“I” အစား “A[?]” လို့  iOS မှာ Auto-Correct ပြုလုပ်မိခဲ့တဲ့အတွက် Apple ကို Ohio တက္ကသိုလ်မှ စ နောက်ခဲ့ကြ

date_range 13 November 2017

“I” အစား “A[?]” လို့ iOS မှာ Auto-Correct ပြုလုပ်မိခဲ့တဲ့အတွက် Apple ကို Ohio တက္ကသိုလ်မှ စ နောက်ခဲ့ကြ

visibility 1660 Views

                လွန်ခဲ့တဲ့ ရက်သတ္တပတ်ခန့်က iOS 11 မှာ Auto-Correct Bug တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ iOS Keyboard နဲ့ “i” ကို ရိုက်မရတော့ဘဲ “A[?]” ကြီးပဲ ပြသနေတဲ့ပြဿနာပါ။ ဒီပြဿနာကို Apple ကနေပြီးတော့ iOS 11.1.1 System Update ထုတ်လုပ်ပြီး ဖြေရှင်းပေးခဲ့ ပြီးပါပြီ။ ဒါပေမယ့်လည်း အင်တာနက်ပေါ်မှာတော့ Apple ကို စ နောက်တာတွေကဟာ ရပ်တန့်မသွားခဲ့ပါဘူး။

                အခုအခါမှာလည်း Ohio Stadium မှာကျင်းပခဲ့တဲ့ American Football ကစားပွဲတစ်ခုမှာလည်း Ohio တက္ကသိုလ်ဘက်မှ ပရိသတ်တွေက O-H-I-O လို့အော်ဟစ်ပြီး အားပေးတဲ့အချိန်မှာ အချို့ပရိသတ်တွေက “I” လို့အော်တဲ့အချိန်မှာ “A[?]” ဆိုပြီး ကတ်တွေနဲ့ သရုပ်ဖော်ပြသခဲ့ပါတယ်။ (သရုပ်ဖော်ပြသခဲ့တဲ့ Video နဲ့ ဓာတ်ပုံကိုတော့ အောက်က Tweet တွေမှာ ကြည့်ရှုနိုင်ပါတယ်)

                Apple အနေနဲ့လည်း iOS 11.1.1 System Update မှာ Auto-Correct ပြဿနာအပြင် “Hey Siri!” အလုပ်မလုပ်တော့တဲ့ ပြဿနာကိုပါ ဖြေရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် iOS ဟာ လူအတော်များများစိတ်ဝင်စားမှုကိုခံရတဲ့ Mobile OS တစ်ခုဖြစ်နေတာကြောင့် ဒီလိုမျိုး စ နောက်ခံခဲ့ရတယ်ဆိုတာတော့ မှားမယ်မထင်ပါဘူး။

References
The Verge
About Author
Assinged Tags
iOS iOS 11 Apple Auto Correct
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed