အသံစာရိုက်စနစ်၊ Google Doodles နဲ့ ဘာသာစကား ၁၅ မျိုးအသစ်ပါဝင်လာတဲ့ Gboard for iOS

date_range 23 February 2017

အသံစာရိုက်စနစ်၊ Google Doodles နဲ့ ဘာသာစကား ၁၅ မျိုးအသစ်ပါဝင်လာတဲ့ Gboard for iOS

visibility 830 Views

                ယနေ့အသစ်ထွက်ရှိလာတဲ့ iOS အတွက် Gboard keyboard app မှာ အသံစာရိုက်စနစ်အပြင်၊ ဘာသာစကားအသစ် ၁၅ မျိုးနဲ့ Google Doodles တို့ပါဝင်လာပါပြီ။

                လွန်ခဲ့တဲ့နှစ်၊ မေလအတွင်း iOS user တွေအတွက် Google က စတင်ထုတ်ပေးခဲ့တဲ့ Gboard app ဟာ ကီးဘုတ်ကနေတင် အင်တာနက်ရှာဖွေနိုင်မှု၊ GIF နဲ့ emoji တွေ ရှာဖွေနိုင်မှုကြောင့် လူကြိုက်များခဲ့တဲ့ ကီးဘုတ်အက်ပလီကေးရှင်းတစ်ခုပါ။

                အခုအခါ Google အနေနဲ့ Gboard မှာ နောက်ထပ်လူကြိုက်မယ့်စွမ်းဆောင်ရည်တစ်ခု ထပ်မံထည့်ပေးလိုက်ပြန်ပါပြီ။ ဒါကတော့ အသံစာရိုက်စနစ်ဖြစ်ပြီး၊ လူကိုယ်တိုင်လက်နဲ့ ကီးဘုတ်မှာ ပြောချင်တဲ့စကားတွေ ရိုက်ထည့်နေစရာမလိုတော့ဘဲ၊ ဘေးနားက မိုက်ခရိုဖုန်းပုံလေးကို ဖိနှိပ်ထားလိုက်ရုံနဲ့ အသံနဲ့တင် စာရိုက်နိုင်ပြီဖြစ်ပါတယ်။ 

                Voice Typing မှာ အဆင့်မြင့်အသံမှတ်သားတဲ့စနစ်ပါဝင်တာကြောင့် စကားလုံးအမှားအယွင်းတော်တော်လေး နည်းပါတယ်။ 

                အသံနဲ့စာရိုက်တဲ့စနစ်အပြင် iOS အတွက် Gboard app မှာ လက်တင်အမေရိကစပိန်ဘာသာစကား၊ ရုရှား၊ ခရိုအေးရှား၊ ချက်၊ ဒိန်းမတ်၊ ဒတ်ခ်ျ၊ ဖင်လန်၊ တူရကီနဲ့ ဂရိဘာသာစကားတွေ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။
နောက်ထပ် Features အသစ်တွေကတော့ iOS 10 မှာပါဝင်လာတဲ့ Emoji အသစ်တွေပါဝင်လာတာနဲ့ Google Doodles တို့ ဖြစ်ပါတယ်။

                Google Doodles အလုပ်လုပ်ပုံကတော့ Google ကနေ Google Search ပင်မစာမျက်နှာမှာ အထိမ်းအမှတ်နေ့တစ်ခုခုအတွက် ဂုဏ်ပြု Doodle အသစ်တစ်ခု တင်လိုက်ပြီဆိုတာနဲ့၊ Gboard အသုံးပြုသူက ကီးဘုတ်ထဲက “G” စာလုံးပုံစံလေးကို နှိပ်ပြီး ကြည့်နိုင်မှာဖြစ်ပါတယ်။ Doodle နဲ့ ပတ်သတ်ပြီး သက်ဆိုင်တဲ့သတင်းအကြောင်းအရာကိုလည်း ထပ်မံဖတ်ရှုနိုင်မှာပါ။

                Gboard for iOS ကို ယခု iTunes လင့်ခ်ကနေ သွားရောက်ရယူနိုင်ပါတယ်။

References
Venture Beat
About Author
Assinged Tags
Google Applications iOS Gboard Keyboard Apps Google Doodles Download App Store
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed