆွဲပြီးကြည့်နိုင်ပါတယ်။


                ပုံပေါ်မယ့် Order ကိုရွေးပေးနိုင်သလို၊ တစ်ပုံချင်းစီမှာလည်း သူငယ်ချင်းတွေကို Tag လုပ်နိုင်မှာပါ။ ဒါပေမယ့် ပို့စ်တစ်ခုလုံးအတွက် Caption နဲ့ Location ကတော့ တစ်ခုပဲထားလို့ရမှာပါ။

                Instagram သုံးနေကြလူဆိုရင် ဒီ Feature အသစ်က Instagram Stories နဲ့ ဆင်တူတယ်ဆိုတာ သတိထားမိမှာပါ။ မတူတာဆိုလို့ Stories လို ၂၄ နာရီကျော်ရင် ပျောက်သွားမှာမဟုတ်တာရယ်၊ Love တွေ Comment တွေ ပေးနိုင်တာရယ်ပဲရှိပါတယ်။


References
Instagram Blog
About Author
Assinged Tags
Android Applications iOS Instagram Photos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed